ပရိသတ်တွေအပေါ် အမြတ်ထုတ်တယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ မင်းသားကြီး အာနိုး

[email protected] schwarzenegger

လူတိုင်းလူတိုင်းမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေ၊ Idol တွေဆိုတာ ရှိတတ်ပါတယ်။ ကိုယ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်ကို အပြင်မှာ ရုတ်တရက်တွေ့ရင် ဓာတ်ပုံအတူတူ ရိုက်ချင်တာကတော့ လူတော်တော်များများရဲ့ ဆန္ဒပါပဲ။ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ အနုပညာရှင်က ဒီလိုမျိုး ကိုယ်နဲ့တွေ့ပြီး ဓာတ်ပုံအတူတူရိုက်ဖို့ ပိုက်ဆံတောင်းရင် စိတ်ထဲမှာတော့ တော်တော်ကသိကအောက် ဖြစ်သွားမျာ အမှန်ပါပဲ။ အခုလည်း ကမ္ဘာကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အာနိုးကြီးဟာ အဲဒီလိုနည်းနဲ့ ပရိသတ်တွေအပေါ် အမြတ်ထုတ်တယ်ဆိုပြီး လူတော်တော်များများရဲ့ ဝေဖန်ခြင်းကို ခံနေရကြောင်း The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက အာနိုးကြီးတစ်ယောက် အင်္ဂလန်နိုင်ငံ၊ Birmingham မြို့ရှိ အခမ်းအနားတစ်ခုသို့ သွားရောက်ခဲ့ပါတယ်။ အဆိုပါပွဲမှာ အာနိုးဟာ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး ဓာတ်ပုံ၇ိုက်တာတို့၊ လက်ဆွဲနှုတ်ဆက်ပြီး ဖက်လှဲတကင်း စကားပြောတာတို့ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါပွဲမှတြင် အာနိုးဟာ ပရိသတ်တွေနဲ့ တွေ့ဆုံတဲ့ အချိန်ခဏလေးမှာတင် ပေါင် ၇၅,၀၀၀(မြန်မာငွေ သိန်းထောင့်လေးရာနီးပါး) ရရှိခဲ့ကြောင်း သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူနဲ့ ဓာတ်ပုံရိုက်၊ လက်ဆွဲနှုတ်ဆက်တဲ့ ပရိသတ်တိုင်းဟာ အာနိုးကို ပိုက်ဆံပေးရလို့ပဲ ဖြစ်ပါတယ်။

READ
ဝန်ထမ်းတိုင်း Dress code ၀တ်ရမယ့်စည်းကမ်းကို ဖျက်သိမ်းလိုက်တဲ့ ဂျပန်ကုမ္ပဏီ

 

အဆိုပါပွဲကတော့ Helth fitness and nutrition လို့ အမည်ရတဲ့ အခမ်းအနားတစ်ခုဖြစ်ပြီး အဆိုပါပွဲကို Body-builder သမားတွေ၊ အလေးမတဲ့သူတွေ၊ Gym နည်းပြတွေ၊ လက်ဝှေ့သမားတွေ အစရှိတဲ့ အားကစားသမားတွေ တက်ရောက်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ဘယ်သူမဆို အာနိုးနဲ့ ဓာတ်ပုံအတူတူရိုက်ပြီး လက်ဆွဲနှုတ်ဆက်မယ်ဆိုရင် ပေါင် ၇၅၀ ပေးဆောင်ရတာ ဖြစ်ပါတယ်။ အဆိုပါ ကိစ္စဟာ အာနိုးရဲ့ ပရိသတ်တော်တော်များများဆီ ပျံ့နှံ့သွားခဲ့ပြီး အာနိုးကို ပရိသတ်တွေအပေါ် အမြတ်ထုတ်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ဝိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။

READ
သမီးရဲ့မင်္ဂလာပွဲအတွက် လန်ဒန်ကို တစ်ယောက်တည်းခရီးထွက်လာတဲ့ မီဂန်ရဲ့ဖခင်

 

Pyi Hein Kyaw

SHARE