ပလတ်စတစ်တွေနဲ့ ရေကူးကန်ဆောက်ပြီး လေ့ကျင့်ခဲ့တဲ့ ကစားသမား

Image:IG/Sebastián Galleguillo

ကိုဗစ် ကြောင့် ရေကူးကန် တွေ ပိတ် ထားရတဲ့ အချိန်မှာတော့  အာဂျင်တီးနား ရေကူးသမား တစ် ယောက် ဖြစ်တဲ့ Sebastián Galleguillo  က သူ့ရဲ့ စိတ်ကူးဥာဏ်ကို သုံးပြီး မရမက ရေကူးကန် ဆောက် ခဲ့ပါတယ်။အိမ် တွင်းပဲ အောင်း နေပြီးမ လေ့ကျင့်ရ တော့ သူ့ရဲ့ Skill တွေ ကျ ကုန်မှာကို Sebastián Galleguillo  တစ်ယောက် စိတ် ပူ ခဲ့ပါတယ်။သူ့ရဲ့ အသက်က (၁၈)နှစ်ဖြစ်ပြီး အာဂျင်တီးနား နားမကြား ရေကူးသမား အသင်းရဲ့ အသင်း ၀င် တစ် ယောက်ပါ။ဒီသတင်းကိုတော့ people မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

Mi hogar , Mi familia y Mi pileta🙌🏻 No puedo pedir nada mas 😊 Muchisimas gracias @leleher geniooo que sos💫

A post shared by Sebastian Galleguillo (@sebita_swim) on

အရင်က ဆို လေ့ကျင့်တာတွေကို ပုံမှန် လုပ်ရ ပေမယ့် ကိုဗစ် ကြောင့် ရေကူးကန် တွေ ကို ပိတ်ထားရတာ  ကြောင့်  ဖခင် ဖြစ်သူရဲ့ အကူအညီနဲ့ အိမ် ခြံဝန်းထဲမှာပဲ ရေကူးကန် ဆောက် ခဲ့ပါတယ်။” အ မေ့ကို ကျ တော် ပြော လိုက် တယ်။အ မေ ကျ တော် လေ့ကျင့်ချင်တယ်။ကျ တော့်ခန္ဓာကိုယ်က တဖြည်း ဖြည်း လေးလံလာတယ်။လှုပ်ရှား နိုင် စွမ်း ရည်ကျလာတယ်..။အပြင်မှာကျင့်တာနဲ့ ရေထဲမှာ ကျင့်တာက မတူဘူး အေ မ..” လို့  မိခင် ဖြစ်သူကို သူ ပြော ပြ ခဲ့ တာပါ။သားကိုချစ်တဲ့ မိဘ တွေ က သားဖြစ်သူ ဆန္ဒရှိတဲ့ အတိုင်း လုပ် ပေးခဲ့တာပါ။

 

View this post on Instagram

 

Una nota unica 🙌🏻🙌🏻 @tv_publica @volar.arg

A post shared by Sebastian Galleguillo (@sebita_swim) on

အ ဖေ ဖြစ်သူ Edmundo Hernandez က တော့ ပလတ်စတစ်၊ရေတိုင်ကီဟောင်း ၊သတ္တုဒရမ် နှစ်ခုကို သုံးပြီး ကန် ဖြစ် အောင် လုပ် ပေး ခဲ့တာပါ။အထဲမှာ ရေဂါလန် (၁၀၅)ဂါလန် ထည့် ပေးခဲ့ပါတယ်။ရှိတာ နဲ့ ကျ တော်တို့ ဖြစ်အောင် ဆောက်လိုက်တာ။ပထမ နေ့ မှာတော့ ကြမ်းပေါ်မှာ မြဲ အောင် သံရိုက်တာ တွေ လုပ်တယ်.နောက် နေ့ကျ တော့ ပလတ်စတစ်စနဲ့ တခြား အစ တွေကို ရေ တွေ စိမ့် မထွက် အောင် ထားလိုက်တယ်။အဲ့ဒီနောက်မှာတော့ (၁၅)မီတာ အရှည်၊(၄)မီတာ အကျယ်ရှိတဲ့ ပလတ်စတစ် ကို အိတ်လို လုပ် ခဲ့ တယ်.” လို့Hernandez က  ပြောခဲ့ပါ တယ်။

 

View this post on Instagram

 

Inhala el presente y exhala el futuro 💫💫 Genial @lidia.mbaran Muchísimas graciasss por la fotos😊

A post shared by Sebastian Galleguillo (@sebita_swim) on

နောက်ဆုံးမှာတော့ ကြိုးစားချင်တဲ့ စိတ် ကြောင့် ပတ်စတစ်စ တွေနဲ့ ဖြစ်သလို ဆောက်ထားရတဲ့ ကန်မ ဟုတ် တဲ့ ရေကူး ကန် တစ်ခု ကို ပိုင်ဆိုင် နိုင်ခဲ့ပါတယ်။သူလိုချင်တဲ့ ကန် ကို နောက်ဆုံးမှာ ရခဲ့တဲ့ အတွက် ပြော မပြ တတ် အောင် ၀မ်းသာ မိတယ်လို့ Sebastián Galleguillo  က သူ့ရဲ့ IG မှာ ပြောခဲ့ပါတယ်။

READ
လမ်းမပေါ်တွင် မတ်တပ်ရပ်ပြီး ကလေးမွေးခဲ့တဲ့ အမျိုးသမီး
Image:IG/Sebastián Galleguillo

#SHWEMOM

SHARE