မိဿရာသီဖွား တွေရဲ့ သြဂုတ်လ ဟောစတမ်း

Aries (မိဿရာသီဖွား – မတ်လ ၂၁ မှ ဧပြီ ၁၉ )တွေရဲ့ သြဂုတ်လက ကံကြ မ္မာဟောစတမ်းကို ဖော်ပြပေးချင်ပါတယ်။အလုပ်ကိစ္စထက် မိသားစု ကိစ္စေ တွ၊ လူမှုရေးကိစ္စတွေက သင့်ကို ကြီးစိုးနေပါလိမ့်မယ်။မိသားစုထဲမှာ ပြဿ နာတွေ ပေါ်တတ်ပါတယ်။စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ ပြင်ဆင်ထားသင့်တဲ့ လပါ။ဒီလမှာေ တာ့ ဘာကိစ္စကိုပဲဖြစ်ဖြစ် ကိုယ်တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ မဟုတ်ပဲ အများရဲ့ အကြံဥာဏ်ကိုပါ ယူပြီး ပူးပေါင်းဆောင်ရွက်တာ အကောင်းဆုံး ဖြစ်မှာပါ။

အလုပ်အကိုင် – ဒီလမှာတော့ (၂၃)နောက်ပိုင်းကျမှပဲ အလုပ်အကိုင်ကိစ္စတွေနဲ့ ပတ်သက်ရင် ပိုအဆင်ပြေနိုင်ပါတယ်။လုပ်ငန်းခွင်ထဲမှာ ပျော်စရာ ကိစ္စလေးေ တွနဲ့ ကြုံတွေ့ရနိုင်ပါတယ်။မိတ်ဆွေတွေ၊လုပ်ဖော်ကိုင်ဖက် တွေဆီကနေ အကူ အညီ အထောက်အပံ့တွေ ရနိုင်ပါတယ်။အလုပ်ပြောင်းချင်တဲ့ သူတွေ အဖို့ တော့ (၁၆)ရက်နေ့ နောက်ပိုင်းကျရင် အဆင်ပြေနိုင်ပါတယ်။လုပ်ငန်းရှင်ဆိုရင်တော့ ဒီလမှာ ၀န်ထမ်းသစ်ခန့်ဖို့ အသင့်တော်ဆုံးအချိန်ပါ။

READ
သင်ရွေးချယ်လိုက်တဲ့ ငှက်မွှေးကပြောတဲ့ သင့်အကြောင်း

ငွေရေးကြေးရေး -ဒီလမှာတော့ ငွေရေးကြေးရေး အဆင်ပြေပါတယ်။မိသားစု ၀င်တွေက သင့်ကို ငွေချေးတာ၊ငွေကြေးကူညီပေးတာမျိုးတွေနဲ့ ကြုံရတ တ်ပါ တယ်။ကိုယ့်ရဲ့ ဘ၀လက်တွဲဖော်နဲ့တော့ ငွေကြေးကိစ္စစ ကားများရတတ် ပါတယ်။ဒေါသနဲ့ မဖြေရှင်းပဲ တည်ငြိမ်စွာ ဖြေရှင်းပါ။

မေတ္တာရေး- ဒီလမှာတော့ အချစ်ရေးမှာ ပျော်စရာ၊ကြည်နူးစရာလေးတွေနဲ့ ကြုံရ တတ်ပါတယ်။Single တွေလည်း မေတ္တာရေးပေါ်ပေါက်နိုင်ပါတယ်။ချစ်သူရှိပြီး သား စုံတွဲတွေကတော့ ဒီလထဲမှာ ကတောက်ကဆ ဖြစ်စရာလေးတွေနဲ့ ကြုံရနိုင်ပါတယ်။

ကျန်းမာရေး- ဒီလမှာတော့ ကြီးကြီးမားမား ပြဿနာမရှိနိုင်ပါဘူး။ကောင်း ပါတယ်။ ခြုံပြောရရင်တော့ ဒီလဟာ မေတ္တာရေးကံကောင်းပြီး အလုပ်ကိစ္စေ တွကတော့ ထင်သလောက် မတိုးတက်ပဲ နှောင့်နှေးတာမျိုး နဲ့ ကြုံရနိုင်ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref;sunsigns

SHARE