နှစ်ပေါင်း(၃,၅၀၀) သက်တမ်းရှိသင်္ချိုင်းဂူတွေကိုအီဂျစ်မှာရှာဖွေတွေ့ရှိခဲ့

အီဂျစ်နိုင်ငံတောင်ပိုင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၅၀၀ တုန်းကကျော်ကြားခဲ့တဲ့ ၁၈ယောက်မြောက် အီဂျစ်မင်းဆက်တွေရဲ့ အုတ်ဂူကိုရှာဖွေတွေ့ရှိခဲ့ကြောင်း Mirror သတင်းစာမှသိရှိရပါတယ်။ ရှေးဟောင်းပညာရှင်တွေတွေ့ရှိခဲ့တဲ့ ဂူသင်္ချိုင်းတစ်ခုကတော့ ဟောခန်းအကျယ်ကြီးဆီိကိုသွားတဲ့ ၀င်ပေါက် (၅)ပေါက်ရှိပါတယ်။

(Image: REX/Shutterstock)

နောက်ထပ်ဂူသင်္ချိုင်းတစ်ခုကတော့ အခန်းလေးခန်းဆီကိုသွားတဲ့ (၆)မီတာရှိတဲ့ အလောင်းမြှုပ်တဲ့စင်ကိုတွေ့ခဲ့ပါတယ်။အီဂျစ်နိုင်ငံရဲ့ရှေးဟောင်းဝန်ကြီးဌာန ကတော့ သင်္ချိုင်းဂူတစ်ခုစီမှာရှိတဲ့ ပစ္စည်းတွေကိုပြန်လည်စုဆောင်းသိမ်းဆည်းနေပါတယ်။

(Image: REX/Shutterstock)

နံရံမှာထွင်းထားတဲ့စာတွေကတော့ သင်္ချိုင်းဂူတွေဟာ ၁၈ရာစုနှစ် လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၅၀၀ တုန်းက မင်းဆက်က ထွင်းထားတဲ့စာတွေဖြစ်တယ်လို့ဆိုပါတယ်။ လီနင်စနဲ့ပတ်ထားတဲ့ မံမီရုပ်ကိုတော့ ထောင့်မှန်ပုံဟောခန်းထဲက သင်္ချိုင်းဂူထဲမှာတွေ့ရှိခဲ့ပါတယ်။

(Image: AFP)

သို့ပေမယ့် မြှုပ်နှံထားတဲ့အလောင်းတွေကိုတော့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းမသိရသေးပါဘူး။ ရှေးဟောင်းသုတေသနပညာရှင်တွေက ဆေးခြယ်ထားတဲ့ သစ်သားမျက်နှာဖုံးများ၊ ရွှံ့နဲ့ပြုလုပ်ထားတဲ့ထည့်စရာခွက်များ၊ သစ်သားအခေါင်းအပိုင်းအစများ ပါဝင်ပါတယ်။ အုတ်ဂူကြီးထဲမှာတော့ မြောက်မြားလှစွာသော ကျောက်ဆစ်ရုပ်၊ ကြေးရုပ်စတဲ့အရုပ်တွေအများကြီးရှိကြောင်းသိရပါတယ်။

READ
ချစ်သူရဲ့ချစ်စနိုးအကိုက်တစ်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ကောင်လေး
(Image: AFP)

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE