စစ်သားတွေနဲ့ ရဲတွေပါခေါ်ပြီး ပါလီမန်အစည်းအဝေးတက်ခဲ့တဲ့ အယ်လ်ဗေးဒိုးသမ္မတ

YouTube/EuroNews

ဖေဖော်ဝါရီလ(၉) ရက်နေ့ နေ့လည်ခင်းတုန်းက အယ်လ်ဆာဗေးဒိုးနိုင်ငံ သမ္မတ နာယစ်ဘူကယ်လေဟာ လက်နက်ကိုင် စစ်သားတွေ၊ ရဲတွေနဲ့အတူ ခြံရံပြီး ပါလီမန်ထဲ ၀င်ရောက်လာခဲ့ကြောင်း CNN သတင်းအရ သိရပါတယ်။ သမ္မတဘူကယ်လေဟာ ၄င်းနဲ့ အတိုက်အခံ ပါလီမန်အမတ်တွေကို ၄င်းရဲ့ ဒေါ်လာ (၁၀၉) သန်း ချေးငွေကိစ္စနဲ့ ပတ်သက်ပြီး ထောက်ခံသဘောတူပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

View this post on Instagram

Parece que Layla ha aprendido a leer mandarín 😂

A post shared by Nayib Bukele (@nayibbukele) on

ဘူကယ်လေက သူဟာ ဒီချေးငွေတွေကို နိုင်ငံထဲဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ဖို့နဲ့ ပြည်သူ့ရဲတွေနဲ့ စစ်တပ်ကို အားဖြည့်ဖို့ အသုံးပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။ ချေးငွေကိစ္စနဲ့ ပတ်သက်ပြီး သမ္မတနဲ့ အတိုက်အခံအမတ်တွေကြားထဲမှာ တင်းမာမှုတွေ မြင့်တက်လာနေခဲ့တာပါ။ ဘူကယ်လေရဲ့Territorial Control Plan နယ်မြေထိန်းချုပ်ရေးစီမံကိန်းဟာ ရဲနဲ့ စစ်တပ်အတွက် ပိုအဆင့်မြင့်တဲ့ လက်နက်ယန္တယားတွေနဲ့ ထပ်တိုးအရင်းအမြစ်တွေ ပံ့ပိုးပေးပြီး အယ်လ်ဆာဗေးဒိုးက ရာဇ၀တ်မှုတွေကို  ထိထိရောက်ရောက် ထိန်းချုပ်နှိမ်နှင်းဖို့ ဖြစ်တယ်လို့ သိရပါတယ်။

READ
လူတွေလို့ အပြုအမူကောင်းတွေ တတ်နေတဲ့ တောရိုင်းဝက်ဝံကြီး

အယ်လ်ဆာဗေးဒိုးဟာ ကမ္ဘာမှာ လူသတ်မှုနှုန်းအမြင့်ဆုံး ဖြစ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ အယ်ဆာဗေးဒိုးရဲ့နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရဲအဖွဲ့က ဖော်ပြချက်အရ နိုင်ငံထဲ ဖြစ်ပွားနေတဲ့ နေ့စဉ်ပျမ်းမျှ လူသတ်မှုနှုန်းဟာ (၂၀၁၉) မေလအထိ (၉.၂) ရှိခဲ့ရာက ဘူကယ်လေ သမ္မတာဝန်ယူပြီးနောက်ပိုင်း (၂၀၂၀) ဇန်န၀ါရီလအတွင်း (၃.၈) အထိ လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။ အစိုးရကတော့ အခုလို လူသတ်မှုနှုန်းတွေ ကျဆင်းသွားတာက နယ်မြေထိန်းချုပ်ရေးစီမံကိန်းရဲ့ တိုက်ရိုက်အကျိုးဆက်ကြောင့်လို့ ပြောပြပါတယ်။

ဘူကယ်လေဟာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က သူ့ကို လူတော်တော်များများက အများနဲ့ ကွဲထွက်နေတဲ့ အမတ်လောင်းတစ်ယောက်အဖြစ်နဲ့သာ သိကြပါတယ်။ သူဟာ အရင် အယ်လ်ဆာဗေးဒိုးသမ္မတဟောင်းတွေဖြစ်တဲ့ ဖရန်ဆစ်စကို ဖလော်ရက်စ်နဲ့ အန်တိုနီယိုဆာကာတို့ရဲ့ ပြည်သူ့ရန်ပုံငွေတွေ အလွဲသုံးစားလုပ်ပြီး ဖျောက်ပစ်တဲ့အကြောင်း ရည်ရွယ်တဲ့ “ဘယ်သူမှ မခိုးရင် ဘဏ္ဍာလုံလောက်တယ်” “ခိုးထားတာ ပြန်ပေးပါ” စတဲ့ ဆောင်ပုဒ်တွေကို လက်ကိုင်ပြုပြီး ကမ်ပိန်းဆင်းခဲ့တာ ဖြစ်ပါတယ်။

READ
ရုရှတွင်အန္တရာယ်ရှိSelfieရိုက်ကူးမှုကြောင့် ၁ပတ်အတွင်းဆယ်ကျော်သက်5ဦးသေဆုံး

ဥပဒေပြုအမတ်အချို့ဟာ အရင်က ဘူကယ်လေရဲ့ နယ်မြေထိန်းချုပ်ရေးစီမံကိန်းအတွက် ချေးငွေရယူလိုမှုကို သဘောမတူပဲ ကန့်ကွက်ခဲ့ကြတာပါ။ ချေးငွေပမာဏရဲ့ အရွယ်အစားက ကြီးတာရယ်၊ ချေးငွေလျှောက်ထားရယူမှုမှာ ဘူကယ်လေတင်ပြထားတဲ့ အချို့အသုံးစရိတ်တွေက သေချာပြန်လည်စဉ်းစားဖို့ လိုအပ်နေတာတွေရယ်ကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဘူကယ်လေဟာ တနင်္ဂနွေနေ့တုန်းက ပါလီမန်ထဲ လက်နက်ကိုင်တွေနဲ့ စီးနင်းခဲ့တဲ့အပြင် သူ့ရဲ့နယ်မြေထိန်းချုပ်ရေးစီမံကိန်းကို သဘောတူလက်ခံဖို့ အချိန်(၁) ပတ်ပေးမယ့်အကြောင်းလည်း ၄င်း ပါလီမန်က မထွက်ခွာခင်မှာ ပြောသွားခဲ့တယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE