ဗြိတိန်ရဲ့ရှေးအကျဆုံးဖြစ်နိုင်ချေရှိတဲ့ ပထမကမ္ဘာစစ်အပြီးက ခရစ်စမတ်မီးသီးများ

ပထမကမ္ဘာစစ်အပြီးက ၀ယ်ယူထားခဲ့တဲ့ ဗြိတိန်ရဲ့ရှေးအကျဆုံးလို့ထင်ရတဲ့ ခရစ်စမတ်အလှဆင်ပစ္စည်းတွေကို ဘုန်းတော်ကြီးဟောင်းတစ်ပါးက ပြတိုက်ကိုပေးလှူခဲ့ကြောင်း Dailymail သတင်းစာမျက်နှာမှာတွေ့ရှိရပါတယ်။ Devon က သိက္ခာတော်ရ ဘုန်းတော်ကြီးတစ်ယောက်ဖြစ်တဲ့ Geoffrey Squire မှာ (၇၁)နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ခရစ်စမတ်မီးသီးတွေနဲ့ ပွဲတော်မှာတပ်ဆင်လေ့ရှိတဲ့ ဖန်အလှဆင်ပစ္စည်းတွေရှိပါတယ်။

ဘုန်းတော်ကြီးကတော့ အသက်(၈၁)နှစ်ရှိပါပြီ။ Geoffrey ဟာနှစ်စဉ်နှစ်တိုင်းလိုလို အဆိုပါခရစ်စမတ်အလှဆင်ပစ္စည်ေးတွကို အသုံးပြုလေ့ရှိပြီး ဒီနှစ်မှာလည်း ဒေသကပြတိုက်ကိုမလှူသေးခင် ခရစ်စမတ်မှာ အလှဆင်မယ့်အကြောင်း သိရှိရပါတယ်။

Geoffrey က “…ကျွန်တော့်အမေဖက်က အဖိုးအဖွားတွေက ၁၉၁၈ ပထမကမ္ဘာစစ်ပြီးတာကြောင့် အထိမ်းအမှတ်သဘောဆင်နွှဲဖို့ နုနုရွရွ ဖန်အလှဆင်ပစ္စည်းလေးတွေ ၀ယ်ခဲ့တာ…. ကျွန်တော့်မိသားစုတွေကလဲ တရိုတသေထိန်းသိမ်းခဲ့တာ..၁၉၄၆ ခုနှစ်တုန်းက မီးသီးအပို(၂)ခုလဲ အခုထိကျန်နေသေးတယ်….”

“…အခုတော့ ဒီလိုမျိုးမီးသီးလေးတွေက ရှာလို့မရနိုင်တော့ဘူး… ကျွန်တော်နဲ့ ကျွန်တော့်ညီမက ခရစ်စမတ်မှာ လူတွေအိမ်ခေါ်လေ့ရှိတော့ ခရစ်စမတ်အငွေ့အသက်လေးရအောင်ပြင်ဆင်ရတာပေါ့…ကျွန်တော့်တို့ငယ်ငယ်ကတည်းကလဲ ခရစ်စမတ်သစ်ပင်အမြဲရှိတာပဲလေ… ”လို့ဆိုပါတယ်။

READ
လက်နှက်နဲ့လုယက်ဖို့ကြိုးစားသူကို ကောင်းကောင်းပညာပေးလိုက်တဲ့လက်ဝှေ့မယ်

လွန်ခဲ့တဲ့(၁၀)နှစ်ကတည်းက အနားယူခဲ့တဲ့ ဘုန်းတော်ကြီး Squire က သူ့ရဲ့ ဖန်ပစ္စည်းလေးတွေကို သာမန်လမ်းဘေးဆိုင်တွေဆီမရောက်စေချင်တာကြောင့် Barnstaple ပြတိုက်ကိုလှူမှာဖြစ်ကြောင်း သိရပါတယ်။

လင်းလင်း(Shwemom)

SHARE