စတိုးဆိုင်ကိုဝင်စီးတဲ့ ဓားပြဆီကနေ ရသလောက်ပြန်ခိုးသွားတဲ့ အလစ်သုတ်သမား

Facebook/News,Accidents, Robberies & Incidents

စတိုးဆိုင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့တဲ့ ဓားပြတစ်ယောက်ဟာ ဆိုင်းကပိုက်ဆံတွေကို လောလောလောလောနဲ့ ယူနေချိန်မှာ ထင်မှတ်မထားဘဲ တိုက်ရာပါပစ္စည်း ဖြတ်လုတာကို ခံလိုက်ရပါတယ်။ ဒီအဖြစ်အပျက်ဟာ တောင်အာဖရိက နိုင်ငံက စတိုးဆိုင်တစ်ခုမှာ ဖြစ်ခဲ့တာပါ။ ဖြတ်လုသွားတဲ့ အလစ်သုတ်သမားက အဲဒီစတိုးဆိုင်ကို ရောက်နေတဲ့ ဈေးဝယ်သူပါ။

တကယ့်တော့ ဓားပြတွေရဲ့ထုံးစံအတိုင်း သေနတ်ပြပြီး၊ အားလုံးကို ကြမ်းပြင်မှာ အလျားမှောက်ခိုင်းလို့ အလစ်သုတ်သမားလည်း ကြမ်းပြင်မှာ မှောက်ချလိုက်ပါတယ်။ ဓားပြက ဆိုင်ကောင်တာက ပိုက်ဆံတွေကို အလောတကြီး သိမ်းနေချိန်မှာ ငွေစက္ကူတစ်ချို့ ကြမ်းပြင်ပေါ်ကို ကျလာခဲ့တာပါ။

Facebook/News,Accidents, Robberies & Incidents

ဒါကို ပြားပြားမှောက်နေတဲ့ ကိုရွှေအလစ်သုတ်သမားက ချက်ချင်းပဲ အဲဒီနေရာကို လျှင်မြန်စွာ တွားသွားပြီး ငွေစက္ကူတစ်ချို့ကို လျှင်မြန်စွာ လှမ်းယူလိုက်တာကို ဆိုင်မှာတပ်ဆင်ထားတဲ့ CCTV မှာ အရှင်းသား မြင်တွေ့ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကို ဓားပြက မြင်လိုက်ပေမယ့် ပိုက်ဆံလေးအနည်းငယ်အတွက် ဘာမှမပြောပဲ လွှတ်ပေးလိုက်ပုံပါ။

Facebook/News,Accidents, Robberies & Incidents

အခင်းဖြစ်ခဲ့ရာစတိုးဆိုင်ကတော့ Johannesburg မှာတည်ရှိတဲ့ Shoprite Usave အမည်ရ စူပါမားကတ်မှာ ဖြစ်ပါတယ်။ ဓားပြဟာ ဆိုင်အတွင်းကို ဝင်ဝင်ချင်း သေနတ်ကို ဝေ့ယမ်းပြပြီး၊ ဝန်ထမ်းတွေကော၊ ဈေးဝယ်သူတွေပါ အလျှားမှောက်ဖို့ အမိန့်ပေးခဲ့တာပါ။ တကယ်တော့ အရဲစွန့်အလစ်သုတ်ခဲ့သူအဖို့ ကံမကောင်းရင် အသက်ထွက်သွားနိုင်တဲ့ ကိန်းပါဘဲ။

READ
အုပ်စုဖွဲ့ အဓမ္မကျင့်ခံရပြီးနောက် မီးရှို့ခံခဲ့ရသည့် အမျိုးသမီး

ဒါပေမယ့် သူ့လှုပ်ရှားမှုကို သူယုံကြည်ပုံရပါတယ်။ သူရဲ့ လျှင်မြန်မှုကို ဓားပြက ကနဦးတုန်းက သတိထားမိတယ်လို့ ထင်ရပေမယ့် ဓားပြကလည်း သူ့အပူနဲ့သူမို့ တစ်ခြားသူကို သိပ်ဂရုစိုက်မိဟန် မရှိပါဘူး။ နိုဝင်ဘာ(၁၅)ရက်က ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ အတော်လေးကို ပြောစရာဖြစ်နေပါတယ်။ မှတ်ချက်ရေးသူတစ်ယောက်က “ ဒီနိုင်ငံမှာတော့ ဓားပြတောင် လုံခြုံမှုမရှိဘူး”လို့ အပြောင်အပြက် ရေးခဲ့ပါတယ်။

လင်းဇော်ကို

SHARE