အားလုံး မျှော်လင့်နေကြတဲ့ အားတီရဲ့ “တဖက်သတ် ” MV ထွက်ရှိ

ပရိသတ်မျှော်လင့်နေတဲ့ အဆိုတော် အားတီရဲ့ “တဖက်သတ်” သီချင်း MV ထွက်ရှိလာပါပြီ။မထွက်ရှိခင် ရိုက်ကွင်း နောက်ကွယ်က ပုံရိပ်တွေကို မြင်တည်းက ပရိသတ်စိတ်ဝင်စားမှုကို အပြည့်အ၀ကို ရထားတဲ့ သီချင်းပါ။အားတီ အ ရင်ကြေညာထားတဲ့ အတိုင်းပဲ မတ်(၁၅)ရက်နေ့မှာ ထွက်ရှိလာခဲ့ပါတယ်။သီချင်း MV ကိုတော့ ညောင်ဦးဖီး ကျွန်းပေါ်မှာ ရိုက်ကူးထားတာပါ။

သီချင်းထဲမှာတော့ ထူးအောင်၊အွန်ဆိုင်း၊အားတီ တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီလို အမိုက်စား MV လေး ဖြစ် လာအောင် ဖန်တီးမှုပိုင်းမှာ ပါဝင်ပေးခဲ့ကြတဲ့ တခြားသူတွေကတော့ Music producer JAZ3  နဲ့ Director Jason Slip တို့က အကောင်းဆုံး ပုံဖော်ပေးထားတာပါ။MV တစ်ခုလုံးမှာတော့ အွန်ဆိုင်းကို ဘီကီနီနဲ့ပဲ တွေ့ ရ မှာပါ။ အမိုက်စားရိုက်ချက်တွေနဲ့ ဘယ်လိုတွေ ပုံဖော်ထားလဲ ဆိုတာကို ပရိသတ်တွေ သိရဖို့ ဖော်ပြပေးလိုက်ပါတယ်။

https://www.facebook.com/JOOXMyanmar/videos/403314650457338/

READ
ပရိသတ်တွေရဲ့ နှလုံးသားတံခါးကို ဒေါက်ဒေါက်ဒေါက်လို့ ခေါက်လိုက်တဲ့ နန်းသီရိမောင်
ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်များ

Source JOOX Myanmar page /အားတီ/အွန်ဆိုင်း

SHARE