(၁၆-၄-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အလန်ရှီယား – ဝါရင့်ဂန္ထဝင်ကစားသမားဟောင်းကြီး အလန်ရှီယားက ဟယ်ရီကိန်းနဲ့၊ ဒီဘရူနီတို့မှာ ကစားသမားကောင်းများ ဖြစ်သော်လည်း ယခုနှစ် မိမိစိတ်ကြိုက်ကစားသမားမှာ မိုဟာမတ်ဆာလက်ပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆာလက်ဟာ လီဗာပူးအသင်းရလဒ်ကောင်းတွေ ရဖို့အတွက် အဓိကကစားသမားတစ်ဦး ဖြစ်ပါတယ်။

LA Time

မိုဗစ်ခ်ျ – မန်ယူတိုက်စစ်မှူးဟောင်း LA ဂလက်ဆီအသင်းကစားသမား မိုဗစ်ခ်ျက မိမိဟာ ဆွီဒင်လက်ရွေးစင်အသင်းအတွက် အဆင့်သင့်ဖြစ်နေသေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မိုဗစ်ခ်ျဟာ LA ဂလက်ဆီအသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး၊ လာမယ့်ကမ္ဘာ့ဖလားမှာလည်း ပါဝင်ခွင့်ရမယ်လို့ ယူဆနေပါတယ်။

ဂွါဒီယိုလာ – ယမန်နေ့ညက ကစားခဲ့တဲ့ပွဲမှာ မန်ယူအသင်းဟာ ဧည့်သည်ဝက်စ်ဘရွန်းအသင်းကို ရှုံးနိမ့်သွားခဲ့လို့ ယခုနှစ်ပရီးမီယားလိဂ်ချံပီယံဆုကြီးကို မန်စီးတီးအသင်းက သေချာပေါက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီအတွက် မန်စီးတီးအသင်းသားတွေဟာ ဘားတစ်ခုမှာ စုရုံးခဲ့ကြပြီး ချန်ပီယံဆုကြီးကို အကြိုအောင်ပွဲခံခဲ့ပါတယ်။

Daily Mirror

မော်ရင်ဟို – မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ချန်ပီယံဆုကြီး ရရှိသွားပြီဖြစ်တဲ့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကို ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုက မန်စီးတီးအသင်းဟာ ယခုနှစ် ချန်ပီယံဆုဖလားအတွက် ထိုက်တန်တဲ့ ခြေစွမ်းကောင်းတွေကို ပိုင်ဆိုင်ထားတယ်လို့ ချီးကျူးခဲ့ပါတယ်။

READ
ဂျာမနီ၊ ဘရာဇီးလ်တို့ နိုင်ပွဲတွေနဲ့အစပြုဖို့ရှိနေတဲ့ ဇွန်လ(၁၇)ရက်နေ့ ကမ္ဘာ့ဖလားပွဲစဉ် သုံးသပ်ချက်များ
The Sun

မိုနာကိုကို ဂိုးပြတ်နိုင်ပြီး အမှတ်ပေးချန်ပီယံဆုကြီး ပြန်လည်သိမ်းပိုက်ခဲ့တဲ့ PSG အသင်းဟာ လက်ရှိချန်ပီယံ မိုနာကိုအသင်းကို (၇-၁)နဲ့ အနိုင်ရခဲ့ပြီနောက် ကွင်းအတွင်းမှာ ကစားသမားတွေဟာ ပြေးလွှားအောင်ပွဲခံခဲ့ကြပါတယ်။ ယမန်နှစ်က မိုနာကိုအသင်းဟာ (၉၅)မှတ်နဲ့ ဒုတိယနေရာက PSG ကို (၈)မှတ်အကွာနဲ့ ချန်ပီယံဆုကြီး ရယူနိုင်ခဲ့ပြီး ယခုနှစ်မှာတော့ PSG က ပွဲစဉ်(၅)ပွဲ ကျန်ရှိနေသေးပေမယ့် မိုနာကိုအသင်းကို (၁၇)မှတ်အသာ အနေအထားနဲ့ ချန်ပီယံစောစောစီးစီး ဖြစ်ခဲ့တာပါ။

EPL ပွဲပြီးအဖြေများ-

နတ်စည်တော် (Shwemom)

Ref : thesun.co.uk
Ref : skysports.com
Ref : metro.co.uk

SHARE