(၁၄-၄-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

FoothTheBall

လာကာဇက်တီ – အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီက အာစင်ဝင်းဂါးကို အသင်းမှာ ဆက်ရှိနေစေလိုတဲ့အတွက် ယူရိုပါလိဂ်ဖလား ရယူလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းဟာ လက်ရှိအဆင့်မှာ ခြေစွမ်းအမြင့်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ အသလက်တီကိုအသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေလို့ ရုန်းကန်ရဖွယ်ရှိပါတယ်။

talkSPORTS

ဂီရော့ – အာဆင်နယ်တိုက်စစ်မှူးဟောင်း အိုလီဗာဂီရော့က မိမိအနေနဲ့ အာဆင်နယ်အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ရတာမှာ အလွန်လွယ်ကူးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အကြောင်းကတော့ ချယ်လ်ဆီးအသင်းဟာ ပရီးမီယားလိဂ်မှာ အကောင်းဆုံးအသင်း ဖြစ်နေခြင်းကြောင့် သူ့ဆုံးဖြတ်ချက်ဟာ တွေဝေမနေခဲ့ဖူးလို့ ဆိုပါတယ်။

ချန်ပီယံလိဂ်/ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့် မဲခွဲမှုရလဒ်များ-

လီဗာပူး VS ရိုးမား (ဧပြီလ ၂၅ ရက် မနက် ၁.၁၅ နာရီ )
ဘိုင်ယန် VS ရီးယဲ (ဧပြီလ ၂၆ ရက် မနက် ၁.၁၅ နာရီ )

READ
ဘက်ခမ်းခြေရာကိုနင်းဖို့ ဂရစ်ဇ်မန်း မန်ယူသို့ပြောင်းရွှေ့မည်ဟု ဂရစ်ဇ်မန်း၏အကြံပေးသူဆို

မာဆေး VS ရက်ဒ်ဘူး (ဧပြီလ ၂၇ ရက် မနက် ၁.၃၅ နာရီ )
အာဆင်နယ် VS အသလက်တီကို (ဧပြီလ ၂၇ ရက် မနက် ၁.၃၅ နာရီ )

90mins

မော်ရင်ဟို – ပွဲထွက်ကစားခွင့် နည်းပါးခြင်းကြောင့် အသင်းကနေ ထွက်ခွာဖို့ပြင်ဆင်နေတဲ့ ပေါင်(၅၈)သန်းတန် တိုက်စစ်မှူး မာရှယ်နဲ့ အသင်းရဲ့ ဂိုးသွင်းစက်လူငယ်ခြေတက် ရက်ရှ်ဖို့တို့အနေနဲ့ အသင်းမှာ ဆက်နေရင်လည်း ပွဲထွက်ခွင့် အာမခံချက်မပေးနိုင်ကြောင်း မော်ရင်ဟိုက ထုတ်ဖော်သတိပေးလိုက်ပါတယ်။ ဒီသတိပေးချက်ကြောင့် တိုက်စစ်မှူးနှစ်ဦး အသင်းကနေ ထွက်ခွာဖို့ အလွန်နီးစပ်တဲ့အနေအထားကို ရောက်သွားပြီလို့ ဆိုရမှာပါ။

ဘိုင်ယန် – ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအသင်းနည်းပြနေရာမှာ အစားထိုးဖို့ နီကိုကိုဗက်ကို ခန့်အပ်သွားမယ်လို့ တရားဝင်ကြေငြာချက် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ ဟာသာဘီအက်စီ၊ လေဗာကူဆင်၊ ဘိုင်ယန်တို့ရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးလည်း ဖြစ်ပြီး၊ ခရိုအေးရှားအသင်းရဲ့ ဂန္ထင်လက်ရွေးစင်ကစားသမားဟောင်းလည်း ဖြစ်ပါတယ်။

READ
စီရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုးတွေနဲ့ ဖိုင်နယ်တက်ဖို့နီးစပ်သွားတဲ့ ရီးရဲလ်မက်ဒရစ်
Pitchka

ဟယ်ရီကိန်း – လက်ရှိအချိန်မှာ ဝေဖန်မှုပြင်းထန်စွာ ခံနေရတဲ့ စပါးအသင်းတိုက်စစ်မှူးဖြစ်သူ ဟယ်ရီကိန်းရဲ့ ‘ဂိုး’ကိစ္စနဲ့ပတ်သက်ပြီး၊ FA ကလည်း ဝေဖန်မှုပြင်းထန်စွာ ခံနေရပါတယ်။ ဒါ့အပြင် ရိုးမားအသင်းကလည်း ဟယ်ရီကိန်းကို လှောင်ပြောင်ခဲ့ပြီး၊ “ဂိုးသူခိုး”လို့လည်း ဝေဖန်ခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE