မြည်းပုကလေး Lulu အတွက် အိမ်ထဲမှာ မွေးနေ့ပွဲကျင်းပပေးခဲ့တဲ့ မင်းသားကြီးအာနိုး

[email protected]

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတိုင်းနီးပါး အိမ်ထဲကနေ အိမ်အပြင် မထွက်ကြရတြော့လောက်အောင်ဖြစ်နေပါပြီ။ အကုန်လုံးသိတဲ့အတိုင်း လက်ရှိအချိန်က တစ်ကမ္ဘာလုံးမှာ COVID 19 ရောဂါဖြစ်နေတာကတစ်ကြောင်း၊ ရောဂါကာကွယ်ဆေးကလည်း လက်ရှိအချိန်ထိ မပေါ်သေးတာကတစ်ကြောင်း အစရှိတာတွေကြောင့် လူတိုင်းနီးပါးဟာ ကိုယ့်အသိစိတ်နဲ့ပဲ အိမ်မှာပဲ နေနေကြပါတယ်။

ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ အာနိုးကြီးဟာလည်း အိမ်မှာသူ့ရဲ့အချစ်တော် မြင်းပုလေး Whiskey နဲ့ မြည်းပုလေး Lulu တို့နဲ့အတူ ပျော်ရွှင်စွာနေထိုင်နေပြီး အခုလည်း Lulu ရဲ့ မွေးနေ့ပွဲကလေးကို အိမ်ထဲမှာပဲ ကျင်းပခဲ့ကြောင်း Story Pick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အာနိုးကြီးဟာ Lulu ရဲ့ မွေးနေ့ပွဲကို သေသေချာချာ ဂရုတစိုက်နဲ့ ကျင်းပပေးခဲ့တဲ့အတွက်ကြောင့် Lulu လေးတစ်ယောက် ပျော်ရွှင်နေတဲ့ပုံလေးကို ဗီဒီယိထဲမှာ တွေ့မြင်ကြမှာပါ။ မြင်းပုကလေး Whiskey ကတော့ အကုန်လုံးက Lulu ကိုပဲ attention ပေးနေတဲ့အတွက်ကြောင့် မနာလို ဖြစ်နေတဲ့ ပုံပါပဲ။ ဘာပဲဖြစ်ဖြစ် Whiskey ကော၊ Lulu ကော နှစ်ကောင်စလုံးဟာ အာနိုးကြီးရဲ့ အချစ်တော်လေးတွေပါပဲ။

READ
စိတ်ကောက်နေတဲ့ ချစ်သူကို ပြန်ချော့နေတဲ့ ဥက္ကာမင်းမောင်
[email protected]

အာနိုးကြီးဟာ Lulu ကို မွေးနေ့ပွဲကျင်းပနေတဲ့ ဗီဒီယိုမှတ်တမ်းလေးကို သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေတစ်ဆင့် သူ့ရဲ့ပရိသတ်တွေကို မျှဝေခဲ့ပါတယ်။ အဆိုပါဗီဒီယိုလေးဟာ တွေ့မြင်ရသူတိုင်းအတွက် တော်တော်စိတ်ချမ်းသာစရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE