ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ Ariana Grande ရဲ့ ဓာတ်ပုံတစ်ပုံ

[email protected] Grande

အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်တဲ့ Ariana Grande ကိုတော့ လူတော်တော်များများ သိကြပြီး ဖြစ်မှာပါ။ အသက် ၂၇ နှစ်သာရှိသေးတဲ့ Ariana Grande ဟာ ၂၀၂၀ခုနှစ် Grammy Awards မှာလည်း ဆန်ကာတင်စာရင်းအထိ ပါဝင်ခဲ့သလို ၂၀၁၉ ခုနှစ် Billboard Music Awards မှာဆိုရင်လည်း Female Artist ဆုကို ရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာတော့ Ariana Grande ဟာ အမေရိကန်နိုင်ငံ၊ Utah ပြည်နယ်ရှိ Amangiri Resort မှာ သူ့ချစ်သူကောင်လေးနဲ့ ပျော်ရွှင်စွာ အပန်းဖြေနေပြီး အမိုက်စားဘီကီနီဝတ်ထားတဲ့ ပုံတွေကို သူမ Instagram အကောင့်မှာ ပထမဦးဆုံးအကြိမ် တင်ခဲ့လို့ သူမရဲ့ ပရိသတ်တွေ အကြီးအကျယ် အံ့သြနေကြောင်း Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Grande

Ariana Grande တစ်ယောက် အဲဒီ Amangiri Resort ကို ရောက်ဖူးတာတော့ ဒါပထမဦးဆုံး အကြိမ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လလောက်တုန်းကလည်း Kylie Jenner ရဲ့ အလှကုန်ပစ္စည်းတွေနဲ့ ရိုက်ကူးပေးဖို့လည်း အဲဒီကိုရောက်ခဲ့ဖူးပြီး Amangiri Resort ဟာ Kylie ရဲ့ အကြိုက်ဆုံး Resort တွေထဲက တစ်ခုဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ Ariana ဟာ အလုပ်ကိစ္စသက်သက်မဟုတ်ပဲနဲ့ အပန်းဖြေဖို့သက်သက်အတွက် သူ့ရဲ့ ချစ်သူကောင်လေးဖြစ်သူ Dalton Gomez နဲ့ အတူတူ လာရောက်ခဲ့တာ ဖြစ်ပါတယ်။

 

View this post on Instagram

 

hbd to my baby my best friend my fav part of all the days 🙂 i love u

A post shared by Ariana Grande (@arianagrande) on

“ဒီ Amangiri Resort က တော်တော်မိုက်ပါတယ်။ မြို့ပြနဲ့ သိပ်မဝေးတဲ့အပြင် အဲဒီကိုရောက်ရင် တစ်ကယ့် သဘာဝတရားကို အပြည့်အဝခံစားရပါတယ်။ ဒါ့ကြောင့်လည်း အလုပ်ကိစ္စတွေကို ခဏမေ့ထားပြီး Dalton နဲ့ အေးအေးဆေးဆေး လာရောက်အပန်းဖြေတာပဲ ဖြစ်ပါတယ်။ ပတ်ပတ်လည်မှာလည်း တောင်တန်းတွေရှိသလို တောအုပ်ကြီးတွေအပြင် ပင်လယ်ကြီးပါ ရှိပါတယ်။ ဒီအပန်ဖြေခရီးကတော့ ကျွန်မအတွက် တော်တော်လေးကို ပျော်ဖို့ ကောင်းပါတယ်” လို့ Ariana Grande က ပြောကြားခဲ့ပါတယ်။

READ
အမိုက်စား အကဗီဒီယိုအသစ်ကို ပရိသတ်တွေကို ချပြလိုက်တဲ့ ဆုလှိုင်ဝင်း

 

 

View this post on Instagram

 

A post shared by Ariana Grande (@arianagrande) on

Pyi Hein Kyaw

SHARE