ကမ္ဘာ့အနှေးကွေးဆုံး သတ္တ၀ါဖြစ်တဲ့ Sloth တွေကို အိမ်မှာမွေးထားလို့ရလား

Youtube

ဒီမေးခွန်းက တကယ့်ကို စိတ်ဝင်စားစရာပါ။ ကမ္ဘာပေါ်က အနှေးကွေးဆုံး သတ္တ၀ါတွေထဲမှာ တစ်ကောင်အပါအ၀င်ဖြစ်တဲ့ Sloth တွေကို တချို့တွေက အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားဖို့ ဆန္ဒရှိနေကြတာပါ။ (ကာတွန်းကားတွေဘာတွေထဲမှာတော့ ဒီကောင်ကြီးတွေက ချစ်စရာကောင်းတယ်လေ)။

ဒါပေမယ့် တကယ်တမ်း သူတို့ နှေးနေပုံနဲ့ သူတို့ကို မွေးထားရတာ စိတ်ရှည်ပ့ါမလား။ သူတို့ကရော လိမ်မာတဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်နိုင်ပါ့မလား။ ဗဟုသုတရဖို့အတွက် ဒီအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါနော်။

 

Sloth တွေက တကယ်ပဲ စိတ်ရှည်ကြသလား

Sloth တွေဟာ ဖြည်းဖြည်းနဲ့ အေးဆေးပဲ သွားတတ်ကြတဲ့ သတ္တ၀ါတွေမို့ သူတို့က စိတ်ရှည်ကြလိမ့်မယ်လို့ ထင်စရာပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ သူတို့က ရန်လိုစိတ်ပြင်းတဲ့ သတ္တ၀ါတွေပါ။ သူတို့က ရန်သူတွေကို ပြင်းပြင်းထန်ထန် ကိုက်ခဲလေ့ရှိကြပြီး ဒေါသကြီးတတ်ကြပါတယ်။

READ
McDonald's ဆိုင်တွေကို ဖွင့်ခွင့်တားမြစ်ပိတ်ပင်ထားတဲ့ နိုင်ငံ (၇)နိုင်ငံ

Sloth တွေဟာ မြေပြန့်မှာနေနိုင်သလား

Sloth တွေကို မြန်မာလိုဆိုရင် မျောက်မောင်းမ လို့ခေါ်ကြပါတယ်။ သူတို့က သစ်ပင်မှာ တွဲခိုနေတာ၊ သစ်ပင်ပေါ်မှာ ဇောက်ထိုးနေရတာ ကို သဘောကျကြသူတွေဖြစ်ပြီး သစ်ပင်တွေကြားမှာ ပိုပျော်ကြသူတွေပါ။ ဒါပေမယ့် မြေပြင်ပေါ်မှာဆိုရင်တော့ သူတို့ရဲ့နေထိုင်မှုက အဆင်မပြေဖြစ်နေတတ်ပြီး လှုပ်ရှားမှုတွေကလည်း ပုံမှန်ထက်ပိုပြီး နှေးကွေးသွားတတ်ကြပါတယ်။

Sloth တွေက ဘာတွေစားတတ်ကြလဲ

Sloth တွေက များသောအားဖြင့် ဟင်းသီးဟင်းရွက်တွေ၊ သစ်ရွက်နဲ့သစ်သီးတွေကို စားတတ်ကြပြီး သူတို့ရဲ့ စားသောက်ပုံက နည်းနည်းတော့ ရှုပ်ထွေပါတယ်။ သူတို့က အမျှင်ဓာတ်များတဲ့ အသီးအရွက်တွေကို စားရမှသာ ကိုယ်ခန္ဓာရဲ့ လုပ်ငန်းတွေ စနစ်တကျလည်ပတ်နိုင်တာဖြစ်ပြီး လူတွေစားတဲ့ အသီးအရွက်တွေက သူတို့နဲ့ ကိုက်ညီမှု မရှိဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။

READ
ဝသထက်ဝလာဖို့ကို အပြိုင်အဆိုင် ယှဉ်ပြိုင်ကြတဲ့ အီသီယိုးပီးယားနိုင်ငံက ဘိုဒီလူမျိုးစု

Sloth တွေက ဘယ်လိုရောဂါတွေအဖြစ်များလဲ

များသောအားဖြင့်တော့ Sloth တွေက အရေပြားနဲ့ဆိုင်တဲ့ ရောဂါတွေအဖြစ်များကြပြီး အဲဒီရောဂါတွေကလည်း လူသားတွေဆီကို လွယ်လွယ်ကူကူ ကူးစက်နိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ သူတို့ဟာ မွေးမြူခြင်းခံထားရပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ မပျော်ရွှင်မှုတွေလည်း ဖြစ်လာကြပြီး အဲဒါကလည်း ရောဂါတစ်ခုအသွင် ဆောင်သွားတတ်ကြပါတယ်။

ဒီတော့ Sloth တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးသင့်လား

လေ့လာသူတွေကတော့ Sloth တွေဟာ ပုံသဏ္ဍာန်အရ ချစ်စရာကောင်းပေမယ့် အိမ်မှာမွေးဖို့တော့ မသင့်တော်ဘူးလို့ ဆိုကြပါတယ်။ သူတို့ရဲ့ အစာစားတဲ့ စနစ်တွေ ၊ ရောဂါဖြစ်ပွားချိန်မှာ ကုသဖို့ ခက်ခဲတာတွေ ၊ နေထိုင်ဖို့အတွက် မြေပြန့်မှာ အဆင်မပြေတာတွေ ၊ မထင်မှတ်ပဲ ဒေါသကြီးတတ်တာတွေနဲ့ လူတွေဆီ ကူးစက်တတ်တဲ့ရောဂါတွေကြောင့် Sloth တွေကို မွေးဖို့ ဘယ်လိုမှ အဆင်မပြေပါဘူးတဲ့နော်…။

Linn

SHARE