“Total Recall” ရိုက်ကွင်းမှာ အခန့်မသင့်သေသွားနိုင်လောက်တဲ့ အက်စီဒင့်ဖြစ်ခဲ့တဲ့ အာနိုး

Instagram- @schwarzenegger

အာနိုးမင်းသားကြီးကိုတော့ မသိသလောက်ပါပဲနော်။ ဒါဆို သူ့ရဲ့ ၁၉၉၀ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ “Total Recall” ဆိုတဲ့ အက်ရှင်ကားကိုရော ကြည့်ဖူးတဲ့လူရှိဦးမလားမသိဘူး။ ဇာတ်လမ်းကတော့ Douglas Quaid ဆိုတဲ့ အမျိုးသားတစ်ဦးဟာ Mars ကိုသွားခဲ့တဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ ပြန်သတိရသွားခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သားတစ်ဦးအကြောင်းကို ရိုက်ကူးထားခဲ့တာပါ။

Instagram- @schwarzenegger

သိကြတဲ့အတိုင်း အာနိုးကားဆိုတာနဲ့ အက်ရှင်နဲ့ ဖိုက်တင်ခန်းတွေကတော့ မပါမဖြစ်ပါပဲ။ အာနိုးမင်းသားကြီးဟာ သူ့ရဲ့ဖိုက်တင်ခန်းတွေရဲ့ စတန့်ကွက်တွေကို လူစားထိုးလေ့မရှိဘဲ ကိုယ်တိုင်ကိုယ်ကျ လုပ်တတ်တဲ့ သူတစ်ယောက်ပါ။ ဒါကြောင့် အဲဒီ Total Recall မှာလည်း ကိုယ်တိုင်ပဲ အက်ရှင်ခန်းတွေကို သရုပ်ဆောင်ခဲ့ပါတယ်တဲ့။

ဇွန်လ ၁ ရက်နေ့တုန်းကတော့ အာနိုးရဲ့ Total Recall ဟာ နှစ် ၃၀ ပြည့်သွားခဲ့ပါပြီ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မေလ ၁၈ ရက်နေ့တုန်းက အစီအစဉ်တစ်ခုမှာ အမှတ်တရတွေအကြောင်း ပြောပြခဲ့ပါတယ်။ Jimmy Fallon ရဲ့ The Tonight Show Starring Jimmy Fallon ဆိုတဲ့ အစီအစဉ်မှာ အင်တာဗျူးလုပ်ရင်း ပြောပြသွားခဲ့တာပဲဖြစ်ပါတယ်။

READ
Xbox သီချင်းနဲ့ အမိုက်စားကထားတဲ့ ဗီဒီယိုလေးတင်လိုက်တဲ့ နန်းအမရာ

ဖြစ်ပုံကတော့ ရထားပေါ်မှာ လူဆိုးတွေနဲ့ချရတဲ့အခန်းပါ။ ရထားပေါ်ကနေ အောက်ကို ခုန်ဆင်းမယ့်နေရာမှာ ရထားမှန်ကိုကိုယ်နဲ့တိုက်ခွဲပြီးမှ ခုန်ဆင်းရမယ့် အခန်း။ အဲဒီအခန်းဟာ ပုံမှန်ဆိုရင် မှန်ကို အာနိုးခန္ဓာကိုယ်နဲ့ ဝင်မတိုက်ခင် သေနတ်နဲ့ပစ်ဖောက်ပြီး အချိန်ကိုက်ခွဲလိုက်ရမှာပါတဲ့။ ဒါကို တိုင်မင်တွေလွဲသွားခဲ့ပြီး သေနတ်မပစ်လိုက်ခင်မှာ သူဟာ မှန်တည့်တည့်ကို ဝင်တိုက်လိုက်တဲ့အတွက်ကြောင့် မှန်ကွဲပြီး သူ့ခန္ဓာကိုယ်ထဲကို မှန်စတွေ စိုက်ကုန်ပါတော့တယ်။

အဆိုးဆုံးကတော့ လက်ကောက်ဝတ်ပါပဲတဲ့။ အကယ့်အရေးကြီးတဲ့နေရာကိုမှ မှန်ကွဲစဟာ နက်နက်ကြီးကို စိုက်သွားခဲ့တာပါ။ တကယ်ကံကောင်းလို့ အခုဒီရှိုးမှာ မြင်နေရတယ်ဆိုပြီး ပြောခဲ့ပါတယ်။ နောက် အဲဒီအဖြစ်အပျက်ဟာ ရုပ်ရှင်ရိုက်လို့ဖြစ်ခဲ့တဲ့ မတော်တဆထိခိုက်ဒဏ်ရာတွေထဲ အကြီးကျယ်ဆုံးပါပဲတဲ့။

READ
Taylor Swift အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ Selena နဲ့ Karlie

Penny

SHARE