Ariana Grande ၊ Justin Bieber တို့နဲ့ အပြင်းအထန် အငြင်းပွားနေတဲ့ ရက်ပါ 6ix 9ine

[email protected] Bieber [email protected] Grande [email protected]

Ariana Grande နဲ့ Justin Bieber တို့ရဲ့ သီချင်းအသစ်တစ်ပုဒ်ဖြစ်တဲ့ “Stuck With U” ဆိုတဲ့ သီချင်းဟာ လက်ရှိအချိန်မှာ Billboard No.1 နေရာကို ချိတ်သွားပြီပဲ ဖြစ်ပါတယ်။ ဒီသီချင်းဟာ မေလ ၈ ရက်နေ့ညမှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဒီသီချင်းကို ဝယ်ယူအားပေးတဲ့ ပိုက်ဆံမှန်သမျှကို First Responders Children ဖောင်ဒေးရှင်းကို လှူဒါန်းမှာဖြစ်ကြောင်း Ariana Grande နဲ့ JB တို့က ကြေညာခဲ့ပါတယ်။ သီချင်းထွက်ပြီး တစ်ပတ်အကျော်မှာပဲ ဒီသီချင်းဟာ အရမ်းပေါက်ခဲ့ပြီး Billboard No.1 နေရာကို ချိတ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Billbaord No.1 နေရာမှာ Ariana Grande နဲ့ JB တို့ရဲ့ “Stuck With U”, No.2 နေရာမှာတော့ Doja Cat နဲ့ Nicki Minaji တို့ရဲ့ “Say So”, No.3 နေရာမှာတော့ 6ix 9ine ရဲ့ “Gooba” သီချင်း အစရှိသဖြင့် Billboard မှာ နေရာယူခဲ့ပါတယ်။ ဒါပေမယ့် Ariana Grande နဲ့ JB တို့ရဲ့ “Stuck With U” သီချင်း Billboard No.1 နေရာကို ရသွားတဲ့ ကိစ္စအပေါ်မှာ မရိုးမသားလုပ်မှုတွေ များစွာရှိကြောင်း 6ix 9ine က သူ့ရဲ့ Instagram အကောင့်ကနေပြီးတော့ ဗီဒီယိုတင်ကာ အပြင်းအထန်ရှုံ့ချခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဗီဒီယိုထဲမှာတော့ 6ix 9ine ဟာ Ariana Grande က သူတို့သီချင်း နံပါတ် ၁ နေရာရောက်ဖို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အခွေတွေပြန်ဝယ်ပြီး မရိုးမသားလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ “ ကျွန်တော့်ဆီမှာရှိတဲ့ ခိုင်လုံတဲ့ သတင်းတွေအရဆိုရင် အခွေ ၃၀,၀၀၀ ကျော်ဟာ Credits Cards ၆ ခုနဲ့ ဝယ်ထားတယ်ဆိုတဲ့ သက်သေရှိပါတယ်။ ဘယ်သူက ဒီလိုသီချင်းတစ်ပုဒ်တည်းပါတဲ့ အခွေကို ၃၀,၀၀၀ ကျော်တောင် ဝယ်မှာလဲ။ Credit Card တစ်ကဒ်ထဲနဲ့ဆို ရိပ်မိမှာဆိုးလို့ Credit Card ၆ ကဒ်တောင် ခွဲဝယ်ခဲ့သေးတယ်။ ဒီလို Billboard နံပါတ် (၁) ရတဲ့ အပေါ်မှာ ခင်ဗျားတို့ ရိုးသားကြလား” အစရှိသဖြင့် စွပ်စွဲခဲ့ကြပါတယ်။

READ
လိင်တူ ချစ်သူတွေဘက်ကနေ ရပ်တည်ပြောဆိုလိုက်တဲ့ ဧငြိမ်းဖြူ

https://www.instagram.com/p/CAV170sFE_P/?utm_source=ig_embed

“ ကျွန်မတို့သီချင်း Billboard နံပါတ် ၁ ရတဲ့အပေါ်မှာ တစ်ချို့ရဲ့ ဝေဖန်သံတွေကို ကြားရပါတယ်။ ဒီကိစ္စမှာ သတင်းအမှားတွေနဲ့ လူတွေကို အရူးလုပ်ဖို့ မကြိုးစားစမ်းပါနဲ့။ ဒီအခွေရောင်းရတဲ့ ပိုက်ဆံတွေအားလုံးက ပရဟိတလုပ်ငန်းမှာ လှူဒါန်းဖို့ လုပ်နေတာတွေချည်းပါပဲ”လို့ Ariana Grande က သူမရဲ့ Instagram အကောင့်ကနေစာရေးပြီး ပို့စ်တင်ခဲ့ပါတယ်။ “ကျွန်တော်တို့ အခွေ ၃၀,၀၀၀ ကျော်က Credits Cards ၆ ကဒ်နဲ့ ဝယ်ထားတဲ့ သက်သေရှိတယ်လို့ ပြောသံကြားတယ်။ ဒီအခွေဝယ်တဲ့အပေါ်မှာလည်း ကျွန်တော်တို့အစကတည်းက စည်းမျဉ်းထုတ်ထားတာရှိပါတယ်။ အဲဒါကတော့ Credit Card ၁ ကဒ်နဲ့ အခွေ ၄ ခွေထက်ပိုဝယ်လို့ မရဘူးဆိုတာပါပဲ။ အဲဒီတော့ သူ့ရဲ့သက်သေဆိုတာကြီးက အလိမ်အညာတွေပါ။ ဒီလိုသတင်းအမှားတွေသုံးပြီး တကယ်ဝယ်ယူအားပေးခဲ့တဲ့ ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ ပရိသတ်တေါကို စော်ကားဖို့ မကြိုးစားစမ်းပါနဲ့” လို့ Justin Bieber ကလည်း သူ့ရဲ့ Instagram အကောင့်ကနေ ပို့စ်တင်ခဲ့ပါတယ်။

Pyi Hein Kyaw

SHARE