Social Influencer တွေရဲ့လုပ်ရပ်ကို ပေါ်ပေါ်တင်တင် ဝေဖန်လိုက်တဲ့ Ariana Grande

Instagram @ARIANAGRANDE

၂၀၁၉ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ COVID-19 ဟာ အခု ၂၀၂၀ ကုန်တဲ့အထိ အခြေအနေတွေ ငြိမ်ကျသွားခြင်းမရှိဘဲနဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါဖြစ်ပွားတဲ့လူတွေ တိုးတိုးလာနေခဲ့ပါတယ်။ ဒီအတွက်ကြောင့် ကျန်းမာရေးဌာနတွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လူတွေဟာ New Normal ဘ၀နဲ့ နေရမှာချည်းပါပဲ။

အကြောင်းမရှိအရေးမကြီးဘဲနဲ့ လူစုလူဝေးပြုလုပ်ခြင်းမှ ရှောင်ရှားတာမျိုးတွေ၊ mask တပ်တာမျိုးတွေ၊ လက်ကို ခဏခဏဆေးတာမျိုးတွေကတော့ အရေးကြီးတဲ့အချက်တွေပါပဲပေါ့။ ဒါပေမဲ့လည်း လူတွေကတော့ အိမ်မှာချည်းပဲ သီးသန့်ခွဲနေနေရတာဟာ တစ်နှစ်နီးပါးရှိနေပြီဖြစ်တဲ့အတွက်ကြောင့် တော်တော်လေးလည်း ငြီးငွေ့နေကြပါပြီ။

 

View this post on Instagram

 

A post shared by Ariana Grande (@arianagrande) on

ဒါကြောင့် မထူးဇတ်တွေခင်းပြီးတော့ အရင်လိုပြန်နေဖို့ကို လူတွေက လက်တည့်စမ်းလာခဲ့ကြပါတယ်။ အခုလည်း ဆယ်လီတွေကအစ မွေးနေ့တွေလုပ်၊ ပါတီတွေပေးနေခဲ့ပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး Ariana Grande ကတော့ အခုလိုပဲ ပေါ်ပေါ်တင်တင်ကို ထုတ်ပြောလာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Ariana Grande (@arianagrande) on

အထူးသဖြင့် social influencer တွေကိုပေါ့။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ပြုလုပ်ခဲ့တဲ့ The Zach Sang Show မျာ တုန်းက Ariana အနေနဲ့ COVID-19 အခြေအနေတွေနဲ့ ပတ်သက်တဲ့ သူမရဲ့ အမြင်တွေကို ပြောပြလာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ Ariana ဟာ ပါတီတွေပေးနေခဲ့ကြတဲ့ social influencer တွေကို ပေါ်တင်ပဲ ထုတ်ပြောခဲ့တာပါ။

READ
ပုံအလန်းလေးတွေ တင်လိုက်တဲ့ မေတိုးခိုင်

“ဒီလိုအခြေအနေအတွင်း ခဏလေးတောင် အိမ်မှာ မနေနိုင်ကြဘူးလား” တဲ့။ ဟုတ်လည်းဟုတ်ပါတယ်။ ဆယ်လီတွေနဲ့ social influencer တွေဆိုတာ သာမန်ပြည်သူတွေရဲ့ မျက်စေ့ထောက်ထောက်ကြည့်ခြင်းကို ခံနေရတဲ့လူတွေပဲဖြစ်ပါတယ်။ ဒီလိုမျိုး လူတိုင်းရဲ့ လေးစားအားကျခြင်းကို ခံနေရတဲ့လူတွေကမှ အခုလိုမျိုး စည်းကမ်းတွေကိုမလိုက်နာဘဲ လုပ်ချင်တိုင်း လုပ်နေတာဟာ အခုလိုကာလကြီးအတွင်းမှာတော့ တော်တော်လေးကို အဆင်မပြေတာမျိုးပါပဲ။

 

View this post on Instagram

 

A post shared by Ariana Grande (@arianagrande) on

ဒါကတော့ Ariana Grande လေးရဲ့ အင်တာဗျူးအပြည့်အစုံပါ။

penny

SHARE