အာနိုးနဲ့ လင်ဒါတို့ ပြန်လည်ပူးပေါင်းပါဝင်လာတဲ့ Terminator: Dark Fate Trailer ထွက်ရှိ

ပြီးခဲ့တဲ့ ကြာသပတေးနေ့ (မေ ၂၃) ရက်နေ့ မနက်က Terminator: Dark Fate ရဲ့ နှစ်မိနစ်ခွဲစာ ရုပ်ရှင်အမြည်း ထွက်ရှိလာခဲ့ပါတယ်။ အဲ့ဒီ့ရုပ်ရှင်မှာတော့ လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Terminator 2: Judgement Day မှာ ပါဝင် သရုပ်ဆောင်ခဲ့ကြတဲ့ အာနိုးနဲ့ လင်ဒါ ဟာမီတန်တို့ ပြန်လည်ပါဝင်လာခဲ့ပါတယ်။

20 century fox
20 century fox

အသက် ၇၁ နှစ်အရွယ် မင်းသားကြီးနဲ့ ၆၂ နှစ်အရွယ် မင်းသမီးကြီးတို့ဟာ ၁၉၈၄ ခုနှစ် မူလ ရုပ်ရှင်ကတည်းက အတူတကွ စတင်ပွဲထွက်ခဲ့ကြတာဖြစ်ပါတယ်။ လင်ဒါကတော့ ၁၉၉၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Judgement Day ဇာတ်လမ်းထဲမှာ ဆက်လက်ပါဝင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Terminator Salvation မှာတော့ နောက်ခံ အသံသာ ပါဝင်ခဲ့ပါတယ်။

READ
ခက်ခက်ခဲခဲရောက်ခဲ့တဲ့ နေရာလေးမှာ အမိုက်စား ဓာတ်ပုံတွေရိုက်ခဲ့တဲ့ မေပန်းချီ
20 century fox
20 century fox
20 century fox

အခု ဇာတ်ကားကို Deadpool ဒါရိုက်တာ တင်မ် မေလာက ရိုက်ကူးပြီး ပရိုဂျူဆာကတော့ ဂျိမ်းစ် ကင်မရွန်ဖြစ်ပါတယ်။ မက်ကန်းဇီ ဒေးဗစ်နဲ့ နာတာလီယာ ရေးယက်စ်တို့ကတော့ သရုပ်ဆောင်အသစ်တွေအဖြစ် ပါဝင်လာခဲ့ပါတယ်။

20 century fox
20 century fox

ဒီ ဇာတ်ကားက ထုတ်လုပ်ရေးရဲ့ ၆ ကြိမ်မြောက် အားထုတ်မှုဖြစ်ပြီး The Terminator ၊ Terminator 2 တို့နဲ့ တိုက်ရိုက် ဆက်စပ်မှုရှိတဲ့ ဇာတ်ကားဖြစ်ကြောင်း သိရပါတယ်။

Terminator: Dark Fate ကို  အောက်တိုဘာ ၂၃ ရက်နေ့မှာ စတင်ပြီး ယူကေမှာ ပြသမှာဖြစ်ပါတယ်။ ယူအက်စ်မှာတော့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြသမှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Matthew (ShweMOM)

SHARE