အသက် ၇၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာယဗလမောင်ဟောင်း၊ ရုပ်ရှင်မင်းသားကြီး Arnold Schwarzenegger ဟာ မကြာသေးခင်ကမှ နှလုံးသွေးကြောအဆို့ရှင်လဲလှယ်တဲ့ နှလုံးခွဲစိတ်မှုတစ်ခုကို အိုဟိုင်းယိုးပြည်နယ်မှာ ခံယူခဲ့ပါတယ်။ အခုဆိုရင်တော့ မင်းသားကြီးဟာ ကျန်းမာစွာနဲ့ လော့စ်အင်ဂျလိစ်နေအိမ်ကို ပြန်ရောက်နေပြီး အလုပ်တွေပြန်လုပ်နေပါပြီ။
Cinemablend သတင်းအရ မင်းသားကြီး Arnold ကို Muscle ကမ်းခြေတစ်လျှောက် mask တပ်ကာ စက်ဘီးနင်းလာတာ တွေ့ရပါတယ်။ သူဟာ နေပြန်ကောင်းလာပါပြီဆိုပြီး စက်ဘီးနင်းရင်းနဲ့ ပရိသတ်တွေဘက်လှည့်ကာ ပြောပြသွားခဲ့တာပါ။ ဒါကတော့ အင်စတာဂရမ်ပေါ်တွေ့ရတဲ့ သူ့ဗီဒီယိုလေးပါ။
View this post on Instagram
I just went on my first bike ride since my heart surgery, and I’m feeling good.
မင်းသားကြီးဟာ နှလုံးခွဲစိတ်မှုကို အောက်တိုဘာလမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆေးရုံကဆင်းလို့ နားနားနေနေတောင် မနေပါဘူး။ သူဟာ ခါတိုင်းလိုပဲ စက်ဘီးနင်းကျင့်လေ့ရှိတဲ့အတိုင်း LA ပတ်ဝန်းကျင် အနီးအနားတစ်လျှောက် စက်ဘီးနင်းနေတာဖြစ်ပါတယ်။သူ့ကြည့်ရတာတော့ ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာရှိပုံပါ။
ဒါပေမဲ့ မင်းသားကြီး Arnold အနေနဲ့ သူ့ခွဲစိတ်မှုအတွက် အချိန်အတိုင်းအတာတစ်ခုထိ အနားယူဖို့တော့လိုအပ်မယ်လို့ ယူဆရပါတယ်။ သူ့အနေနဲ့ နှလုံးကသွေးတွေကို ခန္ဓာကိုယ်အနှံ့ဖြန့်ဝေပေးတဲ့ အဆို့ရှင်ကိုလဲလှယ်ထားတာဖြစ်တဲ့အတွက် မင်းသားကြီးဟာ အရမ်းကို နေထိုင်လို့ကောင်းနေပုံလည်း တွေ့ရပါတယ်။
အောက်ဘက်ကတော့ သူ အောက်တိုဘာလတုန်းက နှလုံးခွဲစိတ်မှုခံယူထားတုန်းက ဓာတ်ပုံဖြစ်ပါတယ်။
အခုလို နှလုံးခွဲစိတ်မှုဟာ မင်းသားကြီး Arnold အတွက်တော့ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ သူဟာ ၂၀၁၈ခုနှစ်တုန်းကလည်း နှလုံးသွေးကြောအဆို့ရှင်တစ်ခုအတွက် ခွဲစိတ်မှုကြီးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ မင်းသားကြီး Arnold ဟာ မွေးကတည်းက နှလုံးမှာ aortic stenosis လို့ခေါ်တဲ့ နှလုံးချို့ယွင်းမှုတစ်ခုရှိနေတာဖြစ်ပြီး ဒီချို့ယွင်းချက်ကြောင့် သူ့နှလုံးဟာ သွေးကြောမကြီးရဲ့အဆို့ရှင်ဆီ သွေးတွေရောက်ဖို့ သာမန်ထက်ပိုပြီး အားစိုက်ညှစ်ထုတ်ရတယ်လို့လည်း သိရပါတယ်။
ShweMom