Charlie’s Angel ဇာတ်ကား အသစ်ရဲ့ ဇာတ်ဝင်တေးကို နာမည်ကြီး သုံးယောက်နဲ့ ဖန်တီးနေ….

တစ်ချိန်က နာမည်ကြီး ရုပ်ရှင် Charlie’s Angles ကို အခုအခါမှာတော့ Kristen Stewart, Naomi Scott နဲ့ Ella Balinska တို့နဲ့ အတူ တစ်ဖန်ဆန်းသစ် ရိုက်ကူးနေပြီး လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီလိုမျိုး ဒိတ်ဒိတ်ကြဲ သုံးယောက်နဲ့ အခမ်းအနားဆုံး ဖြစ်နေစေဖို့ အတွက် မောင်းတင်နေချိန်မှာ တစ်ဖက်ကလည်း ဇာတ်ဝင် သီချင်းအတွက် အမိုက်စား အဆိုတော် သုံးယောက်နဲ့ ပြင်ဆင်နေပါတယ်။

 

မနေ့က (ဇူလိုင် ၂၇) တွစ်တာပေါ်မှာတော့ Miley Cyrus နဲ့ Ariana Grande တို့ နှစ်ယောက်လုံး ၁၄ စက္ကန့်စာ ဗီဒီယိုဖိုင်တစ်ခု တင်ပြီး ပရိတ်သတ်တွေကို ကျီစားခဲ့ကြပါတယ်။ အဲ့ဒီ ဗီဒီယိုမှာ Charlie’s Angle ရုပ်ရှင် အသစ်ရဲ့ လိုဂိုပါ ပါတာကိုတွေ့ရပြီး၊ Lana Del Rey ကိုတောင်မှ tag တွဲထားသေးတယ်။ သေချာပါတယ်… ပရောဂျက် တစ်ခုအတွက် အဲ့ဒီ့ အမျိုးသမီး သုံးယောက် အဖွဲ့ ကျနေကြပါတယ်။

 

ရုပ်ရှင် trailer ကလည်း ဇူလိုင် ယနေ့ (ဇွန် ၂၈) မှာ ထွက်ရှိလာခဲ့ပါပြီ။ ရုပ်ရှင်ကတော့ ရှေ့မှာ ဖော်ပြခဲ့တာအတိုင်း နာမည်ကျော် မင်းသမီးတွေနဲ့ အသစ်တစ်ဖန် ပြန်လည် အသက်သွင်းထားပြီး နိုဝင်ဘာမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

READ
နီးစပ်တဲ့ အသိုင်းအ၀ိုင်းတစ်ခုက တင်လိုက်တဲ့ ဟိန်းမင်းသူရဲ့ ဖြစ်ရပ်မှန်

 

Grande ဟာ လောလောဆယ်မှာ Sweetener Worldwide Tour ထွက်နေပြီး ဒီဇင်ဘာမတိုင်ခင် အထိ တောက်လျှောက် ဖျော်ဖြေနေမယ်လို့ သိရတယ်။ သူမရဲ့ Sweetener နဲ့ Thank u, Next တို့ဟာလည်း US Billboard 200 မှာ နံပါတ် တစ် ချိတ်ခဲ့ပြီးပါပြီ။

 

 

View this post on Instagram

 

She’s your new best friend. #blackmirror #racheljackandashleytoo #netflix

A post shared by BLACK MIRROR (@blackmirror.netflix) on

Miley ကတော့ Netflix မှ ပြသတဲ့ Black Mirror  ရုပ်သံ ဇာတ်လမ်းတွဲမှာ ပြန်လည် သရုပ်ဆောင်လာခဲ့ပြီး ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က She is Coming ဆိုတဲ့ နာမည်နဲ့ အယ်လ်ဘမ်တစ်ခုကို ထုတ်ဝေခဲ့တယ်၊ အဲ့ဒီ EP (extended play) မှာ ပါဝင်တဲ့ သုံးပုဒ်က လာမယ့် ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ထွက်ဖို့ လျာထားတဲ့ အယ်လ်ဘမ်အသစ်ထဲက ဖြစ်တယ်လို့လည်း သိရပါတယ်။

READ
Shawn နဲ့ Camila တို့ရဲ့ ခပ်ဆန်းဆန်းအနမ်းကို မှတ်ချက်ပေးလိုက်တဲ့ Justin Bieber

 

 

View this post on Instagram

 

A post shared by Lana Del Rey (@lanadelrey) on

Lana  ကတော့ အပျောက်ရိုက်နေတာ ကြာခဲ့ပါပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က စတူဒီယို အယ်လ်ဘမ်အသစ် ထွက်ဖို့ ရှိကြောင်း၊ Norman F—Rockwell လို့ နာမည်ပေးထားပြီး သြဂုတ်လမှာ ထွက်လာမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲ့ဒီ့ အယ်လ်ဘမ်မှာပါမယ့် Mariners Apartment Complex, Venic Beach နဲ့ Hope Is Dangerous Thing for a Woman like Me to Have – but I have it ဆိုတဲ့ သီချင်းတွေကို ထုတ်ထားပါတယ်။

Matthew (ShweMOM)

SHARE