တက်ရောက်ဖို့စာရင်းပေးသူ (၁)သန်းကျော်နေလို့ စိတ်ပူနေတဲ့ Area 51 Event ဖန်တီးသူ

Jackson Barnes Facebook

ပြီးခဲ့တဲ့တစ်လောက Facebook မှာ လူပြောများနေတဲ့ ‘Storm Area 51, They Can’t Stop All Of Us’ ဆိုတဲ့ Event အ ကြောင်း သိပြီးကြပြီလား။ လာမယ့် စက်တင်ဘာ (၂၀)ရက်နေ့မှာ တားမြစ်နယ်မြေဖြစ်တဲ့ Area 51 ကို သွားရောက် စီးနင်းကြဖို့ စီစဉ်ထားတဲ့ Event တခုပါ။ လက်ရှိအချိန်မှာတော့ တက်ရောက်မယ်လို့ စာရင်းပေးသူ ၁.၈ သန်း နဲ့ စိတ် ဝင်စားကြောင်း ဖော်ပြထားတဲ့သူ ၁.၃ သန်းထက်မနည်း ရှိနေတဲ့ Mega Event ကြီး တခုဖြစ်နေပါပြီ။

ဂြိုလ်သားတွေနဲ့ပတ်သက်တဲ့ ဟောလိဝုဒ်ရုပ်ရှင်တွေ၊ စာအုပ်တွေ ဖတ်ဖူးသူတွေအနေနဲ့ Area 51 ဆိုတဲ့နေရာကို ရင်း နှီးမှာပါ။ အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ်မှာရှိတဲ့ နီဗားဒါးသဲကန္တာရထဲမှာရှိတဲ့ အမေရိကန်လေတပ်စခန်းတခုကို ခေါ်ဆိုတာဖြစ်ပြီး အဓိကအားဖြင့်တော့ အဲဒီစခန်းမှာ ကမ္ဘာကိုရောက်လာတဲ့ ဂြိုလ်သားတွေကို စမ်းသပ်မှုတွေပြုလုပ် နေတယ်လို့ နာမည်ကြီးနေတာပါ။ ဂြိုလ်သားတွေအပြင် အမေရိကန်စစ်တပ်ရဲ့ လူသိမခံတဲ့ ခေတ်လွန် စစ်လက်နက် ပစ္စည်းတွေ စမ်းသပ်တဲ့နေရာအဖြစ်လည်း နာမည်ကြီးပါသေးတယ်။ အမေရိကန်အစိုးရကလည်း အဲဒီမှာ ဘာတွေလုပ် နေတယ်၊ ဘာတွေစမ်းသပ်နေတယ်ဆိုတာကို အခုအချိန်အထိ လျှို့ဝှက်ထားပါတယ်။ ဒါ့အပြင် Area 51 ပတ်ဝန်းကျင် ကိုလည်း လုံခြုံရေးကို သေသေချာချာတင်းကြပ်ထားပါတယ်။

Jackson Barnes/Facebook

အခု Event ကို စတင်ဖန်တီးသူကတော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ Matty Roberts ပါ။ ပြီးခဲ့ တဲ့ ဇွန်လကုန်ပိုင်းလောက်က ဖန်တီးခဲ့တာဖြစ်ပြီး ဟာသသဘောအနေနဲ့ ဖန်တီးခဲ့တာဖြစ်နိုင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ရှင်းပြချက်မှာရေးထားတဲ့ ‘ငါတို့ နာရူတို(နင်ဂျာ)လို ပြေးကြရင် သူတို့(စစ်တပ်)ရဲ့ ကျည်ဆံတွေကို ရှောင်နိုင် မှာပါ။ ဂြိုလ်သားတွေကို သွားတွေ့ကြစို့ ’ လို့ ရေးထားလို့ပါပဲ။

Posted by Ryan Pierce on Saturday, July 20, 2019

ဒါပေမဲ့ အခုလို လူသန်းနဲ့ချီပြီး လာဖို့စာရင်းပေးနေတာ၊ နာမည်ကြီးနေတာကြောင့် ရောဘတ် တယောက် စိတ်ပူနေပါ ပြီ။ နာမည်ကြီး သတင်းဌာန CNN နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရောဘတ်က ‘ပထမ ၃ ရက်လောက်ကတော့ အေး အေးဆေးဆေးပဲ။ လူ ၄ဝ လောက်ပဲ စိတ်ဝင်စားကြတာပေါ့။ ဒါပေမဲ့ ရက်နဲနဲကြာတော့ အင်တာနက်မှာ ပေါက်သွားတယ် ဗျာ။ ကျွန်တော့်မှာ ဘယ်နေ့ FBI က တံခါးလာခေါက်မလဲဆိုပြီး ကြောက်နေရပြီ’ လို့ ပြောခဲ့ပါတယ်။ ရောဘတ်က ဒီအ ကြံကို အမေရိကန် နာမည်ကျော် Podcaster Joe Rogan ရဲ့ Podcast တခုကို နားထောင်ပြီး ရခဲ့တာလို့ ပြောခဲ့ပါ တယ်။

 

သူနားထောင်ခဲ့တဲ့ အသံဖိုင်မှာ Area 51 Expert Bob Lazar နဲ့ ရုပ်ရှင်ဒါရိုက်တာ Jeremy Cobwell တို့ ဆွေးနွေးတာကို နားထောင်ခဲ့ရတာပါ။ (Bob Lazar က သူဟာ Area 51 မှာ အလုပ်လုပ်ဖူးပြီး အဲဒီမှာ ဂြိုလ်သားယာဉ်ပျံတွေအ ကြောင်း သုတေသနလုပ်နေတယ်လို့ ထုတ်ဖော်ပြောပြီး နာမည်ကြီးလာသူပါ။) ရောဘတ်ကတော့ သူ့အနေနဲ့ ဒီ Event ကို Meme အတွက်သာ ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပြီး Event မှာ တက်ရောက်မယ်လို့ click နှိပ်သူတွေကလည်း ဒီရည်ရွယ်ချက်နဲ့ နှိပ်တာ ဖြစ်နိုင်ချေများပါတယ်။ ဒါပေမဲ့ အမေရိကန်လေတပ်ကတော့ သူတို့အ နေနဲ့ Area 51 ကို ကျူးကျော်လာသူတွေကို ထိထိရောက်ရောက်နှိမ်နှင်းမှာဖြစ်တယ်လို့ ကြေညာထားတာကိုလည်း တွေ့ရပါတယ်။

ဒီတော့ လာမယ့် စက်တင်ဘာ ၂၀ ရက်နေ့မှာ တကယ်ပဲ Area 51 ကို လူသန်းနဲ့ချီပြီး စီးနှင်းကြမှာလား။ စောင့်ကြည့်ကြရအောင်ဗျာ……

KYM

SHARE