တစ်ဦးနဲ့တစ်ဦး မခွဲချင်အောင်တွယ်တာသွားကြတဲ့ တပ်ကြပ်ကြီးနဲ့ ကြောင်မလေး

GUARDIAN OF RESCUE

မကြာသေးခင်က အရှေ့အလယ်ပိုင်းမှာ တပ်လာဖြန့်တဲ့ တပ်ကြပ်ကြီး Ash ဟာ မိသားစုသတင်းဆိုးတစ်ခုကို ကြားခဲ့ရပါတယ်။ Ash ဟာ သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ မိုင်ထောင်ပေါင်းများစွာ ဝေးကွာနေတဲ့နေရာမှရောက်နေတဲ့အတွက် ဒီသတင်းက သူမအတွက် အရမ်းခက်ခဲခဲ့ပါတယ်။

အခုလို စိတ်ထိခိုက်နေတဲ့အချိန်တွေမှာ Ash ကိုနှစ်သိမ့်ပေးတဲ့သူဟာ လမ်းဘေးကြောင်မလေးတစ်ကောင်သာ ဖြစ်ခဲ့ပါတယ်။ သူ့နာမည်က Rona ပါ။ Ash ဟာ Rona ကျန်းမာရေးမကောင်းတုန်းက ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။ အခုအခါကျတော့ Ash စိတ်အားငယ်နေတဲ့အချိန် Rona ဟာ ပြန်လည်နှစ်သိမ့်မှုပေးခဲ့တာဖြစ်ပါတယ်။

GUARDIAN OF RESCUE

Ash နဲ့ Rona တို့က Ash ရဲ့အခန်းဖော်ကြောင့် တွေ့ဆုံဖြစ်ခဲ့တာပါ။ Ash နဲ့ စတွေ့တုန်းကတော့ Rona က နေမကောင်းဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် Ash ကပဲ ကြောင်မလေးအတွက် အစစအရာရာတာဝန်ယူပြီး အသက်အန္တရာယ်ကနေကယ်ခဲ့တာပါ။ ကြောင်မလေးက နေမကောင်းတာသက်သာသွားပြီဆိုတော့မှ သူ့ကို Ash က Rona ဆိုပြီး နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။

READ
ငယ်စဉ်တည်းက အမြင်အာရုံဆုံးရှုံးခဲ့ပေမဲ့ အတော်ဆုံးဘဲလေးကချေသည်ဖြစ်လာတဲ့ အလစ်ရှာအလွန်ဆို

သိပ်မကြာခင်မှာတော့ Ash ဟာ အမေရိကန်ကိုပြန်သွားရတော့မှာပါ။ သူမစိတ်ဓာတ်ကျသောကရောက်နေတဲ့အချိန်တွေမှာ အမြဲတမ်းအနားမှာရှိနေပေးတဲ့ Rona ကို Ash က သူမနဲ့အတူ အမေရိကန်ကိုခေါ်သွားချင်ခဲ့ပါတယ်။ ဒီအတွက် Ash က Guardians of Rescue အဖွဲ့အစည်းကို အကူအညီတောင်းခဲ့ပါတယ်။

GUARDIAN OF RESCUE

ဒီအဖွဲ့အစည်းကတော့ တိရစ္ဆာန်ကူညီစောင့်ရှောက်ရေးအဖွဲ့အစည်းဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ တာဝန်ကျနေတဲ့ စစ်သားအချို့မှာ Ash လိုပဲ အဲ့ဒီဒေသက တိရစ္ဆာန်လေးတွေအပေါ် သံယောဇဉ်တွယ်မိတဲ့သူတွေ ရှိပါတယ်။ ဒီစစ်သားတွေဟာ တာဝန်ချိန်ကုန်ဆုံးလို့ ဌာနေအမေရိကားကို ပြန်ရတဲ့အခါ သူတို့မွေးထားတဲ့ ခွေးကြောင်စတဲ့ တိရစ္ဆာန်လေးတွေကိုပါ သူတို့နဲ့အတူခေါ်သွားဖို့ကြိုးစားလေ့ရှိပါတယ်။

ဒီလိုခေါ်သွားဖို့ဆိုတာက ထင်သလောက်တာ့ မလွယ်ပါဘူး။ ငွေကြေးအများကြီးကုန်ကျပါတယ်။ Rona လေးဟာ ခရီးသွားလာခွင့်ရဖို့လျှောက်ထားရတဲ့အပြင် ဆေးစစ်တာမျိုးတွေလည်း လုပ်ရပါသေးတယ်။  ဒါတွေကိုတော့ လုပ်ငန်းစည်းမျဉ်း နားလည်တဲ့ Guardians of Rescue က အကူအညီပေးနေပါတယ်။ ကုန်ကျစရိတ်တွေအားလုံးကိုလည်း အိမ်မွေးတိရစ္ဆာန်ခေါ်ယူမယ့် စစ်သားဘက်က ကျခံရပါတယ်။ အခုဆိုရင်တော့ Ash ဟာ Guardians of Rescue နဲ့ပူးပေါင်းကာ Rona ကို အမေရိကားခေါ်သွားဖို့ စရိတ်ရှာနေကြောင်းလည်း People သတင်းစာမျက်နှာအရ သိရပါတယ်။

READ
ကပ်ဘေးကာလအတွင်း ရပ်ကွက်ထဲကလူတွေရဲ့ ကျေးဇူးရှင်ဖြစ်လာခဲ့သူ

ShweMom

SHARE