အပြာမယ်ဇနီးကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တဲ့ အမေရိကန်စစ်သားဟောင်း

အမေရိကန် စစ်ဘက်မှာတာဝန်ထမ်းဆောင်ပြီး တိုက်ပွဲတွေ အခါခါဆင်နွှဲခဲ့တဲ့ အမေရိကန်စစ်သားဟောင်း William Jeff West အမည်ရ အသက် (၄၄) နှစ်အရွယ် အမျိုးသားဟာ ဇနီးဖြစ်သူ အပြာမယ်ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူဟာ Kathleen ဖြစ်ပြီး အသက်(၄၂)နှစ် ရှိပါပြီ။

သူတို့လင်မယားဟာ အမေရိကန်နိုင်ငံ၊ အယ်လ်ဘာမားပြည်နယ်၊ ကလီရာမှာ နေထိုင်ကြပြီး Kathleen ရဲ့အလောင်းကိုတော့ နေထိုင်ရာအိမ်နဲ့ မနီးမဝေးမှာ အသက်(၁၉)နှစ်အရွယ် ကောင်မလေးတစ်ဦးက တွေ့ခဲ့တာပါ။ Kathleen ဟာ အဝတ်အစားမဲ့လျက် သေဆုံးနေတယ်လို့ ဆိုပါတယ်။

Kathleen ဟာ Kitty Kat West အမည်ရ အပြာဆိုဒ်တစ်ခုမှာ အဖော်အချွတ်မယ်အဖြစ် အလုပ်လုပ်ပြီး Run နေတာ ကြာပါပြီ။ အဆိုပါ ဝက်ဘ်ဆိုဒ်ဟာ Sub ပြုလုပ်ရပြီး အပြာဇာတ်ကားနဲ့ အဖော်အချွတ်ဓာတ်ပုံတွေကို ကြည့်ဖို့ တစ်လလျှင် ဒေါ်လာ (၁၆)ဒေါ်လာ ကျသင့်ပါတယ်။ West တို့ လင်မယားမှာ အသက်(၁၂)အရွယ် သမီးလေးလည်း ရှိပါတယ်။

READ
"နင့်အသည်းနှလုံးငါ့ကိုပေး" ဆိုပြီး ချစ်သူရဲ့ ရင်ဘတ်ကို ဓားနဲ့ထိုးခဲ့တဲ့ ကောင်မလေး

Jeff ဟာ ဇနီးသေဆုံးတာကို နည်းနည်းလေးမှ တုန်လှုပ်မှုမရှိဘဲ အလောင်းကို ကြည့်ပြီး ” အဲဒါ ကျွန်တော်မိန်းမပေါ့ … “လို့ အေးအေးဆေးဆေး စီးကရက်ကို ဖွာပြီး၊ အိမ်ထဲကို ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။ Kathleen ဟာ ပြင်းထန်စွာရိုက်နှက်ခံခဲ့ရပြီး၊ သေဆုံးခဲ့တာပါ။ သူ့ကို မကြာမီမှာ သံသယမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။

ဒါပေမယ့် သူမကို Jeff က သတ်ခဲ့တယ်လို့ သံသယအဖြစ်သာရှိနေသေးပြီး၊ သူ့ရဲ့ မထုံတက်တေးအပြုအမူတွေဟာ သံသယဖြစ်ဖွယ်ရာ ကောင်းနေပါတယ်။ ဒါပေမယ့် လောလောဆယ် သက်သေသက်ကာယတွေ စုဆောင်းနေတယ်လို့ သိရပါတယ်။ သူမကို သဂြိုင်္ဟတဲ့နေ့က သူရဲ့ FB ပေါ်မှာ တင်ခဲ့ပြီး၊ ချစ်စရာကောင်းတဲ့ ဇနီး၊ မိခင်ကောင်းတစ်ယောက်လို့ ဖော်ပြခဲ့ပါတယ်။

နတ်စည်ေတာ် (Shwemom)

source : ladbible.com

SHARE