Capricorn (မကာရ)ရာသီဖွားတွေရဲ့ ဧပြီလ ကံကြမ္မာဟောစတမ်း

ဒီဇင်ဘာလ(၂၂)မှ ဇန်န၀ါရီလ(၁၉)ရက်နေ့ အတွင်း မွေးဖွားသူတွေကိုတော့ Capricorn (မကာရရာသီဖွား)လို့ သတ်မှတ်ကြပါတယ်။ဧပြီလကတော့ ဒီရာ သီဖွားတွေအတွက် လက်မထောင်နိုင်မယ့်လပါ။ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို လက်ဦးမှုရယူပြီး အကောင်အထည်ဖော်သင့်တဲ့ အချိန်ပါ။သူများနဲ့အတူပူးပေါင်းေ ဆာင်ရွက်ပြီး အကောင်အထည်ဖော်ရင် အကျိုးများနိုင်ပါတယ်။မိသားစု ပြဿ နာလေးတွေ နည်းနည်း ကြုံရနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာမှာ အရင်နဲ့မတူ အပြော င်းအလဲတွေ လုပ်ချင်တဲ့ စိတ်မျိုးဖြစ်ပေါ်နေပါလိမ့်မယ်။

အလုပ်အကိုင် – လုပ်ငန်းကိုင်ငန်းအတွက် အတိတ်နမိတ်ကောင်းတဲ့လပါ။အ လုပ်အကိုင်အတွက် အကျိုးပေးနေမယ့် အချိန်ကာလပါ။အလုပ်အလွန် များနေ မယ့် လပါ။ဒါပေမယ့် ကိုယ့်ရဲ့ကြိုးစားမှုအတွက် ထိုက်တန်တဲ့ ရလဒ်ကို ပြန် လည်ပိုင်ဆိုင်ခွင့်ရမယ့် အချိန်ကာလပါ။

ငွေရေးကြေးရေး – (၂၀)နောက်ပိုင်းမှာတော့ ငွေရေးကြေးရေးကတော့ နည်းနည်း ခက်ခဲနေနိုင်ပါတယ်။ အလုပ်ကို အသည်းအသန်ကြိုးစားလုပ်ရပါ လိမ့်မယ်။ဒါပေမယ့် မိသားစုဝင်တစ်ယောက်ယောက်ရဲ့ ကူညီမှုနဲ့ ငွေရေးကြေးေ ရး အဆင်ပြေနိုင်ပါလိမ့်မယ်။

READ
ပြဿနာကို ထိပ်တိုက်ရင်ဆိုင်တွေ့ရမှာ အရမ်းမုန်းကြတဲ့ ရာသီခွင် (၅) ခု

မေတ္တာရေး-မိတ်ဆွေဆက်ဆံရေးရော၊မေတ္တာရေးမှာပါ သတိထားပါ။အချိန်ကြာ လက်တွဲလာတဲ့ ဆက်ဆံရေးမျိုးတောင်မှ ပြတ်ပြားသွားနိုင်တဲ့ အနေအထားမျိုး နဲ့ကြုံရနိုင်တာကြောင့် သတိထားပါ။

ကျန်းမာရေး – ကျန်းမာရေးကတော့ (၂၀)အထိ နည်းနည်းညံ့နေပါတယ်။အ လုပ်လုပ်တာလည်း လုပ် နားတာလည်း နားပါ။အလုပ်ပင်ပမ်းပြီး ကျန်းမာရေး ထိခိုက်တာမျိုး နဲ့ကြုံရ တတ်ပါတယ်။ကျန်းမာရေး လိုက်စားပါ။

Ref;sunsigns

SHARE