သားဖြစ်သူရဲ့ လိင်အသားပေးဇာတ်ဝင်ခန်းတွေကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့တဲ့ အားနိုး

Instagram/ArnoldSchwarzenegger

အက်ရှင်သရုပ်ဆောင်မင်းသားကြီးအာနိုးဟာ အခုချိန်မှာ အသက်ရွယ်ကြီးရင့်လာပြီဖြစ်သလို နိုင်ငံရေးနဲ့ လူမှုရေးအလုပ်တွေကို အချိန်ပေးနေတာကြောင့် ရုပ်ရှင်သရုပ်အောင်အလုပ်အတွက် အချိန်သိပ်မပေး နိုင်တော့ပါဘူး။ တစ်နှစ်ကို တစ်ကားနှုန်းလောက်သာ ရိုက်ကူးနိုင်တော့တာတွေ့ရပြီး နောက်ဆုံးရုပ်ရှင်အနေနဲ့တော့ (၂၀၁၉)ခုနှစ်တည်းမှာ Terminator:Dark Fate ထွက်ရှိထားပါတယ်။

ဇနီးဟောင်းဖြစ်သူ Maria Shariva နဲ့ (၂၀၁၇)ခုနှစ်အတွင်းမှာ ကွာရှင်းခဲ့ပေမယ့် သားသမီးတွေ အပေါ်မှာတော့ ဖခင်ကောင်းတစ်ယောက်ပြီသစွာ ထောက်ပံ့မှုပေးနေဆဲပါ။ အခုလည်း သူ့ရဲ့သားPatrickဟာ ဇာတ်ကားတစ်ခုမှာ ခန္ဓာကိုယ်အပေါ်ပိုင်းချွတ်ပြီး လိင်အသားပေးဇာတ်ဝင်ခန်းတွေ ရိုက်ကူးခဲ့တာကြောင့် အာနိုးဟာ သူ့သားကို ဆုံးမစကားပြောခဲ့ရကြောင်း Fox သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

 

View this post on Instagram

 

Edwards Air Force Base, California 2002. Growing up i was super fortunate that I had opportunity to travel with my dad when he was Governor. We visited multiple Military base both in America and over seas. We visited many hospitals where we talked with wounded soldiers & veterans. I also recently had the opportunity to live on Fort Hood military post in Texas for few months for a military mini series where I became friends with a bunch of active soldiers. Point is I got to spend some time with members of our military. Both active and Veterans at the time. I have so much respect our Veterans & what they have done for our country and their sacrifices. Being on Fort Hood put that into a whole other perspective…Truly our hero’s. I know today is #veteransday but I hope if you see a member of our armed forces or a veteran any day, say thank you for your service. Small act but I can only imagine how It would feel to them. They deserve our thanks & our respect 365 days a year, not just today. Anyways, if your a member of our military, THANK YOU! If you were a member, THANK YOU! God bless 🇺🇸🇺🇸🇺🇸🇺🇸🇺🇸🇺🇸

A post shared by Patrick Schwarzenegger (@patrickschwarzenegger) on

“ကျွန်တော့်သားက သရုပ်ဆောင်ပိုင်းကတော့ တော်တော်ကောင်းတဲ့ဗျ။ ကျွန်တော့်သားမို့လို့ ကျွန်တော်ပြောတာမဟုတ်ဘူး။ဒါပေမယ့် လိင်အသားပေးဇာတ်ကားတွေရိုက်တာတော့မကြိုက်ဖူးဗျ။ကျွန်တော့်စိတ်ထဲမှာ ဒီတစ်ခုကိုတော့ တော်တ်ေရိုင်းတယ်လို့ မြင်တယ်”ဟု FOX LA သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

“Patrick ဒီလိုကားတွေရိုက်နေတယ်လို့ ကျွန်တော့်ကိုပြောတာ ကျွန်တော့်ဇနီးဟောင်း Maria ဖုန်းဆက်မှ သိရတာဗျ။Patrickကလည်း Mariaကိုဘာမှ မပြောဘူးတဲ့။Mariaက သူ့အိမ်မှာ Tvကြည့်နေတုန်း ဇာတ်ဝင်ခန်းတစ်ခုမှာ အပေါ်ပိုင်းဗလာချွတ်ပြီး လိင်အသားပေးခန်းတွေ တောက်လျှောက်လာတော့တာအဲတဲ့။ Mariaတောင်မှ တော်တော်အံ့ဩသင့်သွားတယ်။သူ့ကိုလည်း ဘာမှ မပြောလို့တဲ့” ဟု အာနိုးမှ ဆက်လက်ပြောကြားခဲ့ပါတယ်။

 

View this post on Instagram

 

Rain Mag Cover

A post shared by Patrick Schwarzenegger (@patrickschwarzenegger) on

 

 

View this post on Instagram

 

The cake 😂😂 Happy Birthday big guy @schwarzenegger 🎂 🎉

A post shared by Patrick Schwarzenegger (@patrickschwarzenegger) on

Patrick ကလည်း သူ့ဖခင်လိုပဲ ဒီရုပ်ရှင်လောကမှာ အကြာကြီးနေပြီး ဇာတ်ကားတွေရိုက်ရင်းနဲ့ပဲ ဘဝကို ကုန်ဆုံးချင်ကြောင်း၊ Miley Cyrusနဲ့ ဒိတ်လုပ်တာလည်း နာမည်ပြီးချင်လို့မဟုတ်ကြောင်း၊သူ့လမ်းသူဖောက်ပြီး ရုပ်ရှင်တွေ ရိုက်ကူးရင်းနဲ့ပဲ နာမည်ကြီးချင်ကြောင်း အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ဒါ့အပြင် Patrickဟာ အခုချိန်မှာတော့ သူ့အဖေနဲ့အတူ အလုပ်အတူတူ လုပ်ဖို့တော့ ရှောင်ရှားကြောင်း၊ဒါပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန် ပိတ်ကားပေါ်မှာ သူတို့သားအဖနှစ်ယောက်သရုပ်ဆောင်နေတာကို မြင်ချင်ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။

 

READ
အမိုက်စားအကြည့်တွေနဲ့ ထိထိမိမိမိုက်နေလွန်းတဲ့ သွန်းဆက်

Pyi Hein Kyaw

SHARE