သင့်နားကို ဒါတွေလုပ်မိနေပါက အမြန်ဆုံးရပ်တန့်သင့်ပါတယ်။

နားဟာလည်း ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခု ပါ။နေ့စဉ်တိုင်းအမူမဲ့အမှတ်မဲ့ လုပ်နေမိတဲ့ တစ်ချို့အရာတွေက နားကျန်းမာရေး ကို ထိခိုက်စေတတ်ပါတယ်။အဲ့ဒါတွေကတော့..

(၁)နားကြပ်တံ

နားသန့်ရှင်းရေးကြောင့်ပဲဖြစ်စေ၊နားယားလို့ပဲဖြစ်စေ အသုံးပြုနေတဲ့ နားကြပ် တံတွေက နားကျန်းမာရေးကို ထိခိုက်စေတဲ့ အရာတွေထဲက တစ်ခုပါ။ နားကြပ်တံကို အသုံးပြုရာမှာ နားရဲ့အတွင်းပိုင်းတွေထဲအတိ အတင်းထိုး ထည့်ပြီး သန့်ရှင်းရေးလုပ်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။အသုံးပြုမယ်ဆိုရင်လည်း ဖုန်နဲ့တခြားအမှုန်အ မွှားတွေ မ၀င်နိုင်အောင် ဗူးထဲမှာ စနစ်တကျ အလုံပိတ်ပြီး သိမ်းထားတဲ့ နားကြပ်တံမျိုးကိုသာ အသုံးပြုသင့်ပါတယ်။

(၂)နားကပ်/နားကွင်း

နားမှာဝတ်ဆင်တဲ့နားကပ်၊နားကွင်းတွေအဟောင်းတွေကို အရက်ပျံနဲ့ပုံမှန်သန့် ရှင်းရေးလုပ်ပေးသင့်ပါတယ်။နားကွင်းဟောင်းတွေဆိုလို့ နားကွင်းသစ်တွေ မပါ ဘူးလို့ မထင်လိုက်ပါနဲ့။နားကွင်းသစ်တွေက ပိုပြီးတော့တောင် ရောဂါ ပိုးမွှားေ တွ ကပ်ငြိနေနိုင်ပါတယ်။ဒါကြောင့် အရက်ပျံနဲ့သေချာအောင် သန့်ရှင်းပြီးမှ ၀တ် သင့်ပါတယ်။

READ
ကိုယ်အလေးချိန်များသူများဦးနှောက်ပျက်စီးမှုနှင့်အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေများပြား

index

(၃)ဆူညံတဲ့သီချင်းသံ

60% volume ထက်ကျော်လွန်တဲ့ အသံတွေကို တစ်နေ့လျှင်တစ်နာရီထက်ပို နားထောင်ရင် နားကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် သီချင်းနားထောင် တဲ့အခါမှာ ဒီအချက်ကို သတိပြုသင့်ပါတယ်။

(၄)စိတ်ဖိစီးမှု

နားကျန်းမာရေးကို ထိခိုက်စေတဲ့ အထဲမှာ စိတ်ဖိစီးမှုဟာလည်း တစ်ခုအပါ အ၀င်ပါ။စိတ်ဖိစီးမှုပမာဏာအရမ်းမြင့်လာပြီဆိုရင် နားထဲမှာစိတ်လှည့်စား မှုကြောင့်ဖြစ်တဲ့ အသံတွေထွက်ပေါ်လာတတ်ပါတယ်။အဲ့ဒီလိုဖြစ်လာပြီဆို ရင်တော့ တရားထိုင်တာ၊လေ့ကျင့်ခန်းလုပ်တာနဲ့ရောဂါကုထုံး ကုသ မှုခံယူတာတွေ လုပ်သင့်ပါတယ်။

headphones1

(၅)နားထဲကို ရေ/ဆပ်ပြာဝင်တာ

ရေကူးကန်၊ပင်လယ်နဲ့နောက်ဆုံး ရေချိုးခန်းထဲမှာရေချိုးပြီးရင် နားကိုခြောက်ေ သွ့အောင် ထားသင့်ပါတယ်။အဲ့ဒီလို မထားဘူးဆိုရင်တော့ နားထဲမှာဗက်တီးရီး ယားတွေပေါက်ဖွားပြီး နားကျန်းမာရေးကို ထိခိုက်စေပါတယ်။

(၆)နားကို အနားပေးပါ

အရမ်းဆူညံတဲ့နေရာတွေ(ဖျော်ဖြေပွဲ၊ရှိုးပွဲတွေ)က ပြန်လာပြီး နောက်တစ်နေ့ဆိုရင် နားကို အနားပေးသင့်ပါတယ်။အနားပေးသင့်တဲ့အချိန်ပမာဏကတော့ (၁၆) နာရီပါ။နားကို ခဏအနားပေးတဲ့အနေနဲ့ ဥပမာ-ဆိတ်ငြိမ်တဲ့နေရာတစ်ခုခုမှာ စာအုပ်ဖတ်တာ တို့ လုပ်ပေး သင့်ပါတယ်။

READ
ဆေးလိပ်သောက်တဲ့သူတွေဟာ အိုမင်းရင့်ရော်မှုဒဏ်ကို နှစ်ဆ မြန်မြန်ခံစားရနိုင်

Ref;evonews

SHARE