(၃)နှစ်အရွယ် သားဖြစ်သူကို ညစ်ညမ်းတဲ့အနမ်းပေးခဲ့လို့ ဝေဖန်ခံနေရတဲ့ မော်ဒယ်

Belen Rodriguez ဆိုတာကတော့ ယခင်က Palyboy မော်ဒယ်လောကမှာ နေရာတစ်ခု ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့သူ
တစ်ယောက် ဖြစ်ပါတယ်။ အဖော်အချွတ်ဓာတ်ပုံတွေ၊ စီးပွားရေးလုပ်ငန်းကြော်ငြာတွေနဲ့ ခိုင်မာတဲ့ဝင်ငွေတစ်ရပ် ထူထောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

အာဂျင်တီးနားနိုင်ငံသူ Belen ဟာ မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ ဗွီဒီယိုထဲမှာ အသက်သုံးနှစ်အရွယ်သာ ရှိသေးတဲ့ သားဖြစ်သူကို အရွယ်အရ မတတ်သင့်တဲ့အတတ်တွေ သင်ပေးနေတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ Belen ဟာ သားဖြစ်သူ Santiago ပါးကို ညှစ်ပြီး နမ်းခဲ့တာပါ။

သာမန် အနမ်းမျိုးမဟုတ်ပဲ အပြာရုပ်ရှင်တွေ၊ အပြာဇာတ်ဝင်ခန်းတွေမှာ အသုံးပြုလေ့ရှိတဲ့ အနမ်းဖြစ်နေလို့ သူမရဲ့ အပြုအမူကို လူတွေက ဝေဖန်ခဲ့ပါတယ်။ သူမဟာ လျှာကို သားဖြစ်သူရဲ့ ပါးစပ်ထဲကို ထိုးထည့်ခဲ့တာ ဖြစ်ပါတယ်။ ဒီဗွီဒီယိုကို Belen ရဲ့ အင်စတာဂရမ်ကနေ စတင်ပျံ့နှံ့သွားခဲ့တာပါ။

READ
ကားထဲမှာ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ သင့်ပြီး သေဆုံးနေတဲ့စုံတွဲ

သူမဟာ လက်ရှိအချိန်မှာ မီလန်မြို့မှာ နေထိုင်ပြီး၊ အနုပညာလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အင်စတာဂရမ်ပရိသတ် ငါးသန်းအထိရှိတဲ့ Belen ဟာ ဒီဗွီဒီယိုကြောင့် ပရိသတ်တော်တော်များများရဲ့ ပြစ်တင်ဆဲဆိုခြင်းလည်း ခံခဲ့ရတယ်လို့ သိရပါတယ်။

မှတ်ချက်ရေးသူတစ်ယောက်က ” ဒါ မိခင်ကောင်းတစ်ယောက်ရဲ့ အပြုအမူပေါ့ “လို့ ရေးခဲ့သလို၊ အခြားတစ်ယောက်က ” မိခင်ကောင်းတစ်ယောက်အဖြစ် ရပ်တည်ချင်တယ်ဆိုရင် နည်းနည်းပါးပါး အရှက်တရားလေးသာ ရှိလိုက်ပါ “လို့ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် အခြားတစ်ယောက်တော့ ” ကျွန်မသမီးကို ကျွန်မလည်း ဒီအတိုင်း နမ်းလေ့ရှိပါတယ် .. ကျွန်မကတော့ ဒါကို ညစ်ညမ်းတယ်လို့ ဘယ်တုန်းကမှ မခံစားမိပါဘူး”လို့ ရေးသားခဲ့ပါတယ်။

Belen ဟာ လက်ရှိအချိန်မှာ အဆိုတော်၊ သရုပ်ဆောင်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။ 2009 ခုနှစ်တုန်းကလည်း Belen ဟာ မော်လ်ဒိုက်ကမ်းခြေတစ်ခုမှာ ချစ်သူ Fabrizio Corona နဲ့ လူမြင်ကွင်းမှာ ချစ်တင်းနှောခဲ့တဲ့ ဗွီဒီယိုထွက်ပေါ်ခဲ့ပြီးနောက် ပုဂ္ဂိုလ်ရေးအရ ပိုမိုအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။

READ
ဆေးစရိတ်ရှာဖို့ သီချင်းဆိုပြိုင်ပွဲဝင်နေတုန်း အမေသေပြီဆိုတာ သိလိုက်ရတဲ့အဆိုတော်လေး

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE