(၁၅-၄-၁၈)အတွက် မနက်ခင်းဦးဦးဖျားဖျား အားကစားသတင်းများ

The Guardian

မော်ရင်ဟို – မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ပေါ့ဂ်ဘာအနေနဲ့ လေ့ကျင့်ရေးကွင်းမှာ ကြိုးစားပမ်းစား ကစားမယ်ဆိုပါက ဒီထက်ပိုပြီးကောင်းမွန်တဲ့ ကစားသမားဖြစ်လာနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ အသင်းနည်းပြနဲ့ အဆင်မပြေဖြစ်ပြီး အသင်းပြောင်းရွှေ့မယ်လို့ သတင်းထွက်နေသူပါ။

LVC

အစ္စဝှစ်ခ်ျ – အစ္စဝှစ်ခ်ျအသင်းဟာ လက်ရှိအသင်းနည်းပြဖြစ်တဲ့ မစ်မက်ကာသီရဲ့နေရာမှာ လက်ရှိ လီဗာပူး(U18)အသင်းနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးဂန္ထဝင်ကစားသမားဟောင်း ဂျာရက်ကို ခန့်အပ်လိုနေကြောင်း သိရပါတယ်။ ဂျာရက်ဟာ လီဗာပူးအသင်းမှာ ပွဲပေါင်း (၅၀၄)ပွဲကစားကာ၊ (၁၂၀)ဂိုး သွင်းယူခဲ့ပြီး၊ LA အသင်းမှာတော့ (၃၄)ပွဲကစားပြီး (၅)ဂိုး သွင်းယူခဲ့ပါတယ်။

ဝုဖ် – ဖူဟမ်အသင်းဟာ ဘရန့်ဖို့အသင်းနဲ့ (၁-၁)သရေကျသွားခဲ့လို့၊ ဇယားထိပ်ဆုံးက ဝုဖ်အသင်းဟာ ခြောက်နှစ်တာဝေးကွာခဲ့ရတဲ့ ပရီးမီးယားလိဂ်ကို အမှတ်ကွာခြားချက်နဲ့အတူ တန်းပြန်တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဝုဖ်အသင်းဟာ လက်ရှိအချိန်မှာ (၄၂)ပွဲကစားပြီး ရမှတ်(၉၂)မှတ်နဲ့ ချန်ပီယံရှစ်အမှတ်ပေးချန်ပီယံဖလားကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး၊ တန်းလည်း ပြန်တက်နိုင်ခဲ့ပြီလို့ ဆိုရမှာပါ။

READ
ခရစ်စတီယာနိုရော်နယ်လ်ဒို၏ကစားသမားဘဝအလှဆုံးဂိုး(၁၀)ဂိုး
Indian Express

ဟယ်ရီကိန်း – ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ ပွဲစဉ်မှာ မန်စီးတီးအသင်းက (၁-၃)ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ စပါးအတွက် အီရစ်ဆင်က ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး အဲဒီဂိုးကိုလည်း ဟယ်ရီကိန်းက သွင်းယူပေးခဲ့ကြောင်း FA က သတ်မှတ်ပေးဖို့ သတင်းမီဒီယာတွေက သရော်ခဲ့ကြပါတယ်။

လီဗာပူး – လီဗာပူးအသင်းဟာ ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ (၃-၀)နဲ့ အနိုင်ရခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့် နီးစပ်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး ဆာလက်ကလည်း တစ်ဂိုးသွင်းယူခဲ့တာမို့ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုရရှိဖို့ နီးစပ်လာပြီဆိုရမှာပါ။ သူဟာ သွင်းဂိုး (၃၀)နဲ့ ဟယ်ရီကိန်းထက် (၅)ဂိုး ပိုများနေပါတယ်။

LVC Echo

ယခုနှစ် ပရီးမီယားလိဂ် အကောင်းဆုံးကစားသမားဆုကို ရရှိဖို့ ရေပန်းအစားဆုံး ကစားသမားနှစ်ဦးမှာ လီဗာပူးတိုက်စစ်မှူး ဆာလက်နဲ့ မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရွန်နီတို့က ဦးဆောင်နေပါတယ်။ ရေပန်းစားသူစာရင်းမှာ မန်ယူဂိုးသမား ဒီဂီယာ၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဆာနေး၊ ဒေးဗစ်ဆေးလ်ဗားတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

READ
ကမ္ဘာ့ဖလား လူစာရင်း ပေါက်ကြားသွားခဲ့တဲ့ စပိန်အသင်း

ဇီဒန်း – ဂျူဗင်အသင်းကို အငြင်းပွားဖွယ်ရာကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တဲ့ ရီးယဲလ်အသင်းကို သတင်းဟာတွေက “ဂျူဗင်အသင်းထံကနေ ဓားပြတိုက်ပြီး လုယူသွားတဲ့နိုင်ပွဲ”လို့ ဝေဖန်နေမှုအပေါ် ရီးယဲလ်အသင်းနည်းပြ ဇီးဒန်းက အလွန်ဒေါသထွက်နေပြီး၊ မိမိတို့ဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာကို မျက်လုံးလေးနဲ့ ထိုင်ကြည့်နေသူတွေက သိနိုင်မှာမဟုတ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲပြီးရလဒ်များ

နတ်စည်တော် (Shwemom)

Ref : thesun.co.uk
Ref : skysports.com
Ref : eurosports.com

SHARE