တန်းစီရတာ ဘ၀မှာ ဒီလောက်ထိ တစ်ခါမှ မပျော်ခဲ့ဖူးဘူးဆိုတဲ့ မင်းသားကြီး Arnold

twitter/Schwarzenegger

ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ် ကယ်လီဖိုးနီးယားပြည်နယ်အစိုးရဟောင်းလည်းဖြစ်တဲ့ Arnold Schwarzenegger ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၂၀.၁.၂၀၂၁)တုန်းက လော့စ်အင်ဂျလိစ် Dodger Stadium မှာ ကိုဗစ်ကာကွယ်ဆေးထိုးခဲ့ပါတယ်။ “တန်းစီရတာ ဘ၀မှာ ဒီလောက်ထိ တစ်ခါမှ မပျော်ခဲ့ဖူးဘူး။ အသက်ရှင်ချင်ရင် လာလိုက်ခဲ့။” ဆိုပြီး တွစ်တာပေါ်မှာ ရေးသားတင်ထားတာပါ။

ဒီစကားကတော့ The Terminator ရုပ်ရှင်ဇာတ်ကားထဲမှာ ပြောခဲ့တဲ့ နာမည်ကျော်စာသားပဲဖြစ်ပါတယ်။ ဒီစကားကိုတော့ The Terminator ရဲ့ပထမဆုံးသရုပ်ဆောင်မင်းသား Michael Biehn က ပြောခဲ့တာဖြစ်ပြီး Terminator 2: Judgment Day နဲ့ နောက်ထပ် Terminator စီးရီးတွေထဲ Schwarzenegger ကပြောခဲ့တာဖြစ်ပါတယ်။

Schwarzenegger ဟာ ကာကွယ်ဆေးထိုးခဲ့တဲ့အပြင် ဗုဒ္ဓဟူးနေ့မှာပဲ အမေရိကန်သမ္မတသစ် Joe Biden ကို ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်း ပို့စ်တင်ကာ စကားပြောခဲ့ကြောင်း huffpost အရ သိရပါတယ်။

ShweMom

SHARE