ဟာသသမား Pete Davidson ကတော့ သူ့ရဲ့ နောက်ထပ် အချစ်သစ်လေးနဲ့ အရမ်းကို သာယာနေပါတယ်။Ariana Grande ရဲ့သတို့သားလောင်း ဖြစ်ခဲ့ဖူးသလို Kate Beckinsale ရဲ့ ချစ်သူဟောင်းဖြစ်ခဲ့ဖူးတဲ့ Pete Davidson ကတော့ အခုဆိုရင် နောက်ထပ် ချစ်သူသစ်လေးရနေပါပြီ။Saturday Night Live star ဖြစ်တဲ့ Pete Davidson က တော့ အသက် (၂၆)နှစ်ဖြစ်ပြီး သူလက်ရှိတွဲနေတဲ့ မော်ဒယ်မလေး Kaia Gerber ကတော့ အသက် (၁၈)နှစ်ပါ။သူမတခြားသူတော့ မဟုတ်ပါဘူး။ ကမ္ဘာကျော် စူပါမော်ဒယ် Cindy Crawford ရဲ့ သမီးပါ။


(၁၈)နှစ်အရွယ် ချစ်သူသစ်လေးနဲ့ လူမြင်ကွင်းမှာ ပလူးပလဲ လုပ်နေတဲ့ ပုံတွေ ထွက်လာခဲ့တာပါ။ပုံတွေ ထဲမှာတော့ Miam မှာ အပန်းဖြေ နေတဲ့ သူတို့ နှစ်ယောက်ရဲ့ ပုံတွေကို တွေ့ ရမှာပါ။ချစ်သူကို ကြမ်းကြမ်းတမ်းတမ်း နမ်းနေတဲ့ ပုံတွေလည်း ပါဝင်ခဲ့ပါတယ်။Kaia ကတော့ အနက်ရောင်ဘီကီနီကို ၀တ်ထားပြီး ပုံတစ်ပုံမှာတော့ အပေါ် ကနေ အပြာရောင် တီရှပ်ကို ထပ်ဝတ်ထားခဲ့ပါတယ်။Pete ကတော့ ချစ်သူလေးနဲ့ အရမ်းကို သာယာနေပုံရပြီး အနက်ရောင် ဘောင်းဘီတိုနဲ့ တီရှပ်ကို ၀တ်ထားပါတယ်။ဘေးပတ်ဝန်းကျင်ကို လုံးဝ ဂရုမစိုက်ပဲ ချစ်သူလေးနဲ့ ပျော်မြူးနေခဲ့ပါတယ်။တကယ့်နာမည်ကြီးတွေနဲ့ပဲ ဇာတ်လမ်းတွေ ရှု့ပ်ခဲ့တဲ့ Pete Davidson ရဲ့ လက်တလော အချစ်ရေးတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။


Ariana Grande တစ်ယောက် ချစ်သူဟောင်း Mac Miller နဲ့ လမ်းခွဲလိုက်ပြီးနောက် Pete Davidson နဲ့ တွဲ ခဲ့တာပါ။သီတင်း ပတ် ကြာကြာတွဲပြီး နောက်မှာတော့ Pete က အမေရိကန်ဒေါ်လာ တစ်သိန်းတန် လက်စွပ်နဲ့ Purpose လုပ် ခဲ့ ပါတယ်။ အဲ့ဒီနောက်မှာတော့ စေ့စပ်လိုက်ပြီဆိုတဲ့ သတင်းကို IG က တစ်ဆင့် အတည်ပြုခဲ့ပါတယ်။ဒါပေမယ့် (၂၀၁၈) အောက်တိုဘာလမှာတော့ စေ့စပ်ပွဲဖျက်သိမ်းပြီး လမ်းခွဲခဲ့ပါတယ်။

Ariana Grande နဲ့ ပြတ်စဲပြီးနောက် အသက် (၄၆)နှစ်အရွယ် မင်းသမီးချော Kate Beck insale နဲ့ တွဲခဲ့ပါတယ်။Kate ကတော့ Pete ထက် အသက် (၂၀) လောက်ကြီးပါတယ်။Kate နဲ့ လမ်းခွဲပြီးနောက်မှာတော့ (၁၈)နှစ်အရွယ် Kaia Gerber နဲ့ တွဲနေတာပါ။

Source:the mirror