ပြည်သူနဲ့ အတူ လှူကြမယ် အစီအစဉ်က နေ ရထားတဲ့ အလှူငွေ စာရင်းကို ချ ပြလိုက်တဲ့ AR-T

Image:Fb/AR-T

မြန်မာနိုင်ငံမှာတော့ COVID-19 ကူးစက်မှု အန္တရာယ်နဲ့ ရင်ဆိုင် နေရပါတယ်။ မတ်လ (၂၉) ရက်နေ့က သတင်း ထုတ်ပြန် ချက်အရ ဆိုရင်တော့ နောက်တိုး ကူးစက်လူနာ (၂)ယောက် တွေ့ရှိကြောင်း ကြေညာခဲ့ပါတယ်။ အခုဆိုရင်တော့ ကူးစက်လူနာ (၁၀)ဦး အထိ ရှိသွားခဲ့ပါပြီ။

ရောဂါ ကြောင့် အကူအညီ လိုအပ်နေတဲ့ သူတွေကို လိုအပ်တဲ့ နေရာက နေ လိုအပ်သလို ကူညီပေးနိုင်ဖို့ ပြည်သူနဲ့ အတူ လှူကြမယ် ဆိုတဲ့ အစီအစဉ်ကို ပြု လုပ်နေပါတယ်။ဒီအစီအစဉ်မှာတော့ အနုပညာရှင် တွေ ရော ပြည်သူတွေ ပါ ပါဝင် ပေးနေကြပါတယ်။ဒီအကြောင်းကိုတော့ အဆို တော် အားတီက သူ့ရဲ့ Fb မှာ ဝေမျှ ပေးထားပါတယ်။ဘယ် အနုပညာရှင်တွေ က ဘယ်လောက် ပါဝင် လှူဒါန်းထား ကြသလဲ ဆိုရင်တော့ အောင်ထက်က (၁၀)သန်း၊ဖွေးဖွေးက (၁၁)သိန်း၊ဖြူဖြူ ကျော်သိန်း (၁၀)သိန်း၊စမိုင်းလ် တို့ မိသားစု ကလည်း (၁၀)သိန်း၊အားတီ (၁၅)သိန်း တို့ကို ပါဝင် ကူညီ လှူဒါန်းထားပါတယ်။ထပ်ပြီး လှူဒါန်း ချင်တဲ့ သူတွေရှိရင်လည်း ပါဝင် လှူဒါန်း နိုင် ကြောင်း အားတီက ဖိတ် ခေါ် ထားပါတယ်။

READ
ဂျပန်အပြာမင်းသမီးသုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ ကေပေါ့အဆိုတော်အဖွဲ့
Image:Fb/AR-T

ပြည်သူနဲ့ အတူ လှူကြမယ် အစီအစဉ်မှအနုပညာရှင်များ နှင့် ပြည်သူများ၏ အလှူငွေများကို လေးစား ဂုဏ်ယူစွာ ဖော်ပြလိုက်ပါသည် ။🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
29.3.2020 အထိ ၊ ၃ ရက်အတွင်း ရရှိသော အလှူငွေ ပမာဏမှာ – 27,762,500 kyats ဖြစ်ပါသည် ။

——////////———-

ထပ်မံလှူဒါန်းလိုပါက 👌🏻👌🏻👌🏻 အောက်ဖော်ပြပါ ဘဏ် account ထံသို့ လှူဒါန်းနိုင်ပါတယ် ။
လှူဒါန်းခဲ့ကြတဲ့ screen shot များကို ကျွန်တော် ဇေယျာလင်းထံသို့ပို့ပေးကြပါရန် မေတ္တာ ရပ်ခံပါတယ် ။

ပြည်သူနဲ့အတူလှူကြမယ် အဖွဲ့လေးရဲ့ အဓိကရည်ရွယ်ချက်တွေက…

အနုပညာရှင်များအနေနဲ့…

* သတင်းတခုခုပေးဖို့ လိုအပ်လာရင် လူထုကြားထဲ သတင်းအမှန်မြန်မြန်ရောက်အောင် ကိုယ့်ဝေါတွေမှာ ပို့စ်တင်ပေးကြရန်…

* အနုပညာရှင်များကိုယ်တိုင်အလှူငွေ ထည့်ဝင်လှူနိုင် ကူနိုင်ရန်…

READ
အစပိုင်း အခြေအနေစိုးရိမ်ခဲ့ရပေမယ့် ဆေးရုံကဆင်းခွင့်ရခဲ့ပြီဖြစ်တဲ့ T.O.P

* အနုပညာရှင်များရဲ့ Fan များ အတူလှူချင်ရင် စုပေါင်းလှူနိုင်ရန်..

* လှူလို ကူလိုသော အနယ်နယ်အရပ်ရပ်မှ ပြည်သူများ ယုံကြည်စွာ လှူနိုင်ရန်..

* ရရှိလာတဲ့ အလှူငွေများကို ပွင့်လင်းမြင်သာမှုရှိစွာ စီစဉ်ထားရှိပေးမှာ ဖြစ်သလို လတ်တလော လိုအပ်နေတာတွေကို ကူညီပေးဖို့ နှင့် နောင်ရေရှည်တွင် ဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့အပေါ်မှာ လိုအပ်ရင် လိုအပ်သလို အရေးပေါ်ထုတ်သုံးနိုင်အောင် အလှူငွေများစုဆောင်းထားဖို့ရည်ရွယ်ပါတယ်..

Bank account တွေအနေနဲ့…

KBZ Bank account no. 02110202101153301

AYA Bank account no. 0200102010004918

ဘဏ် ၂ ခုမှာ R ဇာနည် + အောင်ထက် + ဖြိုးပြည့်စုံ + Jewel နာမည် ၄ ခုနဲ့ ဖွင့်ထားပါတယ်…..

အနုပညာရှင်များစွာပါဝင်တဲ့ ယခု ဘဏ်အကောင့် ၂ ခုဖြင့် Covid-19 အတွက် လိုအပ်နေသောအရာများကို ကူညီမျှဝေလိုသော ပြည်သူများအနေနဲ့ စိတ်ချလက်ချလှူဒါန်းနိုင်ကြပါတယ်ခင်ဗျာ..

လှူဒါန်းထားသည်များကို မိမိတို့မိတ်ဆွေများသို့ SS ဖြင့်ပြန်ပို့ပေးကြဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာ…

Source:fb/Ar-T

SHARE