Grammy ပရိုဂျူဆာတွေနဲ့ ပြဿနာဖြစ်ပြီး ပွဲမတက်ခဲ့ပေမဲ့ ဆုရရှိခဲ့တဲ့ Ariana Grande

Ariana Grandeကတော့ သူမဘဝရဲ့ ပထမဆုံး ဂရမ်မီဆုကြီးကို ၂၀၁၉ ခုနှစ်မှာ ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း နုမြောစရာကောင်းတာကတော့ သူမကိုယ်တိုင် ဆုတက်ယူတာကိုတော့ ပရိသတ်တွေက မတွေ့နိုင်ခဲ့ပါဘူး။

instagram

Ariana Grandeကတော့ ဂရမ်မီဆုပေးပွဲကို တက်ရောက်ဖို့အတွက် ပြင်ဆင်ခဲ့ပေမဲ့လည်း ပွဲမကျင်းပမှီရ က်ပိုင်းအလိုမှာ Grammy ပရိုဂျူဆာတွေနဲ့ သဘောထားမတိုက်ဆိုင်မှုတွေရှိတာကြောင့် ပွဲကို မတက်တော့ဘူးလို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

instagram

တနင်္ဂနွေနေ့မှာ ဂရမ်မီဆုပေးပွဲကြီးကို မကျင်းပခင်နာရီပိုင်းလောက်အလိုမှာမှ Recording Academy  ကနေ Ariana Grandeက သူမရဲ့ တေးအယ်လ်ဘမ် “Sweetener” နဲ့ Best Pop Vocal Album ဆုကို ရရှိတယ်ဆိုတဲ့အကြောင်းကြော်ငြာခဲ့တာ ဖြစ်ပါတယ်။ Recording Academy ကတော့ ပွဲမတိုင်ခင်မှာ ဆုရရှိသူတော်တော်များများကို ကြောငြာပေးခဲ့ပါတယ်။

READ
ဆံပင်အတိုညှပ်ပြီး ပုံစံပြောင်းခဲ့တဲ့ ၀တ်မှုန်ရွှေရည်
twitter

Ariana Grandeက သူမ ဂရမ်မီဆုရတာကို သိပြီးတဲ့အချိန်မှာတော့ တွစ်တာပေါ်မှာ ပရိသတ်တွေနဲ့ သူမကို ကူညီပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်တဲ့အကြောင်းကို ရေးသားခဲ့ပါတယ်။

instagram

ဒါ့အပြင် Ariana Grande ကတော့ သူမရဲ့ အင်စတာဂရမ်ပေါ်မှာလည်း ဂရမ်မီပွဲကို တက်ဖြစ်ခဲ့ရင် ဝတ်မယ့် ပွဲတက်ဝတ်စုံလို့ ယူဆရတဲ့ စင်ဒရဲလားအင်္ကျီကို ဝတ်ဆင်ထားပြီး “ဒီဇိုင်နာ zacposen ကပွဲတက်ဝတ်စုံ ချုပ်ပေးထားရင်တော့ သီချင်းဆိုသည်ဖြစ်စေ၊မဆိုသည်ဖြစ်စေ ဝတ်ရမှာပဲ..ကျေးဇူးပါ” လို့ရေးထားပြီး ဓါတ်ပုံတင်ပေးထားပါတယ်။

instagram

Ariana Grandeကတော့ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ဂရမ်မီ စံကာတင်စာရင်းမှာ လေးကြိမ်ပါဝင်ခဲ့ပါတယ်။

Source: E Online

SHARE