အပြောင်းအရွှေ့ရာသီအစမှာ ကော်တင်ဟိုကို ပေါင်သန်း(၁၃၀)နဲ့ ဘာကာကမ်းလှမ်းမည်

မကြာခင်မှာရောက်ရှိတော့မယ့် (၁၀၁၈)ရဲ့ အပြောင်းအရွှေ့ကာလမှ စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ လီဗားပူးကွင်းလယ်တိုက်စစ် ကစားသမား ကော်တင်ဟိုကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၃၀)နဲ့ ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ နီးစပ်တဲ့ သတင်းအသိုင်းအဝိုင်းက ဆိုပါတယ်။

ကော်တင်ဟိုကိုယ်တိုင်ကလည်း ထိပ်သီးကစားသမားတွေနဲ့ တွဲဖက်ကစားခွင့်၊ ဆုဖလားမျှော်လင့်ချက် စတဲ့အကြောင်းပြချက်တွေနဲ့ ဘာကာကို ပြောင်းရွှေ့လိုနေပြီး ပြီးခဲ့တဲ့ရက်က ဘာစီလိုနာမြို့ပေါ်မှာ မိသားစုနေနိုင်မယ့် အိမ်တစ်လုံး အပူတပြင်းရှာဖွေနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း သူ့ရဲ့အပြောင်းအရွှေ့က သေချာသလောက်နီးနီးလို့ သတင်းတွေက ဆိုကြပါတယ်။

AFP

ဒါ့အပြင် အိမ်ရှာနေပြီဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း မကြာမီမှာ ဘာစီလိုနာရဲ့ အင်္ကျီစပွန်ဆာဖြစ်တဲ့ Niki က ၎င်းတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ကော်တင်ဟိုဟာ ဘာကာကိုပြောင်းရွှေ့ဖို့ကြိုးစားနေပြီလို့ တရားဝင်ဖော်ပြခဲ့ပါတယ်။ ဒီအချက်တွေကို ပေါင်းစည်းလိုက်ပါက ဘာစီလိုနာကို ကော်တင်ဟိုရောက်ရှိဖို့ သေချာသလောက်ရှိနေပြီလို့ ဆိုရမှာပါ။

Niki

ကော်တင်ဟိုကိုယ်တိုင်က လီဗာပူးကနေ ထွက်ခွာချင်နေပြီလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပြီး၊ လီဗာပူးကလည်း ဒီနှစ်မှ ပိုမှန်လာတဲ့ အသင်းရဲ့တန်ပိုကို ဆက်ထိန်းထားဖို့အတွက် သူ့ကို မြင့်မားတဲ့လစာငွေနဲ့ အသင်းမှာဆက်ရှိနေစေဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

READ
(၂၃-၃-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AFP

သို့ပေမယ့် ဘောလုံးကျွမ်းကျင်သူတစ်ဦးကတော့ ကော်တင်ဟိုဟာ ဘာကာကိုရောက်သွားတာနဲ့ လီဗာပူးမှာ ကစားခဲ့ရတဲ့စိတ်ကြိုက်ပုံစံကစားရဖို့မရှိကြောင်း၊ ကွင်းလယ်နောက်ချန်တိုက်စစ်မှူး သို့မဟုတ် တောင်ပံကိုထွက်ကစားရဖို့ရှိပြီး၊ ပုံမှန်ပွဲထွက်ခွင့်ကိုတော့ စိုးရိမ်ဖွယ်ရာမလိုကြောင်း သုံးသပ်ခဲ့တယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

source : mirror.co.uk

SHARE