သူငယ်ချင်းတွေအပေါ် သင်က မကောင်းတဲ့သူဖြစ်နေသလားဆိုတာ သိနိုင်မယ့် အချက်များ

သင့်ဟာ သူငယ်ချင်းတွေအပေါ် မကောင်းတဲ့သူဖြစ်သလားဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ခိုင်းတာက သင်ပြောင်းလဲသင့်ရင် ပြောင်းလဲပစ်ဖို့ပါ။ လူတိုင်းကတော့ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ပြည့်စုံနေတဲ့ သူငယ်ချင်းမျိုးဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် သူငယ်ချင်းတွေ သင့်ကို ရှောင်ဖယ်သွားကြပြီးဆိုရင် သင့်ကိုယ်သင် မေးခွန်းတွေ ပြန်မေးသင့်ပါပြီ။ တစ်ခါတစ်လေ သူငယ်ချင်းအပေါ် ပြုမှုလိုက်တဲ့ အပြုအမှုက သင့်ကို bad friend တစ်ယောက်ဖြစ်စေနိုင်ပါတယ်။

သူငယ်ချင်းကောင်းတွေရဲ့ အမူအကျင့်များ

– အားကိုးရတယ်
– ရိုးသားတယ်
– ပွင့်လင်းတယ်
– စနောက်တယ်
– အမြဲအားပေးနေတယ်
– ဘာအရာမဆို နားထောင်ပေးတယ်

သူငယ်ချင်းအပေါ်ကို အမှတ်မထင် ပြုမှုမိနေတဲ့ Bad Friend အဖြစ် သတ်မှတ်ခံရမယ့် အမူအကျင့်တွေကတော့ …

(၁) အတင်းပြောတတ်တာ
lovepanky

ဘယ်လို friendship မျိုးမှာမဆို တစ်ယောက်အပေါ် တစ်ယောက်ယုံကြည်မှုက မရှိမဖြစ်လိုအပ်ပါတယ်။ သင့်ကို တစ်စုံတစ်ယောက်က အကြောင်းအရာတစ်ခုခုကို အတင်းလာပြောခဲ့ရင် သင့်က ရှောင်ပစ်ဖို့လိုပါတယ်။ ပြီးတော့ ရှောင်မရတဲ့အခြေအနေမျိုးမှာ သင်က Positive ဘက်ကိုပဲ ပြောပေးပါ။ တကယ်လို့ သင်က ဒီအတင်းပြောတဲ့အခြေအနေမှာ လိုက်ပါပြီး ပြောနေမယ်ဆိုရင်တော့ သင့်က bad friend ဖြစ်သွားပါပြီ။

READ
ဘယ်သူ့အချုပ်အနှောင်ကိုမှ ခံမှာမဟုတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့လက္ခဏာများ
(၂) လူတွေကို ကဲ့ရဲ့နေတတ်တာ

သင့်သူငယ်ချင်းက ဘယ်သူ ၊ ဘာလုပ်တဲ့ လူမျိုးဆိုတာကို ကဲ့ရဲ့မနေဘဲ ကောင်းကောင်းလက်ခံဖို့လိုပါတယ်။ သူငယ်ချင်းပြင်လာတဲ့ မိတ်ကပ်က ကြည့်ရဆိုးနေတာမျိုးဆိုရင်တော့ သူငယ်ချင်းကို ကဲ့ရဲ့လိုက်တာထက် အကြံတွေပေးပါ။ ကဲ့ရဲ့တာက သူငယ်ချင်းကောင်းတွေ လုပ်ရတဲ့ အလုပ်မျိုးမဟုတ်ပါဘူး။ သူငယ်ချင်းကောင်းဖြစ်ချင်ရင် သင့်သူငယ်ချင်းကို အကောင်းဆုံးအကြံတွေပေးနိုင်ဖို့ ကြိုးစားပါ။

(၃) ဘယ်တော့မှ နားမထောင်ပေးတာ

Friendship ရဲ့ အဓိကသော့ချက်ကတော့ တစ်ယောက်စကားကို တစ်ယောက်နားထောင်ပေးဖို့ပါပဲ။ သင့်သူငယ်ချင်း ရင်ဖွင့်တာကို အေးအေးဆေးဆေးနဲ့ နားထောင်ပေးဖူးလား ၊ ရှောင်နေခဲ့တာလား ။ ရှောင်နေခဲ့တာမျိုးဆိုရင်တော့ သင့်ကိုယ်သင် bad friend တစ်ယောက်လို့ သတ်မှတ်လိုက်ပါတော့။ Friendship ဆိုတာ အားပေးနေဖို့ ၊ အကြံကောင်းတွေ ပေးနေဖို့ပါ။

READ
လိုချင်တာလည်းရပြီး ပိုက်ဆံလည်းစုမိစေမယ့် အထိရောက်ဆုံးရည်ရှည်နည်းလမ်း (၄) ခု
(၄) သူငယ်ချင်းဆီက ပိုက်ဆံချေးပြီး ပြန်မပေးတတ်တာ

သင်ဟာ သူငယ်ချင်းဆီက ပိုက်ဆံတွေချေးပြီး ပြန်မပေးတတ်တဲ့သူမျိုးလား။ အမြဲလိုလို ပိုက်ဆံချေးပြီး ဘယ်တော့မှ ပြန်မပေးတတ်ဘူးဆိုရင် သင့်က bad friend ဖြစ်နေပါပြီ။ Respect မရှိတဲ့သဘောမျိုးကြောင့် ဒီလိုမျိုးက မလုပ်သင့်ပါဘူး။ ဒီလိုအကျင့်မျိုးရှိနေရင် သင့်ကိုယ်သင် ပြန်ပြင်ပါ။

(၅) သူငယ်ချင်းအတွက် အချိန်မပေးနိုင်တာ
lovepanky

အလုပ်အကိုင် ရှိလာခဲ့ရင် အလုပ်များမယ် ၊ တစ်ခါတစ်လေ တွေ့ဖို့ခက်ခဲလာတဲ့ အချိန်တွေမှာ သူငယ်ချင်းတွေနဲ့ တွေ့ရဖို့ ချိန်းထားတာကို ဖျက်ပစ်လို့ရပါတယ်။ ဒါပေမယ့် အမြဲလိုလိုတွေ့ဖို့ကို ဖျက်ပစ်လာတယ် ဆိုရင်တော့ သူငယ်ချင်းတွေကို ဆုံးရှုံးသွားရတော့မှာပါ။ သူငယ်ချင်းအတွက် အချိန်ပေးပါ ၊ နေ့လည်စာစားချိန်အားရင် ကော်ဖီသောက်ဖို့ သူငယ်ချင်းကိုခေါ်ပါ ။ အချိန်ဆိုတာ သင့်က လုပ်တာပါ ။ အချိန်မရှိဘူးဆိုတာ တကယ်တော့ ဆင်ခြင်တွေပါပဲ။

Hannwe Soe

SHARE