(၁၄-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဒန်းနစ်စ်ဝိုက်စ် – အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ အသလက်တီကိုအသင်းနဲ့ တွေ့ဆုံနေပေမယ့် လက်ရှိခြေစွမ်းအရ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိနေကြောင်း ဝါရင့်ကစားသမားဟောင်းကြီး ဒန်းနစ်စ်ဝိုက်စ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီယားလိဂ်မှာ ရုန်းကန်နေရပေမယ့် ယူရိုပါလိဂ်မှာတော့ ကြိုးစားကစားနေလို့ ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိနေတယ်လို့ ဆိုပါတယ်။

Evening Standard

ကွန်တီ – ရာသီကုန်မှာ အသင်းကနေ ထုတ်ပယ်ခံရဖွယ် သို့မဟုတ် အခြားအသင်းတစ်ခုကို ပြောင်းရွှေ့ကိုင်တွယ်ဖွယ်ရှိနေတဲ့ ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက မိမိအနေနဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဖြေကြားဖို့ စိတ်မဝင်စားကြောင်း လက်ရှိပစ္စုပ္ပန်ကိုသာ အကောင်းဆုံးတည်ဆောက်နေကြောင်း ဆိုပါတယ်။

ဂွါဒီယိုလာ – မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိတို့အနေနဲ့ ပရီးမီယားလိဂ် နောက်ဆုံးပွဲစဉ်တွေမှာ ခြေချော်လက်ချော်ဖြစ်နိုင်သေးကြောင်း၊ ဘောလုံးဆိုတာ ဘာဖြစ်လာမယ်လို့ ယတိပြတ် ခန့်မှန်းလို့မရကြောင်း၊ ဒီအခြေအနေမျိုးမှာ မန်ယူအနေနဲ့လည်း ချန်ပီယံဖြစ်နိုင်သေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ITV

CSKA – ရုရှာကလပ် CSKA အသင်းဟာ အာဆင်နယ်အသင်းကို သရေကျပြီးနောက် ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့ အိမ်ကွင်းပွဲစဉ်မှာ ပရိသတ်တွေ ကွင်းတွင်းကွင်းပြင် ဆူပူသောင်းကျန်ခဲ့မှုကြောင့် အခုအခါမှာ UEFA ရဲ့ စွဲချက်တင်ခြင်းကို ခံလိုက်ရပြီဖြစ်ပါတယ်။ CSKA အနေနဲ့ မြင့်မားတဲ့ဒဏ်ကြေး ပေးဆောင်ရဖွယ် ရှိနေပါတယ်။

READ
ဇီဒန်းဟာ အနိုင်နဲ့ ပိုင်းသွားခဲ့တာလား

ကွန်တီ – ချယ်လ်ဆီးနည်းပြ ကွန်တီက ပရီးမီယားလိရဂ်ဟာ အခြားနိုင်ငံလိဂ်ပြိုင်ပွဲများထက် ပိုပြီးခက်ခဲနက်နဲကြောင်း ဆိုပါတယ်။ သူက ပရီးမီယားလိဂ်မှာ ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ဖို့မဆိုထားဘိ၊ ထိပ်သီးအသင်းလေးသင်းစာရင်းကို ဝင်ရောက်နိုင်ဖို့ပင်လျှင် ခက်ခဲကြောင်းဆိုပါတယ်။

NBC Sports

နေမာ – ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ နေမာအနေနဲ့ ဒဏ်ရာကနေပြန်လည်သက်သာဖို့ နောက်ထပ်တစ်လလာက် အနားယူရဖွယ် ရှိနေပါတယ်။ နေမာဟာ ရရှိထားတဲ့ဒဏ်ရာကြောင့် ပြီးခဲ့တဲ့လက ဘရားဇီးရဲ့ ခြေစမ်းပွဲစဉ်တွေအပါအဝင်၊ PSG ရဲ့ ချန်ပီယံလိဂ်နဲ့ အခြားအဓိကပွဲစဉ်တွေကို လွဲချော်ခဲ့ရသူပါ။

ယနေ့ညကစားမည့် ပရီးမီယားလိဂ်ပွဲစဉ်များ

နတ်စည်တော် (Shwemom)

source : skysports.com

 

SHARE