(၂၇-၄-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မာဆေး VS ရက်ဘူး – အိမ်ရှင်မာဆေးတို့ဟာ ရက်ဘူးအသင်းကို အိမ်ကွင်းမှာ (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဧည့်သည်ရက်ဘူးအသင်းကလည်း မာဆေးဘက်ကို တရစပ်ထိုးဖောက်ပြီး အဝေးဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မာဆေးနောက်တန်းနဲ့ ဂိုးသမား အထူးကောင်းမွန်နေခဲ့လို့ အရာမရောက်ခဲ့ပါဘူး။ မာဆေးအတွက် ဂိုးတွေကို ပွဲချိန် (၁၄,၆၂)မိနစ်တွေမှာ Florian Thauvin နဲ့ Clinton Njie တို့က အသီးသီးသွင်းယူပေးခဲ့တာပါ။

အာဆင်နယ် VS အသလက်တီကို – ခြေစွမ်းမာကျော်တဲ့ အသလက်တီကိုအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရတာမို့ အာဆင်နယ်တို့ အတော်လေး ခက်ခဲခဲ့ပါတယ်။ တစ်ယောက်လျော့ အသလက်တီကိုအသင်းကို အာဆင်နယ်တို့ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတဲ့သဘောပါ။ (၉)မိနစ်မှာ တီကို ကစားသမား Sime Vrsaljko အထုတ်ခံခဲ့ရပါတယ်။

READ
၂၃-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဒါပေမယ့် အဖွင့်ဂိုးကို အာဆင်နယ်တို့ ဒုတိယပိုင်း မိနစ်(၆၀)ရောက်မှ လာကာဇက်တီက သွင်းယူပေးခဲ့တာပါ။ ပွဲက ဒီအတိုင်းပြီးသွားမယ်ထင်ခဲ့ပေမယ့် (၈၁)မိနစ်မှာ ဂရစ်ဇ်မန်းက အသလက်အတွက် အဖိုးတန်အဝေးကွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်တို့ နောက်တစ်ဆင့်အတွက် ရုန်းကန်ရမယ့်သဘောပါ။

မော်ရင်ဟို – မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ဆာလက်ကို ရောင်းချခဲ့တဲ့ ချယ်လ်ဆီးအသင်းဘုတ်အဖွဲ့ကို အလွန်စိတ်ပျက်မိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆာလက်ဟာ ချယ်လ်ဆီးအသင်းမှာ (၂၀၁၄-၁၆) ခုနှစ်အထိ ရှိနေခဲ့ပြီး (၁၃)ပွဲပဲ ကစားခွင့်ရကာ (၃)ဂိုးသွင်းယူနိုင်ခဲ့သူပါ။ ယင်းနှစ်တွေအတွင်းမှာ ဖီအိုရင်တီးနားနဲ့ ရိုးမားတို့မှာ ဆာလက်ဟာ အငှားသွားရောက်ကစားခဲ့ပြီး ရိုးမားနဲ့ အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ယင်းနောက် လီဗာပူးကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

Sky

အာဆင်နယ် – အာဆင်နယ်ပရိသတ်တွေဟာ အသင်းနည်းပြနေရာကို လူးဝစ်ဗန်ဂေါကို အစားထိုးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လို့ အတော်လေး စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။ သို့သော် ဒီသတင်းကို ကလပ်က အတည်ပြုထားခြင်း မရှိသေးဘဲ ဝင်းဂါးနေရာမှာ အစားထိုးဖို့ နည်းပြ တော်တော်များများ ရာထားတယ်လို့သာ ထုတ်ပြန်ခဲ့ပါတယ်။

READ
၂၈-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

UEFA – အာဆင်နယ်နဲ့ အသလက်တီကိုအသင်းပွဲစဉ်မှာ နည်းပြ ဆီမြွန်နီနဲ့ ခံစစ်ကစားသမား Sime Vrsaljko တို့ကို ဒိုင်လူကြီးက ထုတ်ပယ်ခဲ့ခြင်းမှာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်ကြောင်း UEFA စည်းကမ်းထိန်းသိမ်းရေးက သုံးသပ်ခဲ့ပါတယ်။ ဆီမြွန်နီက ဒိုင်လူကြီးတွေကို ပြင်းထန်စွာ စောဒကတက်ခဲ့သလို၊ Sime ကတော့ လာကာဇက်တီကို ပထမအဝါကတ်ပြား ပြသလို့အပြီးမှာ ရည်ရွယ်ချက်ရှိရှိ ပြစ်ဒဏ်ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

Metro

နတ်စည်တော် (Shwemom)

Ref : thesun.co.uk
Ref : skysports.com

SHARE