(၁၅-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Sky

အစ္စဝှစ်ခ်ျ – အစ္စဝှစ်ခ်ျအသင်းဟာ လက်ရှိအသင်းနည်းပြဖြစ်တဲ့ မစ်မက်ကာသီရဲ့နေရာမှာ လက်ရှိ လီဗာပူး(U18)အသင်းနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးဂန္ထဝင်ကစားသမားဟောင်း ဂျာရက်ကို ခန့်အပ်လိုနေကြောင်း သိရပါတယ်။ ဂျာရက်ဟာ လီဗာပူးအသင်းမှာ ပွဲပေါင်း (၅၀၄)ပွဲကစားကာ၊ (၁၂၀)ဂိုး သွင်းယူခဲ့ပြီး၊ LA အသင်းမှာတော့ (၃၄)ပွဲကစားပြီး (၅)ဂိုး သွင်းယူခဲ့ပါတယ်။

RTE

မော်ရင်ဟို – မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ပေါ့ဂ်ဘာအနေနဲ့ လေ့ကျင့်ရေးကွင်းမှာ ကြိုးစားပမ်းစား ကစားမယ်ဆိုပါက ဒီထက်ပိုပြီးကောင်းမွန်တဲ့ ကစားသမားဖြစ်လာနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ အသင်းနည်းပြနဲ့ အဆင်မပြေဖြစ်ပြီး အသင်းပြောင်းရွှေ့မယ်လို့ သတင်းထွက်နေသူပါ။

ကွန်တီ – ရာသီကုန်မှာ အသင်းကနေ ထုတ်ပယ်ခံရဖွယ် သို့မဟုတ် အခြားအသင်းတစ်ခုကို ပြောင်းရွှေ့ကိုင်တွယ်ဖွယ်ရှိနေတဲ့ ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက မိမိအနေနဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဖြေကြားဖို့ စိတ်မဝင်စားကြောင်း လက်ရှိပစ္စုပ္ပန်ကိုသာ အကောင်းဆုံးတည်ဆောက်နေကြောင်း ဆိုပါတယ်။

Wolves FC

ဝုဖ် – ဖူဟမ်အသင်းဟာ ဘရန့်ဖို့အသင်းနဲ့ (၁-၁)သရေကျသွားခဲ့လို့၊ ဇယားထိပ်ဆုံးက ဝုဖ်အသင်းဟာ ခြောက်နှစ်တာဝေးကွာခဲ့ရတဲ့ ပရီးမီးယားလိဂ်ကို အမှတ်ကွာခြားချက်နဲ့အတူ တန်းပြန်တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဝုဖ်အသင်းဟာ လက်ရှိအချိန်မှာ (၄၂)ပွဲကစားပြီး ရမှတ်(၉၂)မှတ်နဲ့ ချန်ပီယံရှစ်အမှတ်ပေးချန်ပီယံဖလားကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး၊ တန်းလည်း ပြန်တက်နိုင်ခဲ့ပြီလို့ ဆိုရမှာပါ။

READ
အငှားထွက်ခွာခွင့်မပေးခဲ့ခြင်းအတွက် ဗန်ဟားကိုအပြစ်တင်လိုက်တဲ့ပီရဲယား

CSKA – ရုရှာကလပ် CSKA အသင်းဟာ အာဆင်နယ်အသင်းကို သရေကျပြီးနောက် ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့ အိမ်ကွင်းပွဲစဉ်မှာ ပရိသတ်တွေ ကွင်းတွင်းကွင်းပြင် ဆူပူသောင်းကျန်ခဲ့မှုကြောင့် အခုအခါမှာ UEFA ရဲ့ စွဲချက်တင်ခြင်းကို ခံလိုက်ရပြီဖြစ်ပါတယ်။ CSKA အနေနဲ့ မြင့်မားတဲ့ဒဏ်ကြေး ပေးဆောင်ရဖွယ် ရှိနေပါတယ်။

Sky

ဟယ်ရီကိန်း – ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ ပွဲစဉ်မှာ မန်စီးတီးအသင်းက (၁-၃)ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ စပါးအတွက် အီရစ်ဆင်က ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး အဲဒီဂိုးကိုလည်း ဟယ်ရီကိန်းက သွင်းယူပေးခဲ့ကြောင်း FA က သတ်မှတ်ပေးဖို့ သတင်းမီဒီယာတွေက သရော်ခဲ့ကြပါတယ်။

နေမာ – ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ နေမာအနေနဲ့ ဒဏ်ရာကနေပြန်လည်သက်သာဖို့ နောက်ထပ်တစ်လလာက် အနားယူရဖွယ် ရှိနေပါတယ်။ နေမာဟာ ရရှိထားတဲ့ဒဏ်ရာကြောင့် ပြီးခဲ့တဲ့လက ဘရားဇီးရဲ့ ခြေစမ်းပွဲစဉ်တွေအပါအဝင်၊ PSG ရဲ့ ချန်ပီယံလိဂ်နဲ့ အခြားအဓိကပွဲစဉ်တွေကို လွဲချော်ခဲ့ရသူပါ။

READ
Chelsea Vs Manchester United ပွဲကြိုသုံးသပ်ချက် (ဖုန်းကဒ်တစ်ကဒ်မဲဖောက်ပေးမည်)
CaughtOffside

လီဗာပူး – လီဗာပူးအသင်းဟာ ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ (၃-၀)နဲ့ အနိုင်ရခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့် နီးစပ်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး ဆာလက်ကလည်း တစ်ဂိုးသွင်းယူခဲ့တာမို့ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုရရှိဖို့ နီးစပ်လာပြီဆိုရမှာပါ။ သူဟာ သွင်းဂိုး (၃၀)နဲ့ ဟယ်ရီကိန်းထက် (၅)ဂိုး ပိုများနေပါတယ်။

နတ်စည်တော် (Shwemom)

Source : thesun.co.uk

SHARE