အိန္ဒိယ၀န်ကြီးချုပ် ရောက်လာတာကို ကာတွန်းဇာတ်ကောင်နဲ့ ဖော်ပြခဲ့တဲ့ ရုပ်သံလိုင်း

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မှာ အစည်းအဝေးတက်ဖို့  အိန္ဒိယ ၀န်ကြီးချုပ်ရောက်လာကြောင်းကို အာဂျင်တိုင်း သတင်းချန်နယ်တစ်ခုက Simpsons ဇာတ်ကောင်း တစ်ခုနဲ့ ဖော်ပြခဲ့တာကြောင်း တော်တော်လေး ဂယက်ထခဲ့ရပါတယ်။

G20 ထိပ်သီးအစည်းအဝေး တက်ဖို့အတွက် ၀န်ကြီးချုပ် လေယာဉ်နဲ့ရောက်လာပုံကို “Apu Arrives” ဆိုတဲ့ စာသားနဲ့ တကွ Cronica TV က ဖော်ပြခဲ့တာပါ။

twitter

ဒီလို ဖော်ပြရာမှာ အသုံးပြုခဲ့တဲ့ Simpson ထဲက အိန္ဒိယဈေးဆိုင်ရှင်ကို အသုံးပြုခြင်း လူမျိုးရေးခွဲခြားတဲ့ အပြုအမူဖြစ်ကြောင်း အင်ဒီယန်း-အမေရိကန်တစ်ချို့က ပြောဆိုနေကြပါတယ်။ ဒီလိုပုံကို အသုံးပြုခဲ့လို့လည်း တစ်ချို့သော ဆိုရှင်မီဒီယာသုံးသူတွေ ဒေါသတကြီး တုန့်ပြန်ခဲ့ကြတာကို တွေ့ရပါတယ်။

TCFFC

သူတို့သုံးထခဲ့တဲ့ ဇာတ်ကောင်နာမည်က Apu Nahasapeemapetilon ဖြစ်ပြီး (၁၉၉၀) ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ Simpsons ဇာတ်လမ်းတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ သူရဲ့ အသံကိုတော့ လူဖြူမင်းသား Hank Azaria ဆိုသူက အိန္ဒိယ နိုင်ငံသားတို့ရဲ့ လေယူလေသိမ်းနဲ့ နောက်ခံပြောဆိုခဲ့တယ်လို့ သိရတယ်။

READ
ကားတစ်စီးလုံး မြစ်ထဲထိုးကျတဲ့အထိ အပြိုင်အဆိုင် စိတ်ဆိုးရန်ဖြစ်ခဲ့ကြတဲ့ စုံတွဲ

ဒီ ဇာတ်ကောင်းအကြောင်း (၂၀၁၇) ခုနှစ်မှာ အင်ဒီယန်း-အမေရိကန် comic ဖန်တီးသူ Hari Kondablou ဆိုသူ ပြန်လည်းမှတ်တမ်းတင် တင်ဆက်ခဲ့တုန်းကလည်း အဲ့ဒီ Apu ဇာတ်ကောင်ဟာ လူမျိုးရေး တစ်ဖက်ပိတ်ဆိုပြီး အငြင်းပွားမှုတစ်ချို့ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အိန္ဒိယသားအားလုံးတော့ Apu ကို လူမျိုးရေး ခွဲခြားတဲ့ ဇာတ်ကောင်လို့ မထင်ကြပြန်ဘူး။

Twitter

Cronica ရဲ့ ဒီလို ဖော်ပြမှုကိုတော့ Mr. Kondabolu က ကန့်ကွက်တဲ့ သဘောသက်ရောက်တဲ့ စာနဲ့ တွစ်တာပေါ်မှာ ရှဲခဲ့တယ်။ ဒီလိုပဲ တခြားသူတွေကလည်း တစ်ပါးနိုင်ငံက ခေါင်းဆောင်တစ်ယောက်ကို ဒီလို နှိုင်းယှဉ်ဖော်ပြတာ မလေးစားရာရောက်တယ်လို့ ဝေဖန်ထောက်ပြခဲ့ကြပါတယ်။

twitter

G20 အစည်းအဝေးကို ရောက်လာတဲ့ ခေါင်းဆောင်တွေထဲမှာ အိန္ဒိယ၀န်ကြီးချုပ် Mr Modi တစ်ယောက်တည်းပဲ ဆိုရှယ်မီဒီယာပေါ်မှာ ဟိုးလေးတစ်ကျော်ဖြစ်တာ မဟုတ်ပါဘူး။ ပြင်သစ် သမ္မတ Emmanuel Macron အင်္ဂါနေ့က ရောက်လာချိန်မှာလည်း ကိုယ်စားလှယ်အဖွဲ့တွေ အချိန်မှီ ရောက်မနေလို့ ကြိုမယ့်သူ တစ်ယောက်မှ ရှိမနေခဲ့ဘူးလို့လည်း သိရပါတယ်။

READ
ကလေး(၅)ယောက် ဆုံးရှုံးခဲ့ရပြီး (၁၆)ကြိမ်တိုင် ကိုယ်ဝန်ပျက်ကျခဲ့တဲ့ အမျိုးသမီး

Source: BBC

Matthew 

 

SHARE