Forever 21 ကို သူ့ပုံစံအတိုင်း ကြော်ငြာရိုက်လို့ဆိုပြီး တရားစွဲဆိုနေတဲ့ Ariana Grande

@arianagrande/Instagram, 7 Rings/ YouTube

ကမ္ဘာကျော်အဆိုတော်မလေး Ariana Grande ကတော့ Forever 21 ကုမ္ပဏီရဲ့ကြော်ငြာတစ်ခု အကြောင်းပြုကာ တရားစွဲဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ Forever 21 ဆိုတာ အာရှရော၊ အနောက်နိုင်ငံတွေရောအထိပါ တော်တော်လေးပေါက်ပေါက်ရောက်ရောက်ဖြစ်နေတဲ့ အဝတ်အထည်ထုတ်ကုမ္ပဏီတစ်ခုပါ။ ဒီလိုအင်အားကြီးနှစ်ဖက် တရားစွဲဆိုမှုတွေ ဘာကြောင့်ဖြစ်ခဲ့ရသလဲဆိုတာ Asia One မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

7Rings/YouTube
7Rings/YouTube

၂၀၁၉ ဇူလိုင်လ ၁၈ ရက်နေ့မှာ ထွက်ခဲ့တဲ့ Ariana Grande ရဲ့ 7 Rings music video ကို အားလုံးမှတ်မိကြမယ်ထင်ပါတယ်နော်။ ပန်းခရမ်းရောင်နီယွန်မီးတွေနဲ့ Ariana ရဲ့ ကြောင်မလေးသဖွယ်ဆွဲဆောင်မှုရှိလှတဲ့ ခပ်မိုက်မိုက်ပုံစံလေးတွေနဲ့မလို့ 7 Rings ဟာ သီချင်းစာသားတင်မဟုတ်ဘဲ MV မှာလည်းတော်တော်လေးကို ပေါက်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဒါကို Forever 21 ကနေပြီး 7 Rings MV ထဲက ပုံစံအတိုင်း ကြော်ငြာဓာတ်ပုံကိုရိုက်ခဲ့ပြီး ဖေဖော်ဝါရီလထဲမှာ တင်ခဲ့တာပါ။

READ
သင်္ကြန်မယ်လေး အဖြစ် ပြောင်းလဲသွားတဲ့ နေခြည်ဦး
7Rings/YouTube, Forever 21/Twitter

Arianaစိတ်တိုရင်လည်း စိတ်တိုချင်စရာပါပဲ။ ဘာကြောင့်ဆို အဝတ်အစားအပြင်အဆင်တွေကိုလည်း သူမအတိုင်း ပြင်ဆင်ပေးထားတဲ့အပြင်မော်ဒယ်ကိုပါ သူမနဲ့ဆင်တင်တင်ရွေးထားခဲ့ပြီး ကြော်ငြာကိုလည်း သူမရဲ့သီချင်းစာသားနဲ့အတူတူ “Gee thanks, just bought it!” ဆိုတဲ့ စာသားနဲ့ကြော်ငြာခဲ့လို့ပါပဲ။ ဒါကြောင့် Ariana ဟာ ၂၀၁၉ စက်တင်ဘာလ ၂ ရက်နေ့မှာ တရားရုံးတင်ကာ အမှုစစ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ သူမရဲ့ပုံစံတူကို စီးပွားရေးကြော်ငြာတစ်ခုအဖြစ် အသုံးပြုထားတာတောင် အခကြေးငွေတစ်စုံတစ်ရာမှ မရရှိတဲ့အပြင် သူမကိုပါ အသိမပေးတဲ့အတွက် Forever 21 လို ကုမ္ပဏီကြီးအနေနဲ့ ဆိုးရွားလှတယ်လို့တော့ မြင်မိပါတယ်။

Forever 21 အနေနဲ့ကတော့ သူတို့ဟာ Ariana ကို အစဉ်အားပေးထောက်ခံနေတဲ့ ကုမ္ပဏီဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်တုန်းကလည်း အတူတူတွဲပြီး အလုပ်လုပ်ဖူးတာကြောင့် အခုအမှုမှာ သက်ညှာနားလည်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်ဆိုပြီး ပြောထားရုံမှအပ တောင်းပန်ခြင်း၊ ဖြေရှင်းခြင်းတော့ မရှိသေးပါဘူး။ အကယ်၍ Forever 21 အနေနဲ့ Ariana ကို ဒဏ်ကြေးပေးရမယ်ဆိုရင်တော့ တောင်းဆိုထားတဲ့အတိုင်း အမေရိကန်ဒေါ်လာ ၁၀ သန်းပေးရမှာပါပဲ။

READ
ဇနီးဖြစ်သူနဲ့ အတူ အရင်တုန်းက အမှတ်တရပုံရိပ်တွေကို မျှဝေပေးလိုက်တဲ့ မင်းရာဇာ

Penny

SHARE