ရုပ်ရည်ချောမောလှပသူတွေကသာမန်လူတွေထက် confidenceပိုရှိကြသလား

ရုပ်ရည်ချောမောလှပသူတွေက သာမန်လူတွေ၊ရုပ်ရည်မလှပသူတွေထက်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိကြသလား ဆိုတာနဲ့ပတ်သက်ပြီး လူတွေရဲ့အမြင်ယူဆချက်နဲ့တကယ့်လက်တွေ့ဘ၀တွေနှိုင်းယှဉ်ကြည့်လိုက်တဲ့အခါရုပ် ရည်ချောမောလှပမှုဟာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေတဲ့တကယ့်အမှန်တရားတစ်ခုမဟုတ်ဘူးဆိုတာတွေ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရည်ချောမောလှပကြတဲ့ ကမ္ဘာကျော်celebritiesတွေဟာအမြဲတမ်းသူတို့ကိုယ်သူတို့ယုံကြည်မှု ရှိမနေကြဘူးဆိုတဲ့အချက်ကြောင့်ဖြစ်ပါတယ်။

လူအများစုက အောင်မြင်မှုရရှိနေတဲ့ နာမည်ကြီး celebrity တွေဟာသူတို့ရဲ့ရုပ်ရည်ချောမောလှပမှုကြောင့်အောင်မြင်မှု ရရှိကြတယ်လို့ယုံကြည်နေကြပါတယ်။ဒါပေမယ့် ဒီအချက်ကcelebrityအရေအတွက်အနည်းငယ်အတွက်သာဖြစ်တယ် ဆိုတာ ဥပမာနဲ့သက်သေပြနိုင်ပါတယ်။နာမည်ကျော်အဆိုတော် Bob Dylanဟာ ကျွန်မတို့သိထားတဲ့အတိုင်း ပညာရှင် အဆင့် ဂီတပညာရှင်တွေထဲကတစ်ဦးဖြစ်နေပေမယ့်သူ့ရဲ့သီချင်းရေးသားမှု ဂစ်တာတီးစွမ်းရည်တွေနဲ့ပတ်သက်ပြီး အခုချိန်ထိ သူ့ကိုယ်သူယုံကြည်မှုအပြည့်အ၀မရှိသေးဘူးလို့ဆိုပါတယ်။အလားတူ နာမည်ကြီးရုပ်ရှင်သရုပ်တွေဖြစ်ကြတဲ့ Tina Fey နဲ့ Tom Cruiseတို့ကလည်း အခုချိန်ထိ သူတို့ရဲ့အနုပညာစွမ်းရည်တွေနဲ့ပတ်သက်ပြီး ယုံကြည်မှုရှိဖို့အခက် အခဲဖြစ်နေတုန်းပဲလို့ဆိုကြပါတယ်။

တကယ်တော့ လူတစ်ယောက်ရဲ့ရုပ်ရည်သွင်ပြင်နဲ့လှပမှုက သူတို့ကိုအောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်အောင် အပြည့်အ၀မပြောင်းလဲပေးနိုင်ကြပါဘူး။သူတို့ဘ၀မှာ ဘယ်လိုအခက်အခဲတွေကို အောင်မြင်စွာကျော်ဖြတ်ပြီး ကမ္ဘာကြီး ကိုအနိုင်ယူနိုင်ခဲ့လဲဆိုတဲ့အချက်ကသာသူတို့ရဲ့ဘ၀ကိုအမှန်တကယ်ပြောင်းလဲစေနိုင်တာပါ။အမှန်တကယ် ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိခြင်းရဲ့ အခြေခံအကျဆုံးအချက်ကတော့ကိုယ်ရူးသွပ်တဲ့အရာ၊ရည်မှန်းချက်ပန်းတိုင်ကိုကိုယ်တိုင် ချစ်မြတ်နိုးပြီးအကောင်အထည်ဖော်ဖို့ပါပဲ။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို လူတွေရဲ့ဝေဖန်သုံးသပ်ချက်၊အမြင်တွေပေါ်မှာ ပြောင်းလဲခံစားနေမယ့်အစား ဦးနှောက်နဲ့ စဉ်းစားချင့်ချိန်ပြီး ကိုယ်ပိုင်ယုံကြည်ချက်ပြောင်းလဲမသွားဖို့အဓိကအရေးကြီးပါတယ်။တကယ်တော့လူတွေ ရဲ့ဝေဖန်ပြစ်တင်မှုတွေကို ဦးနှောက်နဲ့ချင့်ချိန် ထိန်းချုပ်နိုင်စွမ်းကသာ စိတ်ပညာသဘောတရားအရရော ဘ၀အတွက် အမှန်တကယ်ရှိသင့်တဲ့ self-confidence အတွက်ပါ အကောင်းဆုံးအထောက်အကူပြုနိုင်မယ့်အရာဖြစ်ပါတယ်။

READ
အသေးအဖွဲဆိုပေမယ့် စိတ်ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သည့်အရာလေးများ

မိမိကိုယ်ကိုယ်ယုံကြည်မှု အမှန်တကယ်ရှိခြင်းဆိုတာ စိန်ခေါ်မှုနဲ့ စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်ခြင်းဆိုတဲ့အခြေခံအချက်နှစ် ချက်ကနေဖြစ်ပေါ်လာတယ်လို့ဆိုရင်မမှားပါဘူး။ဘ၀မှာ စိတ်ဓာတ်ကျခြင်း၊ ပျော်ရွှင်မှုကိုမခံစားရခြင်း၊ အရှုံးနဲ့ရင်ဆိုင်ရခြင်း စတဲ့ ဘ၀ရဲ့ အဆိုးဆုံး စိန်ခေါ်မှုတွေနဲ့ကြုံရတိုင်း ရင်ဆိုင်ကျော်ဖြတ်နိုင်ခြင်းကသာ မိမိကိုယ်မိမိ ယုံကြည်မှု တိုးစေမှာဖြစ် ပါတယ်။

နောက်တစ်ချက်က confidenceရှိခြင်းနဲ့ပျော်ရွှင်မှုရှိခြင်းကလည်းဆက်စပ်နေပါတယ်။အခက်အခဲစိန်ခေါ်မှုတွေကြုံလာ တိုင်း အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းခြင်းနဲ့လက်မခံနိုင်ခြင်းကြားမှာ ပျော်ရွှင်မှုဆိုတဲ့အရာကိုလက်လွှတ်ဆုံးရှုံးရတာ ပါ။အားလုံးအနှစ်ချုပ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းဟာ ရုပ်ရည်ချောမောလှပမှုမှာ မမူတည်ဘဲဘ၀ရဲ့စိန်ခေါ် မှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခြင်းမှာပဲ မူတည်ပြီး အဲဒီလိုစိန်ခေါ်မှုတွေရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ ကိုယ်တိုင်ပျော်ရွှင်မှုရှိနေဖို့ လိုတယ်ဆိုတာပါပဲ။

ဒါကြောင့် ကိုယ်ဝါသနာပါရာအလုပ်နဲ့ ကိုယ်ယုံကြည်ရာရည်မှန်းချက်တွေနဲ့ ဘ၀ကိုပျော်ပျော်ရွှင်ရွှင်ဖြတ် သန်းနိုင်ဖို့လို တယ်ဆိုတာ Shwemomပရိသတ်ကြီးအတွက် ရေးသားမျှဝေပေးလိုက်ရပါတယ်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

Ref:lifehack.org

SHARE