Album(၃)ခုစလုံး ရောင်းအားနံပတ်(၁)ဖြစ်ဖို့ အချိန်အတိုဆုံး အနုပညာရှင်ဖြစ်လာခဲ့တဲ့ သူမ

YouTUbe_Positions

Arana Grande ကတော့ သူမရဲ့အနုပညာသက်တမ်းမှာ နောက်ထပ် မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါပြီ။ အဲဒါကတော့ အနုပညာရှင်တွေထဲ album (၃) ခုဆက်တိုက်ကို နံပါတ်တစ်အဖြစ် အမြန်ဆုံး ချိတ်နိုင်ခဲ့တာပါတဲ့။

 

 

View this post on Instagram

 

A post shared by Ariana Grande (@arianagrande)

အရင်တုန်းကတော့ ဒီ ဂုဏ်ပုဒ်ကို Miley Cyrus က အပိုင်သိမ်းထားခဲ့ပေမယ့်လို့ အခုအချိန်မှာတော့ Ariana က ရရှိသွားခဲ့တာပါ။

 

View this post on Instagram

 

A post shared by Ariana Grande (@arianagrande)

အသက် ၂၇ နှစ်အရွယ် Ariana Grande ဟာ သူမရဲ့ သီချင်းတွေနဲ့ Billboard top chart တွေမှာလည်း ဏခဏပါခဲ့သလိုပဲ တခြားသော record ဆုတွေကိုလည်း ရရှိနေကျဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တနုးက ထွက်ခဲ့တဲ့ Sweetener, ၂၀၁၉ ခုနှစ်မှာတော့ Thank U, Next နဲ့ အခု ၂၀၂၀ မှာလည်း  Positions တို့ကို ထွက်ခဲ့ပြီးတော့ သုံးခုစလုံးဟာ ကမ္ဘာတစ်ဝှမ်းအောင်မြင်မှုအရှိဆုံး top chart စာရင်းတွေဝင်သွားခဲ့ပါတယ်။

READ
ဝေဖန်ခံနေရတဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီး ချစ်သုဝေ ပြန်ဖြေရှင်း

 

 

View this post on Instagram

 

A post shared by Ariana Grande (@arianagrande)

ဒီလို ထိပ်ဆုံးကို album သုံးခုစလုံးရောက်ဖို့အတွက် Ariana ဟာ အချိန် ၂ နှစ်နဲ့ ၃ လသာ ကြာမြင့်ပါတယ်။ အခုထွက်ထားခဲ့တဲ့ Positions ဆိုတာဟာ သူမအနေနဲ့ အကြိုက်ဆုံး album တစ်ခုဖြစ်ပြီး ဒါကို ပရိတ်သတ်တွေအနေနဲ့လည်း တုန့်ပြန်မှုအားကောင်းတဲ့အတွက်ကြောင့် ကျေးဇူးတင်တယ်ဆိုပြီး Ariana က Instagram မှာ ကျေးဇူးတင်ထားခဲ့ပါသေးတယ်။

 

View this post on Instagram

 

A post shared by Ariana Grande (@arianagrande)

penny

SHARE