မင်းသမီးစင်တင်ပေးဖို့ လိင်မှုကိစ္စကို အလဲအထပ်လုပ်ခဲ့တဲ့ Warner Bros. စီအီးအို

Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီဟာ ဟောလိဝုဒ်ရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ကုမ္ပဏီကြီး ၆ ခုထဲမှ တစ်ခုဖြစ်ပြီး ဟောလိဝုဒ် ရုပ်ရှင်လောကရဲ့ ဈေးကွက်ရှယ်ယာကို တတိယအများဆုံး ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ စီအီးအိုကတော့ အမေရိကန်-ဂျပန် ကပြား Kevin Tsujihara ဖြစ်ပြီး သူဟာ ဟောလိဝုဒ် နာမည်ကျော် ရုပ်ရှင်စတူဒီယိုကို အုပ်ချုပ်နိုင်တဲ့ ပထမဆုံး အာရှနွယ်ဖွားလည်း ဖြစ်လာခဲ့ပါတယ်။

Cultjer

အရည်အချင်းပြည့်စုံလို့ ကျော်ကြားတဲ့ Tsujihara ကတော့ ယခုနှစ် မတ်လဆန်းပိုင်းမှာ စွပ်စွဲချက်တစ်ခုနဲ့ စတင်ရင်ဆိုင်နေရပါတယ်။ သူဟာ ဗြိတိန်လူမျိုး သရုပ်ဆောင်မင်းသမီး Charlotte Kirk ကို ဟောလိဝုဒ်မှာ စင်တင်ပေးဖို့အတွက် လိင်မှုကိစ္စအရ ပတ်သက်ခဲ့တယ်ဆိုပြီးပါ။ ထိုသတင်းကတော့ သူတို့ ၂ ယောက်ကြားက မက်ဆေ့ခ်ျတွေ ပေါက်ကြားသွားရာမှ စတင်လာခဲ့တဲ့ ပြဿနာလည်း ဖြစ်ပါတယ်။

screenrant

Tsujihara ဟာ ၂၀၁၃ တုန်းက ဒါရိုက်တာ Brett Ratner၊ လုပ်ငန်းရှင် James Packer တို့နဲ့အတူ Kirk ကို စသိခဲ့တာပါ။ ၃ နှစ်ရင်းနှီးပြီးနောက် ၂၀၁၆ ကထွက်တဲ့ How to Be Single ၊ ၂၀၁၈ က ထွက်တဲ့ Ocean’s 8 တို့မှာ Kirk ကို ဇာတ်ရံနေရာက ထည့်သွင်းသရုပ်ဆောင်စေခဲ့ပါတယ်။ ဒါပေမယ့် ထင်သလောက် အချိန်တိုအတွင်း အောင်မြင်မလာခဲ့တဲ့အတွက် Kirk အနေနဲ့လည်း စီအီးအိုကို သိပ်မကျေနပ်ခဲ့ဘူးလို့ သိရပါတယ်။

READ
အမေဖြစ်သူကို အသက်ဘေးက ကယ်တင်ခဲ့တဲ့ ၄နှစ်အရွယ်ကလေး
IMDb

သူတို့ ၂ ယောက်ရဲ့ ပတ်သက်မှုဟာ ပထမတစ်ကြိမ်တုန်းကတော့ သက်သေမခိုင်လုံမှုကြောင့် အမှုမဖြစ်ခဲ့ရပေမယ့် ယခု ဒုတိယအကြိမ်မှာတော့ Tsujihara ကို စစ်ဆေးမှုတွေ ပြုလုပ်နေပါပြီ။ စစ်ဆေးခံနေရဆဲ ကာလမှာပဲ Tsujihara က သူ့ကုမ္ပဏီက ဝန်ထမ်းတွေဆီ တောင်းပန်စာ ရေးသားခဲ့ပါတယ်။ စာထဲမှာ သူ့အမှားတွေအတွက် တောင်းပန်ကြောင်း၊ ထိုအမှားတွေအတွက် ကုမ္ပဏီကို ဆိုးကျိုးမသက်ရောက်စေလိုကြောင်းနဲ့ အလုပ်ကြိုးစားမှုတွေ အားလုံးအတွက် ကျေးဇူးတင်ကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။

Youtube

Tsujihara ဟာ Warner Bros. Entertainment Inc. ကုမ္ပဏီမှာ ၁၉၉၄ ခုနှစ်က စအလုပ်ဝင်ခဲ့တာပါ။ ၂၀၀၅ မှာ ကုမ္ပဏီရဲ့ home entertainment unit မှာ ခေါင်းဆောင်ဖြစ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ကုမ္ပဏီတစ်ခုလုံးရဲ့ စီအီးအို ဖြစ်လာခဲ့ပါတယ်။ အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ကလေး ၂ ယောက်ရဲ့ ဖခင်ပါ။ လက်ရှိဖြစ်ပွားနေတဲ့ အမှုမှာတော့ Tsujihara ရဲ့ အပြစ်ဟာ မင်းသမီး Kirk ရဲ့ ဆန္ဒ ပါခဲ့/မပါခဲ့ ပေါ်မူတည်ပြီး အပြစ် အကြီးအသေး ပြောင်းလဲမှုတွေ ဖြစ်လာဦးမှာလည်း ဖြစ်ပါတယ်။

READ
ဓာတ်ပုံရိုက်ဖို့ကြိုးစားစဉ် ပေ(၂၅၀)အမြင့် ရေတံခွန်မှ ပြုတ်ကျသေဆုံးခဲ့သူ

Ref: Screen Rant

SHARE