Stallone ကိုဓားတစ်လက်တည်းနဲ့ လှောင်လိုက်တဲ့ Arnold Schwarzenegger

@officialslystallone, @schwarzenegger/Instagram

တကယ်ခင်တဲ့ဘော်ဒါတွေအချင်းချင်းဆို အမြဲတမ်းလိုလို စလိုက်နောက်လိုက်နဲ့ တဟီးဟီးတဟားဟားနေတတ်ကြတယ်မဟုတ်လား။ ဖြူစင်တဲ့သူငယ်ချင်းသံယောဇဉ်ဆိုတာ သိပ်ကိုလှပလွန်းလှပါတယ်။ သွေးမတော်သားမစပ်တဲ့ သူစိမ်းနှစ်ယောက်ဟာ မိသားစုရင်းသဖွယ် တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွယ်ကြတယ်ဆိုတဲ့ အချက်လေးတစ်ခုကြောင့်ပဲပေါ့။ ကျွန်တော်တို့ဆီမှာ ဒီလိုသူငယ်ချင်းတွေရှိသြလိုပဲ အနုပညာရှင်တွေမှာလည်း တစ်ယောက်ကိုတစ်ယောက် သိပ်ကိုရင်းနှီးကြတဲ့ မိတ်ဆွေတွေဆိုတာ ရှိကြစမြဲပါပဲ။ ဥပမာ ကမ္ဘာကျော်အက်ရှင်မင်းသားကြီးနှစ်လက်ဖြစ်တဲ့ Stallone နဲ့ Arnold တို့လိုပေါ့။

@officialslystallone/Instagram
@officialslystallone/Instagram

Arnold ဟာ မနေ့တုန်းကသူ့ရဲ့ Instagram account မှာ ဗီဒီယိုတစ်ခုတင်ထားခဲ့ပါတယ်။ ဗီဒီယိုကတော့ Stallone ရဲ့ Rambo ဇာတ်ကောင်အသစ်ထွက် ရုပ်ရှင်ကားအတွက် ဂုဏ်ယူကြောင်းတင်ထားခဲ့တာပါ။ Last Blood ဆိုတဲ့ Rambo ဇာတ်ကားဟာ ဇာတ်ကားခေါင်းစဉ်ကြောင့်မလို့ ပရိတ်သတ်တွေအနေနဲ့ Stallone ရဲ့ နောက်ဆုံး Rambo ဇာတ်ကားလား ထင်ကြေးပေးနေကြတဲ့ ဇာတ်ကားဖြစ်ပြီး ဒီအပတ်ထွက်ပါပြီ။

@officialslystallone/Instagram
@officialslystallone/Instagram

Arnold ဟာ သူ့ရဲ့ဂုဏ်ပြုစကားထဲမှာ Stallone ရဲ့ ဒီဇာတ်ကားသစ်လုံးဝအောင်မြင်သွားမယ်ဆိုရင် Stallone အတွက် ဓားအသစ်တစ်လက်ဝယ်ပေးမယ်တဲ့။ ဆိုလိုချင်တာကတော့ Rambo ဓားလေးကသေးတယ်ပေါ့။ ဟုတ်လည်းဟုတ်ပါတယ်။ Arnold တစ်ယောက် သူ့ရဲ့ Predator ဇာတ်ကားထဲက သုံးနေကျ ဓားလေးကို ထုတ်ပြလိုက်တဲ့အခါမှာ Rambo ဓားထက်ပိုကြီးနေတာကိုတွေ့ရမှာပါ။

READ
ကြွေလွင့်သွားပြီဖြစ်တဲ့ ကြယ်ပွင့်လေး
@schwarzenegger/Instagram
@schwarzenegger/Instagram

ဗီဒီယိုထဲမှာတော့ Stallone လက်မှတ်နဲ့ Rambo ဓားအစစ်ကို ပရဟိတလပ်ငန်းတွေအတွက် ပိုက်ဆံရအောင် ပေးလိုက်တယ်ဆိုတာ ဂုဏ်ယူမိပေမယ့် မင့်ဟာကဓားလို့မခေါ်ဘူး၊ ဒါမှဓားဆိုပြီး သူ့ရဲ့ Predator ထဲကဓားကြီးကို ထုတ်ပြလိုက်ပါတော့တယ်။ နောက်ဆုံးမှာတော့ Arnold ဟာ Stallone အတွက် ဂုဏ်ယူကြောင်းနဲ့ ရုပ်ရှင်ကတော့ ပေါက်ကိုပေါက်မှာဆိုပြီး ပြောခဲ့ပါတယ်။

Arnold နဲ့ Stallone တို့ဟာ Men’s Health မှာ ဖော်ပြချက်အရ ၁၉၈၀ လောက်တုန်းက ခေတ်ပြိုင်ဖြစ်ခဲ့တဲ့ အက်ရှင်မင်းသားနှစ်လက်ဖြစ်တာကြောင့် မြင်တာနဲ့ကြည့်မရခဲ့ကြောင်း၊ ရုပ်ရှင်ကားတစ်ကားမှာ လူဘယ်နယောက်သတ်တာကအစ မာဆယ်ဘယ်လောက်တက်လဲအဆုံး၊ box office ထဲ ဘယ်သူ့ကားဝင်မလဲဆိုပြီး ပြိုင်ခဲ့ကြပါတယ်တဲ့။ ဒါပေမဲ့ ၁၀ စုနှစ်တစ်ခုလောက်အကြာမှာတော့ သူတို့နှစ်ယောက်ဟာ လုံးဝကြီး အတွင်းသိသိခင်မင်သွားခဲ့ကာ အခုအချိန်အထိ မိတ်ဆွေစစ်တွေအတိုင်း ရှိနေခဲ့ကြပါတယ်လို့ Arnold က ၂၀၁၄ ခုနှစ် Hindustan Times Leadership Summit မှာ ပြောပြသွားခဲ့ပါတယ်။

READ
အိမ်ထောင်သည်ဘ၀မှာ အပျော်ကြီးပျော်နေတဲ့ ဆောင်းဟေကို

Penny

SHARE