(၄-၄-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဂျူဗင် VS ရီးယဲ – ယနေ့မနက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ ရီးယဲအသင်းတို့ပွဲစဉ်မှာ ဧည့်သည်ရီးယဲတွေကပဲ အဖိုးတန်အဝေးဂိုးရလဒ်တွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ ဂျူဗင်ရဲ့ အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ဒိုင်ဘာလာ ပွဲချိန်(၆၆)မိနစ်မှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး၊ ဂျူဗင်အနေနဲ့ နောက်တစ်ကြော့မှာ ပိုမိုရုန်းကန်ရတော့မှာပါ။

ဂျူဗင်တပ်တိုက်စစ်ဟာ ရီယဲဘက်ကို အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေ လက်လွှတ်ခဲ့ရတာကို တွ့ရပါတယ်။ ပွဲအစ သုံးမိနစ်မှာပင် ဒိုလေးက ရီးယဲအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး၊ (၆၄)မိနစ်မှာ ဒုတိယဦးဆောင်ဂိုးကို နောက်ပြန်ကန်ချက်နဲ့ လှလှပပ သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန်(၇၄)မိနစ်မှာတော့ နောက်တန်းဘယ်အစွန်ကစားသမား မာဆယ်လိုက အဆုံးသတ်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ရီးယဲကတော့ နောက်တစ်ဆင့်တက်ဖို့ သေချာသလောက် ဖြစ်သွားပြီဆိုရမှာပါ။

ဆီဗီလား VS ဘိုင်ယန် – အိမ်ကွင်းခြေစွမ်းမာကျောတဲ့ ဆီဗီလားဟာ ဘိုင်ယန်ကို သူတင်ကိုယ်တင် ယှဉ်ကစားနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ကလည်း ပထမပိုင်း (၃၅)မိနစ်လောက်အထိ ကွင်းလယ်နဲ့တိုက်စစ်ပိုင်း ချိတ်ဆက်ရာမှာ အားနည်းမှုတွေရှိခဲ့ပြီး အိမ်ရှင်အမှားကိုသာ စောင့်နေရတဲ့သဘောပါ။ ပွဲချိန် (၃၂)မိနစ်မှာ ပါဘလိုဆရာဘီယာက ဆီဗီလားအတွက် တစ်လုံးတည်းသော အဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်။

ဂိုးပေးလိုက်ရတော့ ဘိုင်ယန်တို့ တိုက်စစ်အရှိန် မြှင့်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ ဆီဗီလားနောက်ခံလူ နာဗက် ဘောလုံးဖြတ်ထုတ်ပုံ မသေမသပ်ဖြစ်ပြီး ပွဲချိန် (၃၇)မိနစ်မှာပင် ကိုယ့်ဂိုးကိုယ်သွင်းပေးလိုက်သလို ဖြစ်သွားလို့ ဘိုင်ယန်တို့ အဝေးဂိုးအားသာချက် ရသွားပြီး စိတ်ဓာတ်တက်ကြွသွားပါတယ်။ ပွဲချိန်(၆၈)မိနစ်မှာတော့ ခြေစွမ်းပြနေတဲ့ ဘိုင်ယန်တိုက်စစ်မှူး အယ်လ်ကန်တာရာက အဆုံးသတ်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

READ
အမျိုးသမီးဘောလုံးသမားများ၏ အကြမ်းဆုံးကွင်းတွင်ရန်ဖြစ်မှုများ

ရာမို့စ် – ရီးယဲနောက်ခံလူ ရာမို့စ်ဟာ ဂျူဗင်တပ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ဒုတိယအကြော့ပွဲစဉ်ကို ပါဝင်ခွင့်ရမှာမဟုတ်ကြောင်း သိရပါတယ်။ သူဟာ ပထမအကြော့ပွဲစဉ်မှာ ဒိုင်ဘာလာကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် အဝါကတ်ပြပြီး သတိပေးခံခဲ့ရပါတယ်။ ဒီအဝါကတ်အပါအဝင် ရာမို့စ်ဟာ စပါး၊ PSG တို့ပွဲစဉ်တွေမှာလည်း အဝါကတ်ပြသခံခဲ့ရလို့ UEFA စည်းမျဉ်းအရ တစ်ပွဲပယ်ပြစ်ဒဏ် ကျခံရတာ ဖြစ်ပါတယ်။

ကလော့ပ် – လီဗာပူးမန်နေဂျာ ကလော့ပ်က မန်ချက်စတာမြို့ခံအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားဖို့ မန်ချက်စတာမြို့ကို သွားတဲ့အခါမှာ လေ့ကျင့်ရေးကွင်းငြင်းပယ်ခံရလို့ အလွန်အခက်အခဲဖြစ်ကြောင်း ဒေါသတကြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အခြားမြို့ခံအသင်းတွေနဲ့ ယှဉ်ပြိုင်ရင် မိမိတို့ လေ့ကျင့်ရေးကွင်း စောစောစီးစီးရပေမယ့် မန်ချက်စတာမြို့ခဲ့အသင်းတွေကတော့ ဝတ္တရားအလွန်ပျက်ကွက်ကြတယ်လို့ သူက ဆိုပါတယ်။

Telegraph

မိုဗစ်ခ်ျ – LA အသင်းကို ရောက်ရှိသွားပြီဖြစ်တဲ့ မိုဗစ်ခ်ျဟာ လောင်းကစားကုမ္ပဏီတွေနဲ့ အဆက်အသွယ်ပြုလုပ်ခဲ့တာကြောင့် FIFA ကကျင်းပတဲ့ ဘောလုံးပွဲတွေမှာ ပါဝင်ခွင့်ပိတ်ပင်ဖို့ရှိနေတယ်လို့ သိရပါတယ်။ စည်းမျဉ်းစည်းကမ်း ဥပဒေအရ မိုဗစ်ခ်ျဟာ ချမှတ်ထားတဲ့စည်းကမ်းတွေကို ချိုးဖောက်ခဲ့လို့ ပွဲပယ်ပြစ်ဒဏ်ကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

READ
၂၀-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ပရီးမီယားလိဂ် ကလပ်အသင်းတွေဟာ ယမန်နှစ်က ကစားသမားခေါ်ယူရာမှာ မဖြစ်မနေ ငှားရမ်းရတဲ့ အေးဂျင့်တွေအတွက် စုစုပေါင်း ပေါင် (၂၁၁)သန်းအထိ အသုံးပြုခဲ့ရကြောင်း သိရပါတယ်။ ဒါဟာ နေမာတစ်ဦးရဲ့ ပြောင်းရွှေ့ကြေးထက် မြင့်မားနေတဲ့ ပမာဏဖြစ်ပြီး၊ ပရီးမီယားလိဂ်ကလပ်တွေအတွက်လည်း အေးဂျင့်ဈေးနှုန်းကြီးမြင့်နေခြင်းရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ်။

Laoye Cup – တရုတ်နိုင်ငံမှာကျင်းပတဲ့ ဒေသတွင်းအပျော်တမ်း Lao ye Cup ပြိုင်ပွဲမှာ Aogui အသင်းနဲ့ Malu အသင်းတို့ ကစားခဲ့ကြရာ နှစ်ဘက်ကစားသမားတွေ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ Malu ကစားသမားတွေက Aogui အသင်းရဲ့ ကစားသမားတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ခဲ့ပြီး နားရွက်ပြတ်ထွက်သည်အထိ ကိုက်ဖြတ်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်ကလည်း ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။

ဘင်အာဖာ – PSG မှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းကနေ ထွက်ခွာတော့မယ့် နယူးကာဆယ် တောင်ပံကစားသမားဟောင်း ဘင်အာဖာဟာ အခုဆိုရင် ပရီးမီယားလိဂ်မှာ ပြန်လည်အခြေချတော့မှာလို့ သိရပါတယ်။ သူဟာ လက်စတာအသင်းနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး၊ နွေရာသီအပြောင်းအရွှေ့မှာ ရောက်ရှိလာဖို့ရှိပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE