ကွန်တာနာအခွံအလွတ်တွေကို အသုံးပြုပြီး ကန္တာရထဲမှာ ထူးထူးခြားခြားဆောက်မယ့်အိမ်

ယနေ့ခေတ် ဆောက်လုပ်ရေးလောကမှာ များစွာသော စူးစမ်းရှာဖွေမှုအသစ်တွေ၊ ဖန်တီးတည်ဆောက်မှုအသစ်တွေ များစွာတွေ့ရပါတယ်။ မော်ဒန် ဗိသုကာ အနုပညာလက်ရာတွေဟာ ကမ္ဘာကြီးကို ၄င်းတို့ရဲ့ နောက်ဆုံးသော ဖန်တီးမှုတွေ အံသြမှင်သက်ရအောင် ရိုက်ခတ်မြဲရှိနေပါတယ်။ မြင်ဖူးသမျှ အဆောက်အအုံတွေဟာ သစ်တွေ၊ ကွန်ကရစ်တွေနဲ့ ဖြစ်ပေမယ့် ကွန်တင်နာတွေကို နေထိုင်စရာ အိမ်တစ်ခုဖြစ်အောင် ပြောင်းလဲတည်ဆောက်မှုတွေ ခေတ်စားလာနေပါတယ်။

ဆောက်နှင့်ထားပြီးသား ကွန်တင်နာ အိမ်တော်တော်များလည်း ရှိနေပြီး ဖြစ်သလို တကယ်လည်း သဘောကျစရာကောင်းပါတယ်။ အခုဖော်ပြပေးမယ့် အိမ်ဒီဇိုင်းကတာ့ နည်းနည်း ပိုပြီး ထူးခြားပါတယ်။

whitakerstudio

ဒီ ကန္တာရပန်းပွင့်ပုံ ကွန်တင်နာအိမ်ကို လန်ဒန်အခြေစိုက် ဒီဇိုင်နာ James Whitaker က ဒီဇိုင်ဆွဲခဲ့တာဖြစ်တယ်။ အခုဆို ဆောက်လုပ်မှုက မစတင်ရသေးတဲ့တိုင်း လူတွေကလည်း နောက်ဆုံး ရလဒ်အတွက် စိတ်ဝင်တစားရှိနေကြပါတယ်။ 3D ရုပ်ကြွ ဒီဇိုင်ပေါ်မှာ တည်ဆောက်သွားမှာ ဖြစ်ကြောင်းလည်း သိရတယ်။

READ
တစ်နေ့ကို ကော်ဖီနှစ်ခွက်သောက်သုံးခြင်းက သာမန် သက်တမ်းထက် (၂)နှစ်ပိုရှည်နိုင်...

မီတာ (၂၀၀) ပတ်လည် ကျယ်ဝန်းပြီး အတွင်းမှာ မီးဖိုချောင်၊ ဧည့်ခန်း၊ အိပ်ခန်း သုံးခန်းပါဝင်တယ်။ များစွာသော ကွန်တင်နာ အခွန်တွေကို ဖြတ်ဆက်ပြီး ထောင့်တွေ အသေအချာ ချိန်ညှိပြီး တည်ဆောက်ရမှာဖြစ်တယ်။

ဒီ အိမ်ကို James က Jousha Tree Residence လို့ နာမည်ပေးထားပြီး အမည်မဖော်ပြလိုတဲ့ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်အတွက် ဖြစ်ကြောင်း သိရပါတယ်။ အပ်တဲ့သူက ကယ်လီဖိုးနီးယာ ပြည်နယ်ရှိ မြေဧက (၉၀) ပေါ်မှာ တည်ဆောက်မှာ ဖြစ်ပြီး လာမည့် နှစ်မှာ စတင်မှာဖြစ်ပါတယ်။ နေရောင်ခြည် စွမ်းအင်ကို အခြေခံပြီး ဓာတ်အားကို အသုံးပြုမှာဖြစ်တယ်။ ဆောက်ပြီးရင် ထွက်လာမယ့် ပုံတွေကိုလည်း လေ့လာကြည်ရအောင်…

1.

whitakerstudio

2.

READ
တစ်ပတ် တစ်ကြိမ် Volunteer လုပ်တာက အပြင်းစားလေ့ကျင့်ခန်းလုပ်တာနဲ့ တူညီ
whitakerstudio

3.

whitakerstudio

4.

whitakerstudio

5.

whitakerstudio

6.

whitakerstudio

7.

whitakerstudio

8.

whitakerstudio

9.

whitakerstudio

Source: Elite Reader

Matthew (ShweMOM)
SHARE