(၁၃-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Pinterest

ကလော့ – လီဗာပူးအသင်းနည်းပြ ကလော့ပ်က မိမိအနေနဲ့ လီဗာပူးအသင်းရဲ့ အဓကကစားသမား ဆာလက်အနေနဲ့ လီဗာပူးကနေ ထွက်ခွာမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကလော့ပ်က ဆာလက်အနေနဲ့ အသင်းမှာ ဆက်ရှိနေမယ်ဆိုသေချာကြောင်း ဒါကိုလည်း မိမိအနေနဲ့ ယုံကြည်ကြောင်းဆိုပါတယ်။

ဂျိမ်းစ်ဗာဒီ – လက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂျိမ်းစ်ဗာဒီဟာ မတ်လအတွက် အကောင်းဆုံးဂိုးသွင်းယူသည့် ကစားသမားဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။ ဗာဒီဟာ ပြိုင်ဘက်ကစားသမားတွေဖြစ်တဲ့ ဂါဘရီယယ်ဂျီးဆပ်နဲ့ ရက်ရှ်ဖို့တို့ရဲ့ ဂိုးတွေကို ကျော်လွန်ပြီး အခုလို ရွေးချယ်ခံခဲ့ရတာပါ။ ဗာဒီဟာ မတ်လ (၁၀)ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းကို (1-4)နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ယင်းဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဂါရက်ဘေးလ် – ရီးယဲအသင်းမှာ နည်းပြဇီဒန်းနဲ့ ဆက်ဆံရေး အဖုအထစ်တွေရှိနေတဲ့ ဂါရက်ဘေးဟာ နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ ဘေးကို ခေါ်ယူဖို့ မန်ယူအသင်းကလည်း စိတ်ဝင်စားနေပြီး လက်တလော ထွက်ပေါ်လာတဲ့သတင်းတွေအရ အင်တာမီလန်၊ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးတို့ကလည်း ဘေးကို ခေါ်ယူလိုနေကြောင်း သိရပါတယ်။

READ
ပေါ့ဘာကြိုးစားဖို့လိုနေသေးတဲ့အရာတစ်ခုကို ထောက်ပြခဲ့တဲ့ ပေါလ်စခိုးလ်
Daily Mirror

မိုနာကို – ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်ကစားသမား ဘာကာယိုကို,ကို အသင်းဟောင်းဖြစ်တဲ့ မိုနာကိုက ပြန်လည်ခေါ်ယူလိုနေကြောင်း သိရပါတယ်။ ဘာကာယိုကိုဟာ ချယ်လ်ဆီးအသင်းမှာ လူစားဝင်ကစားသမားအဖြစ်သာ ပွဲထွက်ခွင့်ရခဲ့လို့ ကိုယ်တိုင်ကလည်း အသင်းပြောင်းလိုနေကြောင်း သိရပါတယ်။

PSG – ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ ဂိုးသမား ကော်တွိုက်ကို ခေါ်ယူဖို့ အခုအခါမှာ ပွင့်လင်းစွာဆွေးနွေးနေပြီဖြစ်ကြောင်း သိရပါတယ်။ ကော်တွိုက်ဟာ နောက်ပိုင်းအချိန်တွေမှာ ချယ်လ်ဆီးနဲ့ အဆင်မပြေဖြစ်ခဲ့ရသူဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရမှုမှာ အဓိက တာဝန်ရှိသူလို့ အများက ထင်မှတ်ခြင်းခံနေရပါတယ်။

Mirror

အာဆင်နယ် – ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ဗိုလ်ဆွဲဖို့ ရေပန်းအစားဆုံး အသင်းဖြစ်ပေမယ့် ဆီမီဖိုင်နယ်မဲခွဲမှုမှာ အသလက်တီကိုအသင်းကို ရှောင်လွှဲနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ယခုအဆင့်မှာ အာဆင်နယ်အသင်းဟာ အင်အားအကောင်းဆုံးဖြစ်ပြီး ဒုတိယဗိုလ်ဆွဲဖို့ရေပန်းစားနေတဲ့ အသင်းကတော့ အသလက်တီကိုအသင်းဖြစ်ပါတယ်။

Daily Mirror

ဂျိုယေးဘာတန် – တစ်ချိန်က ဘောလုံးလူကြမ်းမင်းသားအဖြစ် လူသိများခဲ့တဲ့ မန်စီးတီး၊ နယူးကာဆယ်၊ QPR ကစားသမားဟောင်း ဂျိုးယေးဘာတန်ဟာ ဘောလုံးပွဲတွေအပေါ် လောင်းကစားလုပ်မှုနဲ့ပတ်သက်ပြီး ပွဲပယ်ပြစ်ဒဏ် (၁၄)လအထိ ချမှတ်ခံခဲ့ရသူပါ။ အခုအခါမှာတော့ သူဟာ ပြစ်ဒဏ်ကနေ စေ့ပြီမို့ ဘောလုံးလောကကို ထပ်မံကြင်လည်တော့မှာ ဖြစ်ပါတယ်။ ဘာတန်ကို နော့ကောင်တီအသင်းက ယခုနှစ်နွေရာသီမှာ အလိုရှိနေပါတယ်။

READ
(၁-၆-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဟယ်ရီကိန်း – စပါးအသင်းနည်းပြ ပိုချက်တီနိုက မိမိတို့ကစားသမား ဟယ်ရီကိန်းဟာ သတင်းစာတွေကနေ သူ့ကို တိုက်ခိုက်ဝေဖန်နေလို့ အတော်လေး စိတ်မချမ်းမမြေ့ဖြစ်နေရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ စတုတ်အသင်းဘက်ကို သွင်းယူခဲ့တဲ့ဒုတိယဂိုးမှာ မိမိသွင်းယူခဲ့တာဖြစ်ကြောင်း၊ ဘောလုံးကို မိမိက ထိမိခဲ့ကြောင်း FA ကို အကြောင်းကြားခဲ့ပါတယ်။

FA ကလည်း ကနဦးတုန်းက ဂိုးသွင်းသူနေရာမှာ အဲရစ်ဆင်ကို ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာ အဆိုပါဂိုးကိုသွင်းသူမှာ ဟယ်ရီကိန်းဖြစ်ကြောင်း ပြောင်းလဲသတ်မှတ်ခဲ့ရာ မီဒီယာတွေက ဟယ်ရီကိန်းကို ဂိုးသူခိုးလို့ စွပ်စွဲရေးသားခဲ့ကြပါတယ်။ ဟယ်ရီကိန်းဟာ အဓိကပြိုင်ဘက်ဖြစ်သူ ဆာလက်ကိုကျော်ပြီး ဂိုးအများဆုံးရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ဖို့ မှန်းဆနေပါတယ်။

နတ်စည်တော် (Shwemom)

Fef : thesun.co.uk
Fef : skysports.com
Fef : metro.co.uk

SHARE