သားလေးမွေးမှာကို အကြမ်းစားဓာတ်ပုံနဲ့ ကြေညာခဲ့တဲ့ UFC မှ ဘုတ်ကိုင်မယ်လေး

Instagramby arianecelse

Arianny Celeste ဟာ လက်ဝှေ့လောကမှာ ကစားသမားလည်းမဟုတ်ဘဲ သိပ်ကိုနာမည်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ UFC ပွဲတွေမှာ ဘုတ်ကိုင်တဲ့ အလှမယ်တစ်ဦးပါ။ ဘုတ်ကိုင်တဲ့အလှမယ်ဆိုတာ တကယ့်ကို စင်းလုံးချောလှပနေမှ ရွေးချယ်ခံရတဲ့အလုပ်မျိုးပါ။

ဒါပေမဲ့လည်း အခုလို ကပ်ရောဂါဘေးကြောင့် ပွဲတွေရပ်နားထားရတုန်းမှာပဲ Arianny Celeste ဟာ သူမမှာကိုယ်ဝန်ရှိနေပြီဆိုပြီး ပရိတ်သတ်တွေကိုကြောငြာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်လလောက်တုန်းကပေါ့။

READ
သေဆုံးChapecoense အသင်းသားများကို မိခင်ဘောလုံးကွင်းမှာ လူထုသဂြိုဟ်ပွဲကျင်းပ

 

 

View this post on Instagram

 

To forever and a baby. ❤️ I love you Daddy ! Happy anniversary.

A post shared by Arianny Celeste UFC® (@ariannyceleste) on

အခု ပြီးခဲ့တဲ့ ၂ ရက်တုန်းကတော့ Arianny Celeste ဟာ ကိုယ်ဝန်ဟာ သားသားလေးလား၊ မီးမီးလေးလားဆိုတာကို ကြေညာလိုက်ပါပြီ။ ဒီလိုကြေညာတာကို သူမရဲ့ Instagram မှာ အကြမ်းစား ဓာတ်ပုံခပ်မိုက်မိုက်ကြီးနဲ့ ကြေညာခဲ့တာပါ။ နောက် ကလေးလေးကတော့ သားယောက်ျားလေးပါတဲ့။ Arianny Celeste ဟာ အသက် ၃၄ နှစ်ရှိနေပြီဖြစ်ပေမယ့်လည်း သူမရဲ့ ရုပ်ရည်ရော ခန္ဓာကိုယ်ရောကပါ ပြောစရာမလိုအောင် လှပကျော့်ရှင်းနေလှပါတယ်။

READ
Buckingham နန်းတော်မှာ ခမ်းနားစွာ နေရတဲ့အကြောင်း ပြောပြခဲ့တဲ့ ဘုရင်မကြီးရဲ့စားဖိုမှူး

https://www.instagram.com/p/CC9LaDnpUYR/

လက်ရှိ ကိုယ်ဝန်ဟာ ၁၄ ပတ်ရှိနေပြီဖြစ်ပြီး ကလေးမွေးပြီးသွားလို့ ခဏနားပြီးတာနဲ့ UFC ဘုတ်ကိုင်မယ်အဖြစ် ပြန်လုပ်ဖို့လည်း စိတ်ကူးရှိပါသေးတယ်လို့လည်း ပြောလာခဲ့ပါတယ်။

https://www.instagram.com/p/CCENgC2pL35/

Penny

SHARE