ဟိုးအရင်က သူငယ်ချင်းကို အနိုင်ကျင့်ခဲ့ဖူးတဲ့ ကိစ္စအပေါ် တုံ့ပြန်လိုက်တဲ့ APRIL’s Naeun

ig/@aprillnaeun

Kpop gril group အဖွဲ့ APRIL ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Naeun ဟာ ဟိုးအရင် ကျောင်းနေဖက်အပေါ် အနိုင်ကျင့်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူမရဲ့ အေဂျင်စီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က Naeun ရဲ့ကျောင်းနေဖက်ဖြစ်သူဟာ အွန်လိုင်းပေါ်မှာ post တစ်ခုကို တင်ခဲ့တယ်ဆိုတဲ့အကြောင်းကို sbs က ခုလိုရေးသားထားပါတယ်။

View this post on Instagram

에이프릴(APRIL) Summer Special Album ‘Hello Summer’🐰🌸 ⁣⁣⁣⁣⁣⁣⁣ ⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣ -⁣⁣⁣⁣⁣⁣⁣⁣⁣⁣ [#April #Aprilnaeun #naeun #leenaeun #KimHana #ATEEN #ATEEN2 #FINEAPPLE #나은 #이나은 #에이프릴 #에이프릴나은 #에이틴 #에이틴2 #에이틴김하나 #김하나 #파인에플 #과즙상 #エイプリル #kpop #kdrama #prettygirl #小四月 #李娜恩 #娜恩 #extraordinaryyou #어쩌다발견한하루 #juda #yeojuda ]

A post shared by April Naeun 에이프릴 나은🐰🌸🇭🇰 (@aprillnaeun) on

သူမတင်ထားခဲ့တဲ့ ပို့စ်ကတော့ “ ဟိုးအရင် အခြေခံကျောင်းတက်စဉ်တုန်းက ကျွန်မကို ရယ်စရာလူတစ်ယောက်လို ဖြစ်အောင် လှောင်ပြောင်ခဲ့ကြတဲ့အတွက် ကျွန်မ ငိုခဲ့ရဖူးတယ် ခုအချိန်မှာတော့ သူမကို TV ဖန်သားပြင်မှာ မြင်ရတော့ ကျွန်မအမေက အံကြိတ်မိတယ် ဟိုးအရင်က Naeun ရယ် တစ်ခြားတစ်ယောက်နဲ့အတူ ကျွန်မတို့ သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးကြပါတယ် ဒါပေမယ့် သူမက နောက်ပိုင်းမှာ မပေါင်းတော့ပဲ အနိုင်ကျင့်တာတွေ လုပ်လာခဲ့တယ် ကျွန်မ စိတ်ထိခိုက်လွန်းအားကြီးလို့ သူဘာလို့ ကျွန်မအပေါ် အနိုင်ကျင့်တယ်ဆိုတဲ့ အကြောင်းအရင်းကိုတောင် မမေးနိုင်ခဲ့ပါဘူး တစ်နေ့ Naeun က ကျွန်မကို ချိန်းပြီး နင်က စိတ်ပျက်စရာကောင်းတဲ့ သူပဲ ဆိုပြီး ကျွန်မ မျက်နှာနဲ့ တစ်ကိုယ်လုံးကို ကြည့်ပြီးပြောတယ် ကျွန်မတောင်းပန်ပါတယ် ဒါပေမယ့် TV မှာ Naeun ကို မြင်လိုက်ရတော့ အရင်ကအကြောင်းတွေ ခေါင်းထဲ ရောက်လာခဲ့တယ် သူအတွက်ကတော့ ဒါဟာ စနောက်ရုံသက်သက်လို့ ပြောခဲ့ပေမယ့် ကျွန်မအတွက်ကတော့ ဒါက ကြီးမားတဲ့ ဒဏ်ရာတစ်ခုပါ သူမ ဒီကိစ္စတွေကို မမေ့သွားဖို့တော့ မျှော်လင့်ပါတယ်” ဆိုပြီး ဟိုးအရင်က အနိုင်ကျင့်ခံခဲ့ရဖူးတဲ့ အကြောင်းကို ပြန်လည်ရင်ဖွင့်ထားပါတယ်။

View this post on Instagram

200429 🐰🌸⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣ ⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣ Cr: ⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣ 990505_pic [#April #Aprilnaeun #naeun #leenaeun #KimHana #ATEEN #ATEEN2 #FINEAPPLE #나은 #이나은 #에이프릴 #에이프릴나은 #에이틴 #에이틴2 #에이틴김하나 #김하나 #파인에플 #과즙상 #エイプリル #kpop #kdrama #prettygirl #小四月 #李娜恩 #娜恩 #extraordinaryyou #어쩌다발견한하루 #juda #yeojuda ]

A post shared by April Naeun 에이프릴 나은🐰🌸🇭🇰 (@aprillnaeun) on

Naeun ရဲ့ အေဂျင်စီဖြစ်တဲ့ DSP Media က ဒီကိစ္စနဲ့ပတ်သက်ပြီး  ခုလိုပြန်လည်တုံ့ပြန်ထားပါတယ် “ ခုလို စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး Naeun က ဒါဟာ လုံးဝ မဟုတ်ဘူး ဆိုပြီး ငြင်းဆိုထားပါတယ် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေကို စုဆောင်းနေပြီးတော့ ထိထိရောက်ရောက် အရေးယူသွားမှာပဲ ဖြစ်ပါတယ်” ဆိုပြီး ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီလ 29 ရက်နေ့မှာတော့ APRIL အဖွဲ့ရဲ့ special summer single “Hello Summer” ထွက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

READ
မန္တလေးအင်းဝမြို့ကို တဝကြီး လည်ပတ်ပြီး ဓါတ်ပုံတွေရိုက်ခဲ့တဲ့ စိုးပြည့်သဇင်

Khin

SHARE