(၁၆-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ITV

မန်စီးတီး – မန်စီးတီးအသင်းဟာ မန်ယူရဲ့ ရှုံးပွဲနဲ့အတူ သူတို့ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကြီးကို အကြိုအောင်ပွဲခံတဲ့အနေနဲ့ ဒေသခံဘားတစ်ခုမှာ အသင်းသားတွေစုဝေးပြီး အောင်ပွဲခံခဲ့ကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ ဝက်စ်ဘရွန်းကို ဧည့်ခံယှဉ်ပြိုင်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ရှုံးနိမ့်ပြီးနောက် မန်စီးတီးတို့အနေနဲ့ ချန်ပီယံဖြစ်ဖို့ သေချာသွားတာ ဖြစ်ပါတယ်။

League Live

ဇာဟာ – ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဇာဟာကို မန်စီးတီးအသင်းက ပေါင်သန်း (၅၀)နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဇာဟာ,ဟာ ခရစ္စတယ်ပဲလေ့လူငယ်ခြံပေါက် ကစားသမားဖြစ်ပြီး မန်ယူအသင်းမှာ ပြောင်းရွှေ့နိုင်ခဲ့ပေမယ့် ပွဲထွက်ခွင့်မရလို့ မိခင်ခရစ္စတယ်ပဲလေ့စ်အသင်းကို ပြန်လည်ရောက်ရှိလာသူ ဖြစ်ပါတယ်။ (၂၀၁၅)ခုနှစ်မှာ ပဲလေ့စ်ကို အပြီးသတ်ပြန်လည် ရောက်ရှိလာပြီး လက်ရှိအချိန်ထိ (၁၀၉)ပွဲကစားပြီး (၁၉)ဂိုး သွင်းယူထားပါတယ်။

မန်စီးတီး – ပရီးမီယားလိဂ်ဖလားကို ရရှိသွားပြီဖြစ်တဲ့ မန်စီးတီးအသင်းဟာ မေလ(၆)ရက်နေ့မှာ ကစားရမယ့် ဟက်ဒါစဖီးအသင်းနဲ့ပွဲစဉ်အပြီးမှာ ၎င်းတို့ရဲ့ EPL ဆုဖလားကြီးကို ကိုင်မြှောက်အောင်ပွဲခံမှာဖြစ်ကြောင်း သိရပါတယ်။ ယခုဆုဖလားဟာ ဂွါဒီယိုလာရဲ့ ပထမဆုံး EPL အမှတ်ပေးဖလားဖြစ်ပြီး၊ မန်စီးတီးအတွက်တော့ အမှတ်ပေးလိဂ်ဖလား (၅)ကြိမ်မြောက် ဆွတ်ခူးရရှိခြင်း ဖြစ်ပါတယ်။ ( English Football League (၂)ကြိမ်၊ Premier League (၃) ကြိမ် ဖြစ်ပါတယ်။)

READ
မိုရာတာကို ပေါင်သန်း(70)နဲ့ ခေါ်ယူဖို့ ချယ်လ်ဆီး သဘောတူညီရရှိမှုနဲ့ အခြားသတင်းအတိုများ
Wolves.com

ဝုဖ် – ပရီးမီယားလိဂ်ကို တစ်ကျော့ပြန်ရောက်ရှိလာတဲ့ ဝုဖ်အသင်းဟာ လာမယ့်နှစ် ပရီးမီယားလိဂ် ရာသီကုန်ချိန်မှာ လက်ရှိခြေစွမ်းအရဆိုလျှင် အဆင့်(၁၀)အတွင်း ဝင်ရောက်နိုင်ကြောင်း အသင်းရဲ့ထိပ်သီးဂိုးသွင်းရှင် စတိဗ်ဘူးက ဆိုပါတယ်။ ဝုဖ်အသင်းဟာ ပရီးမီယားလိဂ်နဲ့ နှစ်တော်တော်ကြာကြာ ဝေးကွာနေတဲ့ အသင်းဖြစ်ပါတယ်။

မိုနာကို ဥက္ကဌ ဗာဒင်မ်ဗာဆေးယက်ဗ်က ၎င်းတို့အသင်းရဲ့ ကစားသမား သောမတ်စ်လီမာကို အလိုရှိနေတဲ့ အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ကို သတိပေးပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဗာဆေးယက်က လီမာဟာ ပရီးမီယားလိဂ်ကလပ်အသင်းတွေ ထင်မှတ်ထားတဲ့ဈေးထက် ပိုများနိုင်ကြောင်း ၎င်းက ဆိုပါတယ်။

TeamTalk

ဆာလက် – လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး ဆာလက်က ချန်ပီယံလိဂ်ဖလား ရယူခြင်းဟာ သူ့တစ်ယောက်တည်းအတွက် အောင်မြင်မှုမဟုတ်ဘဲ အသင်းရဲ့ အရေးပါတဲ့သမိုင်းကြောင်းဖြစ်ကြောင်း ဆိုပါတယ်။ ချန်ပီယံလိဂ်ဆုဖလား ရရှိခြင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းက ဘယ်အသင်းဖြစ်သလဲဆိုတာကို မှတ်ကျောက်တင်ခံရတာဖြစ်ကြောင်း ဆိုပါတယ်။

READ
နိုင်ငံလက်ရွေးစင်အဖြစ်ကနေအနားယူတော့မယ်လို့ အံ့သြသင့်ဖွယ်ကြေငြာခဲ့တဲ့မက်ဆီ

ရှိက်မန်ဆော် – မန်စီးတီးအသင်းပိုင်ရှင် ရှိက်မန်ဆော်က ပရီးမီယားလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကို အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း စာရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။ မန်ယူရဲ့အရှုံးနဲ့အတူ မန်စီးတီးဟာ ယခုနှစ်အမှတ်ပေးချန်ပီယံဆုဖလားကြီးကို သိမ်းပိုက်ခွင့် ရသွားခဲ့တာ ဖြစ်ပါတယ်။

Sky sports

ကော်စတာ – ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ဒီယေဂိုကော်စတာဟာ အခွန်ရှောင်လွှဲခဲ့တဲ့ ပြစ်မှုကြောင့် အခုအခါမှာ စုံစမ်းစစ်ဆေးမှုတွေ ခံနေရကြောင်း စပိန်အခြေစိုက် သတင်းစာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ ကော်စတာဟာ အင်္ဂလန်မှာ ကစားခဲ့စဉ်တုန်းက အခွန်ရှောင်လွှဲခဲ့ပုံရပါတယ်။

နတ်စည်တော် (Shwemom)

Ref : skysports.com
Ref : thesun.co.uk
Ref : mirror.co.uk

SHARE