ရှားရှားပါးပါး မင်းသားကြီးအာနိုးလ်ရဲ့ စိတ်ဓာတ်မြှင့်တင်ရေး Rap သီချင်း ထွက်ပေါ်လာ

မင်းသားကြီး အာနိုးလ်ကို မြန်မာပြည်က ပရိသတ်တွေ မသိသူမရှိသလောက် ဖြစ်ပါလိမ့်မယ်။ သူဟာ ပြင်ပလောကမှာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ၊ ကယ်လီဖိုးနီးယားရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း၊ သက်ကြီးရွယ်အိုတွေကို ကြည့်ရှုစောင့်ရှောက်သူ စသဖြင့် လှုပ်ရှားမှုတွေ ရှိနေပါတယ်။

သူ့ကို လူသိများစေခဲ့တဲ့ ဇာတ်ကားတွေအနက် The Terminator နဲ့ Arm ဇာတ်ကားတို့ကတော့ ပရိသတ်တွေ အသည်းစွဲ ဖြစ်ပါလိမ့်မယ်။ အခုတော့ မင်းသားကြီး အာနိုးဟာ လူငယ်တွေ အားမာန်တက်စေဖို့ သြစတီးယားအဆိုတော် Andreas Gabalier နဲ့ပေါင်းပြီး သီချင်းတစ်ပုဒ် ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ပါဝင် သီဆိုခဲ့ပါတယ်။

andreas gabalier

သီချင်းနာမည်လေးကလည်း ‘Pump It Up (The Motivation Song)’ ဖြစ်ပါတယ်။ သီချင်းကိုလည်း အောက်မှာဖော်ပြပေးထားပါတယ်။ အဆိုတော် Gabalier ကတော့ Julapalu နဲ့ Zuckerpuppen အမည်ရ သီချင်းတွေနဲ့ နာမည်ရလာခဲ့တဲ့ အဆိုတော်ပါ။

Pump It Up သီချင်းထဲမှာ အာနိုးလ်ရဲ့ ဘဝအကြောင်းကို ဖွဲ့ဆိုထားတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ မေလ(၂၄)ရက်နေ့က စတင်ဖြန့်ချိခဲ့တာပါ။ သီချင်းထဲမှာ သြစတီးယားကာယဗလမောင်အဖြစ်မှ နာမည်ကျော် သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပုံ၊ အခက်အခဲမျိုးစုံ ကျော်ဖြတ်လာပုံတွေကို စိတ်ဝင်စားဖွယ်ပြကွက်တွေနဲ့ ဖော်ကျူးထားပါတယ်။

 

မင်းသားကြီး အာနိုးလ်ရွတ်ခဲ့တဲ့ Rap ကတော့ “”Hey I’m Arnold Schwarzenegger and listen carefully,” Schwarzenegger begins. “Dig deep down and ask yourself, who do you want to be/Not what, but who—if you believe success will come to you/Work like hell, trust yourself and all your dreams come true.” ဆိုပြီး ဖြစ်ပါတယ်။

ဆိုပုံဆိုပေါက်က အခုမှ Rap တွေ စဆိုနေတာမျိုးနဲ့ မတူပဲ၊ အရင်ကတည်းက Rap ကို အတော်ရူးသွပ်ခဲ့ပုံရနေပါတယ်။ မှတ်ချက်ရေးသူတွေကလည်း ထင်မှတ်မထားတဲ့ပုံစံနဲ့ မင်းသားကြီး အာနိုးလ်ကို တွေ့ရလို့ အတော်လေးကို အံ့သြမှင်သတ်နေကြပါတယ်။

နတ်စည်တော် (Shwemom)

READ
အောင်မြင်တဲ့အီရတ်အမျိုးသမီးများကို သုတ်သင်တဲ့အဖွဲ့ရဲ့ ပစ်မှတ်ဖြစ်လာတဲ့ အီရတ်မယ်

 

SHARE