တရုတ်ပင်လယ်ကမ်းစပ်မှာ ကဏန်းကောင်ရေ သိန်းချီစုဝေးလို့ လူအများစိုးရိမ်နေ

တရုတ်နိုင်ငံ၊ ရှန်ဒေါင်းစီရင်စု၊ ကွင်ဒါအိုကမ်းခြေ အရှေ့ပိုင်းမှာတည်ရှိတဲ့ သောင်စပ်မှာ ကဏန်းကောင်ရေ သိန်းချီ စုဝေးမှု ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇူလိုင် 13 ရက် ကြာသပတေးနေ့က ဖြစ်ခဲ့တာ ဖြစ်ပြီး၊ အဆိုပါ ကမ်းခြေဟာ အနည်ကျဒီရေရောက်ရှိရာ ကမ်းခြေမို့ စာကလေးကဏန်းလို့ ခေါ်တဲ့ ကဏန်းတွေရဲ့ပျော်ပါးရာ နေရာဖြစ်ပါတယ်။

စာကလေးကဏန်းကို Macrophthalmus japonicus လို့ ဇီဝဗေဒ နာမည်ပေးထားပြီး၊ အကောင်မှာ ကျပ်ပြားစေ့လောက်သာ ရှိတဲ့ ကဏန်မျိုးဖြစ်ပါတယ်။ မြန်မာတွေကတော့ အလွန်သေးငယ်တဲ့ ကဏန်းမို့ စာကလေးကဏန်း၊ ကဏန်းကြက်ချေးလို့ အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။

တရုတ်လူမှုကွန်ယက်မီဒီယာတွေမှာတော့ ဒီလို ကဏန်းကောင်ရေ သန်းချီစုရုံးခြင်းဟာ ရာသီဥတုဖောက်ပြန်မှားယွင်းမှုကြောင့် ဖြစ်နိုင်ကြောင်း အကြံပေးကြသလို၊ တစ်ချို့ကတော့ ကမ္ဘာပျက်တော့မှာလားလို့ မေးခွန်းတွေ ထုတ်နေကြပါတယ်။ မှတ်ချက်ရေးသူတစ်ဦးကတော့ အဆိုပါကဏန်းတွေကို ပုပ်အောင်ထားပြီး၊ ငါ့ရှဥ့်ထောင်ခြင်းနဲ့ ငါးမျှားခြင်းမှာ အသုံးပြုလို့ ရကြောင်း ရေးသားခဲ့ပါတယ်။

စာကလေးကဏန်းဟာ အသားပါဝင်မှုမှာ အခြားကဏန်းတွေထက် သိသာစွာ နည်းပါးတဲ့အတွက် လူတွေက ဖမ်းယူ စားသောက်လေ့မရှိကြပါဘူး။ ဒါပေမယ့် အောက်မြန်မာပြည်ရဲ့ တစ်ချို့ဒေသတွေမှာတော့ စာကလေးကဏန်းကို မီးဖုတ်ပြီး၊ အတို့အမြှုပ်အဖြစ် စားသုံးကြသလို၊ ထောင်းပြီး၊ အနှစ်ယူကာ နံနံပင်၊ ပင်စိမ်းစသည်တို့နဲ့ ချက်ပြုတ်စားသောက်တာမျိုးလည်း ရှိပါတယ်။

READ
လွန်ခဲ့သောနှစ်(၅၀၀၀)က အရိုးစုများနှင့် သင်္ချိုင်းမြေပုံကို တရုတ်ပညာရှင်များရှာဖွေတွေ့ရှိ

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ  ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

source : CGTN.com

SHARE